Friday, March 7, 2014

ထူးကြီးမူးကြီး (လာဘ်ပေးလာဘ်ယူတိုက် ဖျက်ရေး ) သရ၀ဏ်(ပြည် )



ထူးကြီးမူးကြီး (လာဘ်ပေးလာဘ်ယူတိုက် ဖျက်ရေး )

သရ၀ဏ်(ပြည် )

ထူးကြီး- ဟေ.ကောင် မူးကြီး မင်းခုတလော လမ်းလျှောက်ရင် မြောက်ကြွမြောက်ကြွနဲ. ခြေဖနောင်.သံစူးထားသလိုပဲ ၊ ဘယ်လိုများဖြစ်နေသလဲဟ

မူးကြီး- မင်း ဒီနေ.ကစပြီး ငါ.ကိုရိုရိုသေသေဆက်ဆံကွာ ၊ ငါအရင်မူးကြီးမဟုတ်တော.ဘူးကွ

ထူးကြီး- အရင်မူးကြီးမဟုတ်ရအောင် ၊အသေထွက်ထွက်ပြီး နတ်ဘ၀များ ရောက်သွားလို.လားဟ ။ ကိုယ်တော်ကြီး ၊ကိုယ်တော်လေးနဲ.အပြိုင် ကိုယ်တော်မူးကြီး များ တစ်ပါးတိုးလာလို.များလား

မူး- မသိရင်ရမ်းမပြောနဲ.ကွ ။ ငါအခု အစိုးရကခန်.တဲ. ရာထူးကြီးကြီးတစ်ခုရထားတယ် ။ ငါတို.ရပ်ကွက်က အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်မှာ ငါ.ကို ရာထူးကြီးကြီးနဲ.ဆွဲခန်.တစ်နေရာပေးထားတယ်မောင် ။ ဒါကြောင်.ရိုရိုသေသေဆက်ဆံလို.ပြောတာ ။

ထူး- ဟင် …တယ်ဟုတ်ပါလား ၊ ဒါဆို ငါ.ကို လဲ မင်းတို. လာဘ်ပေး လာဘ်ယူ တိုက်ဖျက်ရေးကော်မရှင် ရပ်ကွက် အဖွဲ.မှာ အဖွဲ.၀င်တစ်နေရာလောက်ရအောင် လူကြီးကိုပြောပေးပါလား ။မင်းကို ၀ီစကီကောင်းကောင်း နေ.တိုင်းတိုက်ပါ.မယ် ။

မူး- အေး ၊ဒါတော.ဘာမှမပူနဲ. ငါပြီးရင်ပြီးတယ် ၊ ဒီလိုလုပ် ဒီအဖွဲ.မှာ ငါကဥက္ကဌလုပ်မယ် ။မင်းကအတွင်းရေးမှူးလုပ် ။

ထူး- ကောင်းလှချည်လားဥက္ကဌရယ် ၊ ကဲ ဒါဆိုဒို. ဘာကဘယ်လို အလုပ်စလုပ်ကြမလဲ

မူး- ငါတို.က ရပ်ကွက်ကော်မရှင်ဆိုတော. နိုင်ငံတော်အဆင်.တွေ ငါတို.နဲ.မဆိုင်ဘူး ၊ရပ်ကွက်ထဲက အဂတိလိုက်စားတာတွေကိုပဲဖော်ထုတ်အရေးယူရမယ် ၊ အဲဒိတော. ဒို.လမ်းထဲမှာ အရမ်းချမ်းသာနေတဲ. အရက်ဆိုင်ပိုင်ရှင် ဦးပွကြီးကို အရင်ဆုံးစပြီး ခုံရုံးဖွဲ.စစ်ရင်မကောင်းဘူးလား

ထူး- သက်(စ်) အောရိုက် ၊ဘဲဖင်နှိုက် ။ အရမ်ကောင်းပါတယ် ဥက္ကဌ ကြီး ။

ထိုသို.ဖြင်. ထူးကြီးနှင်.မူးကြီးသည် အရက်ဆိုင်ပိုင်ရှင် ဦးပွအားအောက်ပါအတိုင်း စစ်ဆေးကြလေ၏ ။

မူး- ကဲ မှန်မှန်ဖြေဦးပွ ။ခင်ဗျားချမ်းသာလာတာ ဘာကြောင်.လဲဆိုတာ ပြောစမ်း ။ ရီးတီးယားတားတော.လုပ်မယ်မကြံနဲ.

ဦးပွ- ဘာဖြစ်လာပြန်တာတုန်းဟ မူးကြီးနဲ.ထူးကြီးရ ၊ ငါအရက်ရောင်းလို.ချမ်းသာလာတာ တစ်ရပ်ကွက်လုံးအသိဟ ။မင်းတို.လဲအသိမဟုတ်လား

ထူး- အရက်ထဲကိုခင်ဗျားရေတွေရောရောင်းတယ်မဟုတ်လား ။

မူး- ပြီးတော. အရက်အတုတွေကို တံဆိပ်တွေလျှောက်ကပ်ပြီးရောင်းနေတာမဟုတ်လား ။

ပွ- ဘာ ငါကအရက်ထဲရေရောသတဲ.ဟုတ်လား ၊ တံဆိပ်အတုတွေ ရောင်းတယ်ဟုတ်လား ။ ဟုတ်တယ်ကွာ ရောင်းတယ် ။ ဘာဖြစ်လို.လဲပြောရဦးမလား ။ငါ.ဘာသာ ရိုးရိုးသားသားအရက်ရောင်းနေတာကိုမင်းတို.နှစ်ယောက်ပဲ ဦးပွရယ်တဲ. ကျွန်တော် ထူးကြီးနဲ.မူးကြီး အရက်သောက်စရာပိုက်ဆံမရှိလို.အကြွေးရောင်းပါတဲ. ၊ အဲဒိအတွက်အရက်ထဲရေရောနည်းတွေ ၊အရက်တုလုပ်နည်းတွေ သင်ပေးပါ.မယ်ဆိုတာဘယ်လူလဲ ။ မင်းတို.သင်ပေးပြီးအခုမှ မင်းတို.ကပြန်စစ်မလို.လား ။ ဒါဆို ငါ.အရက်ကြွေးတွေ ၊အမြည်းဖိုးတွေ အကြွေးခုဆပ် ။ ငါမှတ်ထားတာမနည်းတော.ဘူး ။ မိန်းမရေ ငါ.အကြွေးစာရင်းစာအုပ်ယူခဲ.ပါဟေ. ။

ထူး- နေ..နေ…နေပါစေ ဦးပွကြီးရယ် ၊တစ်ခြားလူတွေမှမဟုတ်တာ ကိုယ်.အချင်းချင်းတွေပဲ မစစ် …မစစ်တော.ပါဘူး ။

မူး- ဟုတ်ပါတယ်ဦးပွကြီးရယ် အကြွေးစာရင်းတော.မလှန်ပါနဲ. ။ ဦးပွကြီး သမ္မာအာဇီဝနဲ.ချမ်းသာလာတာ ကျွန်တော်တို.သိပါတယ် ။အခုဟာက ဟိုဘက်လမ်းက အရက်သမား ကိုဝင်းကျော်ကြီးက တိုင်ထားလို.ပါ ၊ ဒါကလည်းသူ.ကိုအရက်အကြွေးမရောင်းလို.မနာလိုဖြစ်ပြီးတိုင်တာနေမှာပါ ။ တာ.တာ. သွားလိုက်ပါဦးမယ် ။

ထို.နောက်ထူးကြီးနှင်.မူးကြီးသည် လမ်းထိပ်ကုန်မာဆိုင်မှ ဦးဆာမိထံသွားပြန်သည် ။

ထူး- အားတော.နာပါတယ် ကိုဆာမိရေ ၊ ဒါပေမယ်.ကျုပ်တို.ကလည်းအခု ကော်မရှင်အဖွဲ.၀င်တွေ ဖြစ်နေပြီး နိုင်ငံတော်တာဝန်နဲ.ဖြစ်လာပြီဆိုတော. အဂတိလိုက်စားမှုနဲ.ပါတ်သက်ပြီး အင်ဘက်စတီဂိတ် လုပ်ချင်လို.ပါ ။

မူး- ရက်(စ်) ..ရက်(စ်)….. သက်အစ် ၀ှိုင်း ၀ီအာဟီးယား

ဆာမိ- ဟီးယားတွေ ၊ အီးစားတွေကျုပ်မသိဘူး ၊။ ကော်မရှင်တွေ ကော်မသေတွေလဲကျုပ်နားမလည်ဘူး ။ ဘာတွေပြောနေကြတာလဲ

ထူး- ဒီမှာကိုဆာမိ … လိုရင်းကိုပြောရရင် ..ခင်ဗျား မှာ မယားငယ်နှစ်ယောက်ရှိတယ် ။ အဲဒါဘယ်လိုချမ်းသာလာတာလဲဆိုတာ ပြောပြစမ်း

မူး- ခင်ဗျား ဆိုင်မှာရောင်းတဲ.ပစ္စည်းတွေဟာ ခိုးရာပါတွေလို.လဲသတင်းသဲ.သဲ.ကြားတယ် ။ မလိမ်နဲ.မှန်မှန်ပြောစမ်း

ဆာမိ- ကျုပ်ဟာကျုပ်ကျွေး နိုင်လို. မယားနှစ်ယောက်ယူတာဘာဖြစ်လဲ ။ ခင်ဗျားတို.လဲ လိုချင်ရင်ယူကြပေါ. ။

ထူး- ခိုးရာပါပစ္စည်းတွေ လက်ခံပြီး ပြန်ရောင်းတာကျတော.ရော

ဆာ- ဒါက ဟုတ်တော.ဟုတ်တယ် ၊ပြောလို.မဖြစ်ဘူး

ထူး- ကဲမြင်တယ်မို.လား မူးကြီး ၊ ငါတို.ကိုထိမ်ချန်မလို.ကြိုးစားနေတယ် ။ ခင်ဗျားအပြစ်ပိုကြီးသွားမယ်နော် ။ မှန်မှန်ပြောစမ်း ။ခိုးရာပါပစ္စည်းကို ဘယ်လိုရသလဲ

ဆာမိ- မပြောပါရစေနဲ.ကွာ ၊မကောင်းပါဘူး ၊ပြဿနာရှိတယ်နော် ဟေ.ကောင် ။

ထူး- ထူးကြီးတဲ. ကော်မရှင်အတွင်းရေးမူး ကွ ၊ ဘာမှတ်လဲ ။ပြောစမ်း ဘယ်သူလာရောင်းသလဲ

ဆာမိ- တယ် ၊ဒီလောက်တောင်ရှိရင်လဲပြောပြီကွာ ။ ဒီမှာ ငါ.ဆိုင်ကိုသံချောင်းတွေခိုးခိုးပြီးလာရောင်းတာ တစ်ခြားလူမဟုတ်ဘူး ၊ အခုမင်းဘေးမှာရပ်နေတဲ. မူးကြီး ပဲ ။အရင်က ဒီကောင်မူးကြီး ဆောက်လုပ်ရေး ဆိုဒ်တစ်ခုမှာ ညစောင်.၀င်လုပ်သေးတယ် ။ အဲဒိမှာ ညတိုင်း သံချောင်းတွေခိုးထုတ်ပြီးငါ.ဆီနေ.တိုင်းလာရောင်းတာ ။ နောက်ဆုံးသူဌေးသိသွားလို.အလုပ်ပြုတ်သွားတာ ။ ဒါပေမယ်. သူဆက်သွယ်ပေးလို. နောက်ရောက်လာတဲ. ဒရ၀မ်ကလဲ Site ထဲကပစ္စည်းတွေခိုးပြီးငါ.ဆိုင်မှာပဲလာရောင်းတယ်ကွ ။ အဲဒိတော. ငါ.ကို အရေးယူရင် မင်းသူငယ်ချင်း မူးကြီးကိုလဲ ငါဖော်မယ် ။ မယုံရင်သူ.ကိုမေးကြည်. ။

ထူးကြီး- ဟုတ်သလား သူငယ်ချင်း

မူးကြီး- ဟုတ်တယ်ကွ ၊ ငါခိုးရောင်းတာအရင်ကပါကွာ ။အခု လိုလူကြီးဖြစ်ပြီးမှ ဒါတွေမလုပ်တော.ပါဘူး ။ သွား..သွား သွား လိုက်ပါဦးမယ် ကိုဆာမိကြီး

ထူး- ဆောရီးပါ ဂုရုကြီးဆာမိ

ထို.နောက် ထူးကြီးနှင်.မူးကြီးသည် လောင်းကစားဒိုင် မလုံး တို.အိမ်သို.ချီတက်လေသည် ။

ထူး- ဒီတစ်ခါတော.အပိုင်ပဲကွ ငါတော.ဇယားကင်းတယ် ။ နှစ်လုံးသုံးလုံး တစ်စက်မှဝါသနာမပါဘူး ။မင်းရော ကင်းရဲ.လား မူးကြီး

မူး- ၁၀၀ % ကင်းရှင်းတယ် ငါ.လူ ၊ မလုံးကိုတစ်ခါတည်းကုတ်လိုက်ရအောင် ။

ထူး- ကောင်းတယ် ၊လာမလုံး ရဲစခန်းကိုလိုက်ခဲ.စမ်း

မလုံး- သေနာကောင်တွေ ငါကဘာလို.ရဲစခန်းလိုက်ရမှာလဲ

မူးကြီး- နင် နှစ်လုံးထီရောင်းတယ်လေ ၊ နင်ဘာကြောင်.ချမ်းသာတယ်ဆိုတာ လက်ပူးလက်ကြပ်မိပြီ ။ဒို.နှစ်ယောက်က အဂတိလိုက်စားမှုတိုက်ဖျက်ရေး ရပ်ကွက်ကော်မရှင် လူကြီးတွေပဲ ။

မလုံး- နှစ်လုံး သုံးလုံးရောင်းရင် နင်တို.ကဖမ်းမှာသေချာလား

ထူး- ဥပဒေ အထုတ်တွင်ဘယ်သူမှမရှုတ် (အဲလေ ) ဥပဒေအထက်တွင် ဘယ်သူမှမရှိ ဆိုတာမကြားဖူးဘူးလား မလုံး ၊ နင်.ကိုခင်ပေမယ်. ဥပဒေကဥပဒေပဲခွင်.မလွှတ်ဘူး ။

မူး- ဟုတ်တယ် ။ ဂျူတီအစ် ဂျူတီပဲမလုံး ။

မလုံး- အေးဒါဆို ငါ.ကိုမဖမ်းခင် နင်တို.မယားတွေကိုအရင်ဖမ်းဟဲ. ။ နင်တို.အချိန်ရှိသရွေ.မူးရူးနေလို. ထမင်းငတ်နေတာကြောင်. နှစ်လုံးထီကွက်စားကလေများရောင်းပါရစေလို. ထူးကြီးမိန်းမရော ၊မူးကြီးမယားရော လာတောင်းပန်လို. ငါ.ဆီကနေ လက်ခွဲယူရောင်းနေကြတာဘယ်လောက်ကြာပြီလဲ ။နင်တို.သောက်နေတဲ.အရက်ဖိုးတွေက နင်.မယားတွေနှစ်လုံးထီရောင်းလို.ရတာဟဲ.

ထူး- ဟင်

မူး- ဟိုက်

မလုံး- ကဲဘယ်လိုလဲ အင်္ဂလိပ် လိုက်စားမှုတိုက်ဖျက်ရေးသမားကြီးတွေရဲ.

ထူး- အဂတိလိုက်စားမှုလုပ်ပါဗျ

မလုံး- ငါ.ဘာသာ အင်္ဂလိပ်ဖြစ်ဖြစ် ၊အဂတိဖြစ်ဖြစ်ဟယ် ။ မဖမ်းရင်လဲသွားတော. နင်တို.ရှိတာ လာဘ်ပိတ်တယ် ။ ရော.အရက်ဖိုးယူသွား အေးအေးလူလူသွားသောက်ကြ ။

အချိန်အနည်းငယ်ကြာသောအခါ ထူးကြီးနှင်.မူးကြီးသည် ရပ်ကွက်ဘုံဆိုင်တွင် ရေချိန်လွန်လျက် မူးယစ်ရမ်းကားနေသဖြင်. ရဲစခန်းမှလာရောက်ထိမ်းသိမ်းခြင်းကိုခံရရုံသာမက ရပ်ကွက်ကော်မရှင်အဖွဲ.မှပါထုတ်ပါယ်ခြင်းကိုခံရလေသတည်း ။

သရ၀ဏ်(ပြည်)

No comments:

Post a Comment