Monday, March 3, 2014

ထူးကြီးမူးကြီး ဆွေးနွေးခန်း ( ချာတိတ် ) သရ၀ဏ်(ပြည်)



ထူးကြီးမူးကြီး ဆွေးနွေးခန်း ( ချာတိတ် )

သရ၀ဏ်(ပြည်)

ထူးကြီးနှင်.မူးကြီးတို.နှစ်ယောက်သည် တပ်မတော်မှလက်မခံသဖြင်.ယောင်လည်ယောင်လည် ဖြစ်နေရာမှ ထူးကြီးသည် ရုတ်တရက် အကြံရကာ ထခုန်လိုက်၏ ။

ထူးကြီး- အောင်ပြီ ၊ အောင်ပြီ မူးကြီးရေ

မူးကြီး- ဘာဖြစ်တာတုန်းဟ ၊ နင်.နှမ လေးတန်းအောင်လို.လား ။ဒါမှမဟုတ် Minute to win အစီအစဉ်မှာ Game Over အောင်သွားတာလား

ထူးကြီး- တစ်ခုမှမဟုတ်ဘူး ၊ ငါတို.ဘ၀ ရပ်တည်ရေးအတွက် အိုင်ဒီယာရပြီလို.ဆိုလိုချင်တာ ။

မူးကြီး- တယ်ဆိုတဲ.စာပါလား ၊လုပ်စမ်းပါဦး ငါတို.မှာ အလုပ်လဲမရှိတော.ဘူး ၊ အိမ်လဲ အစိုးရကကျူးကျော်ဆိုပြီးဖျက်လိုက်ပြီ ၊ လယ်တွေလဲ စီမံကိန်းနဲ.မလွတ်လို. အသိမ်းခံလိုက်ရပြီ ၊ ငါ.ဘကြီး ဂျာနယ်တိုက်မှာ အလုပ်လုပ်မယ်ဆိုတော.လည်း သူတောင် လျှို.၀ှက်သောနှင်းဥပဒေနဲ.အဖမ်းခံထားရတယ် ဟ ။ဒီကြားထဲအနေအစားချောင်မလားလို. တပ်မတော်ကိုသွားဝင်တော.လည်း အသက်ကြီးနေလို.ဆိုပြီးလက်မခံဘူး ။ မင်းကအခုအကြံရပြီဆိုတော.ဘာအကြံတွေရတာလဲ

ထူး- ဒီလိုကွ မူးကြီးရ ၊ မင်းလဲသိသားပဲ ဒို.မြန်မာနိုင်ငံဟာ ဗုဒ္စဘာသာထွန်းကားတဲ.နိုင်ငံဟ ၊ ရဟန်းသံဃာတော်တွေကို လူတွေကအင်မတန်ကြည်ငြိုတယ်ဟ ။ နေ.စဉ်စားဝတ်နေရးအတွက် ဘယ်အိမ်တက် ပြီးဆွမ်းခံဆွမ်းခံ ၊ ဆွမ်းတစ်လုပ် ၊ ဆွမ်းဟင်းတစ်ခွက်ကတော. လောင်းလိုက်တာပဲ ။ ဒီကြားထဲ ကထိန်တို. ၊၀ါဆိုသင်္ကန်းတို. ၊ စာရေးတံမဲတို. ၊ မင်္ဂလာဦးဆွမ်းကျွေးတို. ၊အိမ်တက်တို. ၊ အသုဘရက်လည်တို. စတဲ.ခွင်တွေကရှိသေးတယ်နော် ။ ဘုန်းကြီးဘ၀ဟာ စားပေါက်စားလမ်းအင်မတန် ဖြောင်.ဖြူးတယ်မောင် ။ ဒီတော. မင်း စိတ်ကူးမလွဲနဲ. အသက် ၂၀ ကျော်တဲ. ဗုဒ္စဘာသာယောက်ကျားမှန်သမျှ မြင်.မြတ်တဲ.ရဟန်းဘ၀ကိုတက်လှမ်းခွင်.ရှိတယ်မောင် ။ ဒီတော. မင်းရယ်ငါရယ် မြောက်ဥက္ကလာ ဇဗ္ဖူအေးကျောင်းတိုက်ထဲက အာရုံသစ်ကျောင်းဆောင်မှာ ဘုန်းကြီးသွားဝတ်ကြရင်ကောင်းမယ်ထင်တယ်ကွ

မူး- ကောင်းတယ်ကွာ ၊အဲဒိကျောင်းမှာ စာရေး ဆရာ ပဉ္စမံဒီရိုင်းလဲ လောကီကိုငြီးငွေ.ပြီး ၀ိပဿနာတရားကိုအပြင်းအထန်အားထုတ်နေတာ ရဟန်းကိစ္စတောင်ပြီးတော.မလိုလိုကြားကြသတဲ .

ထူး- တယ်ဟုတ်ပါလား ၊ ဟိုနေ.ကတောင်ငါ ဦးဇင်းပဉ္စမံ ကို ဘုမ္မာလမ်းထိပ်က လက်ဖက်ရည်ဆိုင်မှာတွေ.ခဲ.ပါသေးတယ် ၊ ပေါ်ပြူလာဂျာနယ်တိုက်မှာလဲတွေ.ခဲ.တယ်မောင်

မူး- ဒါက နေ.ရောညပါတရားထိုင်ရတာ အရမ်းညောင်းညာလာလို. လေကောင်းလေသန်.ထွက်ရှူတာနေမှာပေါ.ကွာ ။မသိဘဲနဲ.ရမ်းမဝေဖန်ပါနဲ. ၊ ကဲပါ မင်းအကြံမဆိုးပါဘူး ။ ငါတို.နှစ်ယောက်သူ.ကျောင်းမှာဘုန်းကြီးသွားဝတ်ကြရအောင်ကွာ ။

ထူးကြီးနှင်.မူးကြီးသည် ကြံမိကြံရာအကြံများကို တွေးတောကြံစည်ကြပြီး အလွန်အားရကြေနပ်လှသောကြောင်. မြောက်ဥက္ကလာ ဇဗ္ဘူအေး ကျောင်းတိုက်သို.ချီတက်ခဲ.လေသည် ။ ထိုကျောင်းတိုက်တွင် တိုက်အုပ်ဆရာတော်နှင်.တွေ.ရာ ရဟန်းဘောင်ဝင်လိုသော ထူးကြီးနှင်.မူးကြီးကို ဆရာတော်က သံဃာဘောင်သို. မ၀င်မီသိသင်.သိထိုက်သည်များကို ဆုံးမသြ၀ါဒပေးလေသည် ။

ဆရာတော် - လူမှာ လူ.စည်းကမ်းရှိသလို ၊ရဟန်းမှာလည်း ရဟန်းစည်းကမ်းရှိတယ် ။ လူမှာ အားလုံးလိုက်နာရမယ်. ဥပဒေရှိသလို ၊ ရဟန်းမှာလည်း ဘုရားဥပဒေတော်ကြီးလို.ခေါ်တဲ. ၀ိနည်း ဆိုတာရှိသကွဲ.မောင်ရင်တို.

ထူး - မှန်လှပါ ရဟန်းဥပဒေတော.မပြောတတ်ပါ ၊လူ.ဥပဒေကတော. မျှော.ကြိုးလို ဆွဲရင်ဆန်.တယ် ၊ လျှော.ရင် ကျုံ.၀င်သွားပါတယ်ဘုရား

မူး- ဟုတ်ပါတယ် ဘုရား ၊လူ.လောကဥပဒေဆိုတာ ငွေများတရားနိုင်လို. မသိနားမလည်တဲ.လူတွေကထင်နေကြပါတယ် ၊ တကယ်တော. ငွေများတရားနိုင်ဆိုတာ အရင်ခေတ်ကပါဘုရား ၊ အခုခေတ်မှာတော. ငွေနည်းတရားရှုံး ပါဘုရား

ထူး- မှန်ပါ.ဘုရား ဥပဒေအထက်မှာရပ်နေတဲ.သူတွေလဲရှိပါတယ်ဘုရား

မူး- ဥပမာ ပြိုင်ကားပိုင်ရှင်တွေပေါ.ဘုရား ၊ အမှူကျူးလွန်တာ ကားပဲမိတယ် ၊လူကတော. မဟာမြိုင်တောအုပ်ထဲကို အရှင်ထွက် ထွက်သွားပါတယ်ဘုရား

ဆရာတော်- ဟယ် ..တော်ကြစမ်း ၊ ကိုယ်နဲ.ဆိုင်တာပဲပြော ၊ မဆိုင်တာတွေမပြောနဲ. ၊ နင်တို.ဘုန်းကြီးဝတ်မယ်ဆို ရင် ၀ိနည်းလိုက်နာရမယ် ။ ၀ိနည်းဖောက်ဖျက်ရင် အပြစ်ရှိတယ် ၊အာပါတ်သင်.တယ် ။ အာပါတ်က ( ၇ ) မျိုးရှိတယ် ။ နင်တို. ပါစိတ်အာပါတ်သိကြလားဟဲ.

ထူး- ပါစိတ်ဆိုတာ ချာတိတ်ပါဘုရား

ဆရာတော်- တယ် ….ငါလုပ်လိုက်ရသေတော.မယ် ။ နင်.ကိုဘယ်သူက မဟုတ်ကဟုတ်ကသင်ပေးတာလဲ

ထူး- တစ်ချို.ကိုယ်တော်တွေပြောသံ နားစွန်နားဖျားကြားဖူးတာပါ ။ သူတို.အချင်းချင်း အာပါတ်သင်.တဲ.အကြောင်းပြောရင် ပါစိတ်ဆိုတာ ချာတိတ်အဆင်.ပဲရှိတဲ.အသေးစားအာပါတ်တဲ. ၊ လွယ်လွယ်နဲ.ဖြေလို.ရသတဲ.

မူး- တချို.ကိုယ်တော်တွေကလဲ အရက်မူးပြီး ဓါးကိုင် အလှူခံလို. လူဝတ်လဲလိုက်ရတာတွေတောင်ကြားလာရပြီဘုရား ၊ ပါစိတ်ဟာတကယ်ချာတိတ်လားဘုရား

ဆရာတော်- ချာတိတ်ကနေ ဆရာကြီးအဆင်.ရောက်သွားနိုင်တယ် ၊ အာပါတ်ကိုငယ်တယ်လို.သဘောမထားရဘူး ။ မကျူးလွန်မိအောင် ထိန်းရမယ် ။ တမင်သိသိနဲ. ကျူးလွန်ရာမရောက်သင်.ဘူး ။ ပါရာဇိက ၊ သံဃဒိသေသ် ၊ ထုလ္လစဉ်း ၊ ပါစိတ် ၊ ပါဋိဒေသနီ ၊ ဒုက္ကဋ် ၊ ဒု ဗ္ဘာသီ တဲ. ၊ မှတ်ထားကြ အာပါတ်ခုနစ်မျိုးရှိတယ် ၊ အာပါတ် (၇)ဖုံမှာ ဒု ဗ္ဘာသိတထက် ၊ ဒုက္ကဋ် ဟာပိုပြီးအပြစ်ကြီးတယ် ၊ ဒုက္ကဋ်ထက် ပါဋိဒေသနီ ၊ ပါဋိဒေသနီထက် ပါစိတ် ၊ ပါစိတ်ထက် ထုလ္လစဉ်း ၊ ထုလ္လစဉ်းထက် သံဃဒိသေသ် ကအဆင်.ဆင်.ပိုပြီးအပြစ်ကြီးလေးတယ် ။ ပါရာဇိက အာပါတ်ဆိုရင်တော. ရိုးရိုးဖြေရုံနဲ.မပြေနိုင်တော.ဘူး ရဟန်းအဖြစ်ကစွန်.လွှတ်လိုက် မှပဲအပြစ်ကကြေတော.တယ် ။ ပါရာဇိကအာပါတ်သင်.သူဟာ သာသနာကနေဆုံးရှုံးရတယ် ၊ လူဖြစ်ရှုံးသူလို.ဆိုရလောက်အောင်ဖောက်ပြန်ပျက်စီးနေသူဟာ လူရာမ၀င်တော.သလို ၊ ရဟန်းအဖြစ်ဆုံးရှုံးအောင် ပါရာဇိကကျနေတဲ. သူဟာ ရဟန်းအရာမ၀င်တော.ဘူး ၊ ရဟန်းကောင်းတို.က အဲဒိသူနဲ.အပေါင်းအသင်းမလုပ်ကြတော.ဘူး ။ ပရာဇေတိ -သာသနာတော်မှဆုံးရှုံးစေတတ်သောကြောင်. ပါရာဇိကအာပါတ်မည်၏ လို. အဆိုရှိတယ်ဟ

ထူး- မှန်ပါ ။ ပါရာဇိက လေးပါးရှိတယ်လို.တော.ကြားဖူးတယ် ၊ဘာတွေတုန်းဘုရား

ဆရာတော်- ပထမပါရာဇိကကတော. ရဟန်းဖြစ်လျက်မေထုန်မှီဝဲတာကိုတားမြစ်ထားတာပါ ၊ အကြင်ရဟန်းသည် မေထုန်မှီဝဲအံ. အယုတ်သဖြင်. (ယုတ်စွအဆုံး ) တိရိစ္ဆာန်မ၌ဖြစ်စေ မှီဝဲအံ. ထိုရဟန်းသည်ပါရာဇိကကျ၍ ရဟန်းကောင်းတို.နှင်.ပေါင်းသင်းဆက်ဆံမှု (ကံကြီးကံငယ် ပြုမှု) မရှိစေရလို. ဘုရားကပညတ်ထားပါတယ်

မူး- ဒါပေမယ်.ဘုရား ၊ ဦးပဉ္ဖင်း ပဉ္စမံဒီရိုင်းကျတော. ဟိုဥစ္စာ ၊ဟိုဒင်း

ဆရာတော်- ဟဲ.ကောင်တွေ ၊သူတော်ကောင်းကိုမစော်ကားနဲ. ဟဲ .၊ ကိုယ်.ကိစ္စကိုယ်ပြော

ထူး- ပါရာဇိက ၊ ဒုတိယတစ်မျိုးကရောဘုရား

ဆရာတော်-ေ၇ွှငွေကြေးနီပေါင်းစပ်ထားတဲ. ငါးပဲသား (သို.မဟုတ်)ငွေစင်တစ်မတ်သား တန်ဖိုးရှိသောပစ္စည်းဖြစ်စေ ၊ထိုထက်ပိုသောပစ္စည်းကိုခိုးလျှင်ဖြစ်စေ ပါရာဇိကကျတယ် ဒကာ ထူးကြီး ။

မူး- မလွယ်ပါလားကိုယ်တော် ၊ ဒါနဲ. တတိယပါရာဇိကကရောဘုရား

ဆရာတော်- လူကိုသတ်ရင်ပါရာဇိကကျတယ်မောင်မူး ၊ လူသတ်တယ်ဆိုရာမှာ လူစင်စစ်လဲဖြစ်ရမယ် ၊ လူပါလားလို.လဲ သိရမယ် ၊ သေစေလိုတဲ.စိတ်လဲရှိရမယ် ၊ ကိုယ်တိုင်သော်လည်းကောင်း နှုတ်နဲ.အမိန်.ပေး၍သော်လည်းကောင်း သတ်ရမယ် ။ အသတ်ခံရတဲ.သူဟာသေလဲသေခဲ.မယ်ဆိုရင် အဲဒိရဟန်းဟာ ပါရာဇိကကျပြီ မောင်မူး ၊ သူ.ကိုရဟန်းလို.မခေါ်နိုင်တော.ဘူး

ထူး- မလွယ်ပါလားဆရာတော် ၊ ကိုယ်ဝန်ကျဆေးပေးတဲ.ကိုယ်တော်တွေ ၊ကိုယ်ဝန်ဖျက်ချခိုင်းတဲ. ကိုယ်တော်တွေ သတိထားစရာပဲ ။နောက်ဆုံး စတုတ္ထမြောက်ပါရာဇိက ကရောဘုရား

ဆရာတော်- အေး စတုတ္ထမြောက်ပါရာဇိကကတော. မဂ်ဥာဏ် ဖိုလ်ဥာဏ် တစ်ကယ်မရပဲ ၀ါကြွားလိမ်ညာလိုတဲ.သဘောနဲ. ငါ ရဟန္တာဖြစ်နေပြီ ၊ မဂ်ဥာဏ် ၊ဖိုလ်ဥာဏ်ရနေပြီ စသဖြင်. လိမ်ညာဟန်ဆောင်ခဲ.ရင် ပါရာဇိကကျတယ် ဒကာတော် ။ အသေးစိတ်ကိုတော. အရှင်ဇနကာဘိဝံသရေးတဲ. ဘုရားဥပဒေတော်ကြီးစာအုပ်မှာ ဖတ်ကြည်.ပေတော. ရဟန်းတွေလိုက်နာရမယ်. ၀ိနည်းသိကာ သိက္ခာပုဒ်တွေက (၂၂၇ )သွယ်တောင်ရှိတယ် ။

မူး- ဘုန်းကြီးလုပ်ရတာတယ်မလွယ်ပါလား ၊ ၀ိနည်းတော်ကလည်း များမှများ မလိုက်နာနိုင်ရင်လဲ အာပါတ်သင်.မှာက ( ၇)မျိုးတောင် ၊ အာပတ်မစင်ပဲကွယ်လွန်ခဲ.ရင်လဲ လားရာဂတိကောင်းမှာမဟုတ်ဘူး ၊အကျင်.သီလမရှိပဲ ဒကာ ဒကာမတွေလှူတာကိုစားရင်လဲ သံတွေခဲကိုမျိုရသလိုဖြစ်မယ်

ထူး- အေးကွ ၊လူဝတ်ကြောင်ဘ၀နဲ.ငါတို.ဘာသာ ရှပ်ကီ ကစ်နေတာပဲကောင်းတယ်

မူး- အနေအစားချောင်မယ်မှတ်လို. ဘုန်းကြီးဝတ်မယ်ပြောတာ ၊ဒီလောက်စည်းကမ်းတွေ များမှန်းသိရင် မ၀တ်တော.ဘူးဘုရား ။တပည်.တော်တို.ဘာသာ လူဝတ်ကြောင်နဲ. ထင်ရာလုပ်နေတာပဲကောင်းတယ် ။ ဘုန်းကြီးဝတ်တယ်ဆိုတာ သာသနာ.၀န်ကိုတကယ်ထမ်းနိုင်မှကောင်းပါတယ် ။အပျော်သဘောဝတ်တာမကောင်းပါဘူး ။ ၀ိနည်းကိုတကယ်လေးစားလိုက်နာနိုင်မှကောင်းပါတယ် ဘုရား ။

ဆရာတော်- မင်းတို.ပဲ သာသနာ.ဘောင်ကိုဝင်ချင်လို.ဆို ၊လာလေကွာ ငါစီစဉ်လိုက်မယ်

ထူး- တော်ပါပြီဘုရား တပည်.တော် အိမ်ဂျလီနာဂျိုလီနဲ.ချိန်းထားတာလေးရှိလို.သွားလိုက်ပါဦးမယ်ဘုရား ၊ နောက်မှလာဝတ်ပါ.မယ်

မူး- တပည်.တော်ကို ၀တ်မှုန်ရွှေရည်က ချိန်းထားလို. ပါဘုရား ၊ခွင်.ပြုပါဦး

ထူးကြီးနှင်.မူးကြီးသည် သူတို.ကိုဘုန်းကြီးဝတ်ပေးမည်စိုးသဖြင်. ဘုန်းကြီးကို ဦးပေါက်ဆိန်ချပြီးထွက်ပြေးလာကြလေသတည်း ။

သရ၀ဏ်(ပြည်)

No comments:

Post a Comment