အကြောင်းမညီညွတ်၍ ဘောင်းဘီချွတ်ရလေသောအခါ သရ၀ဏ်(ပြည်)
အကြောင်းမညီညွတ်၍ ဘောင်းဘီချွတ်ရလေသောအခါ
သရ၀ဏ်(ပြည်)
တစ်ခေတ်တစ်ခါ ကမြန်မာ.နိုင်ငံရေးတွင် ဦး၊ဗိုလ် ၊သခင် ဟူ၍ အစုအဖွဲ.
(၃) ဖွဲ.ပေါ်ပေါက်ခဲ.ဖူးသည် ။ ဦးအဖွဲ.သည် ဒေါက်တာဘမော် ၊ဦးစော ၊
ဒီးဒုတ်ဦးဘချို ၊ စောဘဦးကြီး စသော လူကြီးနိုင်ငံရေးသမားကြီးများပါဝင်ပြီး
၊ ဗိုလ်အဖွဲ.မှာ ရဲဘော်သုံးကျိပ်အဖွဲ.၀င်များ ၊ မြန်မာ.လွတ်လပ်ရေးတပ်မတော်
(B.I.A ) ၊ မြန်မာ.ကာကွယ်ရေးတပ်မတော် ( B.D.A ) စသည်.လက်နက်ကိုင်တပ်မတော်မှ
တပ်မတော်သားများ ပါဝင်သည် ။ သခင်အဖွဲ.တွင်မူကား သခင်အောင်ဆန်း ၊
သခင်သန်းထွန်း၊သခင်သိန်းဖေ ၊သခင်စိုး ၊သခင်နုစသော
တို.ဗမာအစည်းအရုံးအဖွဲ.၀င် သခင်လူငယ်များပါဝင်သည် (
ဗိုလ်ချုပ်အောင်ဆန်းမှာမူ ရှားရှားပါး ဗိုလ်အဖွဲ. မှာရော သခင်အဖွဲ.မှာရော
ပါနေသည် ) ။ ထိုအစုအဖွဲ.သုံးဖွဲ.စည်းလုံးညီညွတ်စွာဖြင်. ကြိုးစားခဲ.ကြသောကြောင်. မြန်မာနိုင်ငံသည် အင်္ဂလိပ်နှင်. ဂျပန်တို.လက်အောက်မှလွတ်မြောက်ပြီး လွတ်လပ်ရေး ရရှိခဲ.ခြင်းဖြစ်သည် ။
ထိုစဉ်ကလွတ်လပ်ရေးတိုက်ပွဲအတွက် နိုင်ငံရေးရေချိန်မြင်.နေဆဲ အချိန်တွင် ဗိုလ်ချုပ်အောင်ဆန်းသည် တပ်မတော်တွင် အမြင်.ဆုံးရာထူးကိုရနိုင်ပါလျက် လွတ်လပ်ရေးတည်းဟူသောရည်ရွယ်ချက်ကိုရဖို. နိုင်ငံရေးလောကထဲမှသာဆောင်ရွက်တော.မည်ဟူသော ကိုယ်ကျိုးမဖက်သည်.ပြတ်သားသည်.ဆုံးဖြတ်ချက်ဖြင်.
၁၉၄၅ စက်တင်ဘာ (၇) ရက်နေ.တွင်လက်မှတ်ရေးထိုးသော ကန္နီစာချုပ်ချုပ်အပြီးတွင်
တပ်မှထွက်လာခဲ.သည် ။ တစ်နည်းအားဖြင်.ပြောရလျင် ဗိုလ်ချုပ်အောင်ဆန်းသည်
စစ်တပ် ဘောင်းဘီ ကိုချွတ်ပြီး သခင်နိုင်ငံရေးသမားအဖြစ်
ပုဆိုးကိုပြောင်းဝတ်ခဲ.သည် ။အကြောင်းမညီညွတ်သဖြင်.ဘောင်းဘီချွတ်ခဲ.သူတော.မဟုတ် ။ မိမိတစ်ကိုယ်တော်ရာထူး နှင်.အာဏာထက် တပ်မတော်နှင်.နိုင်ငံရေးကိုမရောယှက်စေချင်သော
စေတနာဖြင်. ခေါင်းဆောင်ကောင်းပီပီ နမူနာကောင်းပြကာ ဘောင်းဘီချွတ်၍
ပုဆိုးဝတ်ခဲ.ခြင်း ဖြစ်သည် ။ တစ်နည်းအားဖြင်.နိုင်ငံရေးလုပ်ရန်တပ်မှထွက်ခဲ.ခြင်းဖြစ်သည် ။ စစ်တပ်နှင်.နိုင်ငံရေးသည် တစ်သီးတခြားစီသာဖြစ်ကြောင်းနောင်လာနောက်သားတို.အားသွန်သင်ခဲ.ခြင်းဖြစ်သည် ။
ယခုအခါမြန်မာ.နိုင်ငံရေးတွင်အကြောင်းအမျိုးမျိုးဖြင်.ဘောင်းဘီချွတ်တော်တော်များများကိုတွေ.လာရပေသည်
။ တစ်ချို.က ၂၀၁၀ ရွေးကောက်ပွဲနီးမှ အချိန်ကိုက်၍ ဘောင်းဘီချွတ်ကာ
ပုဆိုးပြောင်းဝတ်ကြသည် ( ဥပမာ ဦးသိန်းစိန် ၊ဦးရွှေမန်း ၊
ဦးခင်အောင်မြင်. ၊ ဦးတင်အောင်မြင်.ဦး ၊ ဦးတင်အေး၊ဦးရဲ မြင်. စသည် )
။အချို.ကလည်း ၂၀၁၀ မတိုင်မီကာလများကတည်းက တပ်မတော်မှအကြောင်းအမျိုးမျိုးဖြင်
အနားယူလိုက်ကြပြီး ၀န်ကြီးဌာနအသီးသီးတွင် မိုးကျရွှေကိုယ်များအဖြစ်
အသီးသီး နေရာယူလိုက်ကြသည် ။ အချို.မှာ ဦးသိန်းစိန်တို.အဖွဲ.ကဲ.သို.
နိုင်ငံရေးထဲဝင်ရန်တပ်မှတရားဝင်နှုတ်ထွက်လာခဲ.ကြသူများဖြစ်သော်လည်း အချို.မှာကိုယ်.သဘောနှင်.ကိုယ်နှုတ်ထွက်ခဲ.ကြသူများမဟုတ်ကြ ။ တပ်အတွင်းသြဇာအာဏာကြီးမားမလာစေရန်အရပ်ဘက်သို.ပို.ပြီးချောင်ထိုးခံရသူများ ၊ လာဘ်စားမှုနှင်.အဖြုတ်ခံရသူများ ၊ လူမှုရေးဖောက်ပြန်သောကြောင်. တပ်မှအရပ်ဘက်သို.အပို.ခံရသူများ ၊ ဆေးပင်စင်လိမ်တင်ပြီး ခွင်ကောင်းသောဌာနများသို.ပြောင်းရွှေ.လာသူများ
၊ မိုင်းထိ သေနတ်မှန် ဒုက္ခိတတစ်ပိုင်းဖြစ်ကာ အရပ်ဘက်
ဌာနများသို.အရာရှိအဖြစ်အပေါ်မှကျလာသူများ ၊ စသည် ဖြင်.စုံလင်လှသည် ။
ဆိုလိုသည်မှာတပ်မတော်မှထွက်လာသူတိုင်းသည် အများကောင်းစားရေးအတွက် နိုင်ငံရေးလောကထဲသို.၀င်ရန်ဖြူစင်သန်.ရှင်းသောရည်ရွယ်ချက်သက်သက်ဖြင်. ထွက်လာခဲ.ကြသူများမဟုတ်ကြကြောင်းဖြစ်သည် ။
အချို.တပ်မတော်သားများသည် တပ်မှထွက်ပြီးသောအခါ ယခင်ကစစ်သားအပြောအဆိုအမူအကျင်.ကိုဖျောက်၍ မိမိလက်ရှိရောက်ရှိနေသော ရာထူး နေရာဌာနနှင်.လိုက်လျောညီသော အပြုအမူ ၊အပြောအဆိုများအတိုင်းသင်.တင်.လျှောက်ပါတ်စွာကျင်.ကြံနေထိုင်နိုင်ကြသည်
( ဥပမာ သမ္မတကြီး ဦးသိန်းစိန် ၊ ပြည်ထောင်စုလွှတ်တော်နာယက ဦးရွှေမန်း ၊
အမျိုးသားလွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင်. ) ။အချို.မှာမူ
စစ်ဘောင်းဘီကိုချွတ်လိုက်ပြီး လွှတ်တော်အမတ် ၊ပြည်ထောင်စုဝန်ကြီး စသော
နိုင်ငံတော်အဆင်.ရာထူးကြီးများကို
လက်ရှိတာဝန်ယူထားသော်လည်း ပြည်သူလူထုနှင်.တွေ.ဆုံ
စဉ်အပြုအမူအပြောအဆိုများမှာ ရှေ.တန်းထွက်စဉ် စစ်ဆင်ရေးနယ်မြေများမှ
သူပုန်နှင်.တွေ.တုန်းပြောဆိုကြိမ်းမောင်းနေဘိသကဲ.သို.ရှိကြသည်
။ အကြောင်းမညီညွတ်၍ ဘောင်းဘီချွတ်ခဲ.ကြရ သော်လည်း အတိတ်က
ပစ္စတိုခါးကြားချိတ်ကာ ပြည်သူကိုကျေးကျွန်သဖွယ်ဆက်ဆံခဲ.ကြသည်များကိုနောင်တမရရုံသာမက စားမြုံ.ပြန်လွမ်းဆွတ်တမ်းတနေကြသည်မျာကိုလည်းမြင်ရကြားရပေသည် ။ ထိုသူများအတွက်ကတော. မတတ်သာ၍ ပုဆိုးဝတ်နေရသော်လည်း အာဏာရှင်စစ်ဘောင်းဘီကိုလွမ်းဆွတ်တမ်းတနေသူများသာဖြစ်၍ ဒီမိုကရေစီခေတ်၌ အလိုက်သင်.မလျှောက်လှမ်းနိုင်သူများ
၊ မရွေ.လျားနိုင်သူများဖြစ်သည် ။ ဒီမိုကရေစီရွေးကောက်ပွဲများအရ
လွှတ်တော်ထဲသို.ရောက်နေသော လွှတ်တော်အမတ်အချို.ကပင်လျင် တပ်တော်နှင်.
နိုင်ငံရေးကိုကွဲပြားစွာ မရှုမြင်နိုင်ပဲ တပ်မတော်ကနိုင်ငံရေးတွင်
ပါဝင်နေရခြင်းမှာသမိုင်းပေးတာဝန်ကြီးတစ်ခုဖြစ်သယောင် ပြုမူပြောဆိုနေကြသည်မှာ ရှက်စရာကောင်းလှပေသည် ။ တကယ်တော. တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေးကိုပဲလုပ်ဆောင်ရမည်.တာဝန်ရှိပြီး
တိုင်းပြည်အုပ်ချုပ်ခြင်း ၊ နိုင်ငံရေးတွင် ချုပ်ကိုင်ခြင်း
၊စီးပွားရေးလုပ်ကိုင်ခြင်း စသည်တို.မှာ မသင်.တော်ပေ ။
ဤနေရာ၌ အမေ၇ိကန်ပြည်ထောင်စုမှ အတုယူစရာအဖြစ်အပျက်တစ်ခုကိုဖော်ပြချင်သည် ။ အမေရိကန်ပြည်ထောင်စုတွင် တော်လှန်ရေးကြီးဖြစ်ပွားပြီး ကိုလိုနီနယ်ချဲ.အင်္ဂလိပ်တို.နှင်.စစ်ဖြစ်သောအခါ အမေရိကန်တော်လှန်ရေးတပ်မတော်ကို ဗိုလ်ချုပ်ကြီး ဂျော.၀ါရှင်တန် ( ၁၇၃၂-၁၇၉၉) က ဦးဆောင်ကွပ်ကဲတိုက်ခိုက်ခဲ.လေသည် ။ ဗိုလ်ချုပ်ကြီးဂျော.၀ါရှင်တန်၏ နိုင်ငံရေးနှင်.စစ်ရေးတွင်သူမတူအောင်ထူးချွန်ပြောင်မြောက်မှုကြောင်. အင်္ဂလိပ်တို..စစ်ရှံး ပြီး အမေရိကန်တို.အောင်ပွဲခံနိုင်ခဲ.ပေသည် ။ တော်လှန်ရေးကြီပြီးဆုံးသောအခါ အမေရိကန်ပြည်ထောင်စု၌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ၊ဗိုလ်ချုပ်ကြီးဂျော.၀ါရှင်တန်လောက် သြဇာအာဏာကြီးမားသောပုဂ္ဂိုလ်မရှိတော.ပေ။ အင်္ဂလိပ်ထီးနန်းကို တုပြိုင်တိုက်ခိုက်အနိုင်ယူနိုင်ခဲ.သော ဂျော.၀ါရှင်တန်ကို သူ၏လက်အောက်ခံများက အမေရိကန်ပြည်ထောင်စု၏ ဘုရင်အဖြစ်ဘိသိတ်ခံပြီး ထီးနန်းသိမ်းပိုက်စိုးစံဖို.အကြံပြုကြသည် ။ထိုသို.ပြုမူခဲ.ပါကလည်း ဂျော.၀ါရှင်တန်ကိုဘယ်သူကမှတားဆီးကန်.ကွက်ဝံ.ကြမည်မဟုတ်ပေ
။ ထိုအကြံကို ဗိုလ်ချုပ်ကြီး ၀ါရှင်တန်ကလက်မခံပယ်ချခဲ.သည် ။ ၁၇၈၇ တွင်
ဖွဲ.စည်းပုံရေးဆွဲရေး ညီလာခံ ကို သူကိုယ်တိုင် ဦးဆောင်ကျင်းပခဲ.ပြီး
သမ္မတစနစ်ဖြင်.နိုင်ငံကိုအုပ်ချုပ်ရန်အခြေခံမူချ မှတ်ခဲ.သည် ။တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖြစ်သော ဗိုလ်ချုပ်ကြီးဂျော.၀ါရှင်တန်ကိုယ်တိုင်ရေးဆွဲ ခဲ.သော အမေရိကန်ဖွဲ.စည်းပုံဥပဒေတွင် တပ်မတော်ကိုအသာစီးယူ၍ ဘာတစ်ခုမှ ထည်.မဆွဲခဲ.တာလည်းချီးကျူးဖွယ်ကောင်းလှသည် ။ထိုသို.အသာစီးမယူခဲ.ရုံမက တပ်မတော် ၏ ထိပ်ဆုံးခေါင်းဆောင်တစ်ယောက်ဖြစ်သော်လည်း သူပါဝင်ရေးဆွဲခဲ.သောဖွဲ.စည်းပုံအခြေခံဥပဒေတွင် “ စစ်တပ်သည် အရပ်သားအစိုးရ၏ ထိမ်းချုပ်ကွပ်ကဲမှုအောက်တွင်ရှိရမည် “ ဟူသော ရဲရဲတောက် ဒီမိုကရေစီ မူဘောင်ကိုချမှတ်ထည်.သွင်းပြဌာန်းခဲ.သဖြင်.
ယနေ. (၂၁) ရာစုသို.ရောက်သည်.တိုင် အမေ၇ိကန်တပ်မတော်သည် အရပ်သား သမ္မတ ၏
ကွပ်ကဲမှုလက်အောက်တွင် ဂုဏ်သိက္ခာရှိရှိ ရပ်တည်နေ နိုင်ခဲ.ခြင်းဖြစ်သည်။
ဂျော.၀ါရှင်တန်သည် စစ်တပ်မှ နှုတ်ထွက်ပြီး သမ္မတရွေးပွဲဝင်ခဲ.ရာ ၁၇၈၉ တွင်
အမေရိကန်ပြည်ထောင်စု၏ ပထမဆုံးသမ္မတကြီးအဖြစ် ပြိုင်ဘက်မရှိ
သက်တမ်းနှစ်ကြိမ်ဆက်ရွေးချယ်ခံခဲ.ရပါသည် ။ အာဏာရှင်စနစ်ဖြစ်သွားမှာစိုးသဖြင်.သမ္မတတစ်ယောက်သည် သက်တမ်းနှစ်ကြိမ်ထက်ပို၍ တာဝန်ထမ်းဆောင်ခြင်းမပြုရဟူသော မူကို သူကပဲချပေးခဲ.ခြင်းဖြစ်သည် ။
သမ္မတကြီး ဂျော.၀ါရှင်တန်သည် အကြောင်းညီညွတ်စွာစစ်ဘောင်းဘီချွတ်ခဲ.သူဖြစ်ပြီး စစ်တပ်သည် နိုင်ငံရေးတွင်ဝင်ပါသည်မှာတိုင်းပြည်အတွက်မကောင်းကြောင်းကို
လွန်ခဲ.သော ၂၂၇ နှစ်ခန်.ဖြစ်သော (၁၇၈၇ )ကပင်သဘောပေါက်နေခဲ.ပြီးလေပြီ ။
ကျွန်တော်တို.နိုင်ငံတွင်ကား သူများနိုင်ငံက လွန်ခဲ.သော နှစ်
နှစ်ရာကျော်ကပင်မကောင်း၍စွန်.ပါယ်ထားသောအခြေခံမူတစ်ချက်ကို ၂၀၀၈ ဖွဲ.စည်းပုံအခြေခံဥပဒေ ပုဒ်မ ၆ (စ) နိုင်ငံတော်၏အခြေခံရမည်.မူများတွင် “နိုင်ငံတော်၏အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍတွင်တပ်မတော်ကပါဝင်ထမ်းဆောင်နိုင်ရေးတို.ကိုအ စဉ်တစိုက်ဦးတည်သည် “ ဟုကြော်ငြာထည်.သွင်းထားရာ ခေတ်နောက်ကို နှစ်ပေါင်း (၂၀၀)ကျော်နောက်ကျနေပြီး ပဒေသရာဇ်စစ်အာဏာရှင်လက်ထက်ကိုပြန်သွားလိုသည်. ဥပဒေဖြစ်နေပါသည် ။ ပြည်သူကလွတ်လပ်စွာရွေးချယ်ခွင်.ကိုအာမခံမည်.ဒီမိုကရေစီစနစ်ကို စစ်ဘောင်းဘီဖြင်.ဇက်ကြိုးဆွဲထားသလိုဖြစ်နေပါသည် ။
စစ်တပ်သည်မြန်မာ.နိုင်ငံရေးထဲသို.ပြောင်ပြောင်တင်းတင်းဝင်လာသည် မှာ ၁၉၅၈ မှစ၍ဖြစ်သည် ။အစပထမသော် ၀န်ကြီးချုပ်ဦးနုကပဲ အာဏာအပ်နှင်း၍လုပ်ရသလို မ၀ံမရဲ ၊သွေးတိုးစမ်းပါဝင်ပါတ်သက်မှုကို
အနည်းငယ်မျှသာလုပ်ကာ ရွေးကောက်ပွဲကျင်းပပြီး တပ်မတော်သည်
စစ်တန်းလျားသို.သိက္ခာရှိစွာ ပြန်သွားခဲ.ပါသည် ။ နောက် (၄)နှစ်ကြာသော ၁၉၆၂
တွင် ဒုတိယတစ်ကြိမ်ပြန်လာပါသည် ။ ဤတစ်ကြိမ်တွင်တော.
နိုင်ငံရေးအာဏာကိုရွေးကောက်ခံအစိုးရသို.ပြန်ပေးရေးအစီအစဉ်သည် အာဏာသိမ်းဗိုလ်ချုပ်ကြီးနေ၀င်း၌
စိုးစေ.မျှပင်မရှိတော.ပါ ။ ၎င်းအစား ဆိုရှယ်လစ် ၀ါဒရှေ.တွင်
မြန်မာကိုထပ်ထည်.ကာ မြန်မာ.ဆိုရှယ်လစ်လမ်းစဉ် ဆိုတာကြီးဖြင်. ကမ္ဘာကိုရော
မြန်မာပြည်သူလူထုကိုပါ မျက်လှည်.ပြကာ စစ်အာဏာရှင်ဝါဒကိုထူထောင်ခဲ.ပါသည်
။ ထိုစစ်အာဏာရှင်ဝါဒကို ရှစ်လေးလုံးအရေးတော်ပုံကြီးက စိန်ခေါ်လိုက်သောအခါ
ထိုစဉ်က ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးစောမောင်သည်
အိပ်မက်မှလန်.နိုးသကဲ.သို. အမှန်ကိုမြင်ခဲ.ပြီး ၁၉၉၀ ရွေးကောက်ပွဲတွင်
အနိုင်ရသော နိုင်ငံရေးပါတီကိုအာဏာလွှဲပြီး တပ်မတော်သည်
စစ်တန်းလျားသို.ပြန်ကာ မူလတာဝန်ဖြစ်သော နိုင်ငံတော်ကာကွယ်ရေးတာဝန်ကိုသာထမ်းဆောင်တော.မည် ဟု ကမ္ဘာသိကြေငြာခဲ.ပါသည် ။ ပြည်သူလူထုတစ်ရပ်လုံးကလည်းဝမ်းသာကြည်နူးခဲ.ရပါသည် ။ သို.သော်မြန်မာသည်ကံမကောင်းခဲ.ပါချေ ။ အားလုံးသိကြသည်.အတိုင်း စစ်တပ်သည်စစ်တပ်လျားသို.ပြန်မည်ဟူသော ဗိုလ်ချုပ်မှူးကြီးစောမောင် ရာထူးမှအနားပေးခံရသည် ။ သူ.နေရာတွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေတက်လာပြီးဗိုလ်ချုပ်မှူးကြီးစောမောင်၏ မူဝါဒများ ပျောက်ကွယ်ခဲ.ကာ တင်းမာသော နိုင်ငံရေး ပဋိပက္ခများဆက်တိုက်ဖြစ်လာခဲ.သည် ။
ယခုအခါမြန်မာနိုင်ငံဝယ် အုပ်ချုပ်ရေး ၊ ဥပဒေပြုရေး ၊
ရွေးကောက်ပွဲကော်မရှင် ၊ သမ္မတအကြံပေးအဖွဲ. ၊ ၀န်ကြီးဌာနအကြီးအကဲများ
၊တိုင်းဒေသကြီးနှင်.ပြည်နယ်ဝန်ကြီးချုပ်နေရာများ ၊အစိုးရရုံးဌာနအကြီးအကဲနေရာများ ၊ နိုင်ငံခြားသံအမတ်ကြီးများ ၊သံအရာရှိများ နေရာတွင် တပ်မတော်မှအငြိမ်းစားယူကာပြောင်းရွေ.ရောက်ရှိနေသူများစံချိန်တင်အောင်များပြားလှပါသည် ။ အလုပ်လက်မဲ.ဘွဲ.ရလူငယ်များပေါများလွန်းသောမြန်မာနိုင်ငံလိုနေရာမျိုးဝယ် တပ်မတော်မှ လုပ်ခလစာနှင်.ရပိုင်ခွင်.များကိုတစ်သက်လုံးစားခဲ.ပြီးဖြစ်သော
တပ်မတော်သားများကို အရပ်ဖက်တွင် (နှစ်သီးစားသဘောမျိုး)
ထပ်မံတာဝန်မပေးသင်.တော.ပါ ။ လစ်လပ်နေသောရာထူးနေရာများရှိပါက အရပ်သားကျွမ်းကျင်ပညာရှင်များကိုခေါ်ယူခန်.ထားသင်.ပါသည် ။ အရပ်ဖက် ရုံးဌာနများသည် တပ်မတော်၏အမှိုက်ပုံးကြီးမဖြစ်သင်.တော.ပါ ။ လူအများသည်ဘောင်းဘီချွတ်များကိုစိတ်ကုန်နေကြပါပြီ ။
မတတ်သာ၍ ရာထူးခန်.အပ်ခဲရလျင်လည်း ရာထူးလက်ခံရရှိသော တပ်မတော်သား လူထွက်များသည် အရပ်ဘက်လူ.အဖွဲ.အစည်းအတွင်းသို.ရောက်လာပြီဖြစ်သဖြင်. စစ်သားစိတ်ကိုဖျောက်ကာ အရပ်သားအကျင်.ကိုမွေးမြူသင်.ပေသည် ။
ဝန်ကြီးဌာနအချို.မှအရာရှိများပြောလေ.ရှိသည်မှာ
“ ကျုပ်တို.ကတပ်ကလာတာဆိုတော. အထက်ကခိုင်းရင်ဘာပဲဖြစ်ဖြစ် မဖြစ်ဖြစ်အောင်အကောင်အထည်ဖော်ပေးလေ.ရှိတယ် “
ဟူသတည်း။ ရေဘူးပေါက်တာမလိုချင်ဘူး၊ရေပါတာပဲလိုချင်တယ်ဟူသော သြ၀ါဒဖြင်.လူဖြစ်လာရသူများဖြစ်ရာ အရပ်ဘက်လူ.အဖွဲ.အစည်း၏ တိုင်ပင်ညှိနှိုင်းခြင်း ၊ ဆွေးနွေးသုံးသပ်ခြင်း ၊ကျွမ်းကျင်ပညာရှင်ထံမှအကြံဥာဏ်ရယူခြင်း များကိုမလုပ်တတ်တော.ပေ (စစ်ထွက်များအားလုံးထိုသို.မဟုတ်သော်လည်းအတော်များများထိုသို.ဖြစ်နေကြပါသည် )။ ထိုရောအခါ အထက်လူကြီးခိုင်းသောကိစ္စကို အောင်မြင်အောင်လုပ်ဆောင်နိုင်ပြီဟု ဂုဏ်ယူစွာကြွေးကြော်ကြသော်လည်း တိုင်းပြည်အတွက်အကျိုးမရှိသောအလုပ်များသာပြီးမြောက်ကုန်ကြသည်သာများပေ၏ (ဥပမာ ကြက်ဆူပင်စိုက်ခြင်း ) ။ ပြည်သူလူထုနှင်.တသားတည်းဖြစ်သွားသော တပ်မတော်အငြိမ်းစားများရှိသော်လည်းအလွန်ရှားလှပေ၏ ။ အကောင်းဆုံးမှာ တပ်မတော် မှအရပ်ဘက်သို.အလွယ်တကူကူးပြောင်းရောက်ရှိမလာအောင် ဥပဒေပြဌာန်းသင်.ပေ၏ ။ အရပ်သားတစ်ယောက်သည် တပ်မတော်တွင်အရာရှိတက်လုပ်၍မရသလို
စစ်သားတစ်ယောက်သည်လည်း အရပ်ဘက် ပညာရှင်များကြားတွင် အရာရှိတက်မလုပ်သင်.ပေ ။
ပို၍ဆိုးသည်ကား ယူနီဖောင်းကိုမချွတ်ပဲ ၀န်ကြီး ၊ လွှတ်တော်အမတ် စသော
ရာထူးများတွင်ဝင်ရောက်လုပ်ကိုင်နေကြခြင်းပေတည်း ။ ဗိုလ်ချုပ်အောင်ဆန်း ၊ ဂျော.၀ါရှင်တန်တို.သည် တပ်မှတရားဝင်နှုတ်ထွက်ပြီးမှ အများဆန္ဒဖြင်.ခေါင်းဆောင်ဖြစ်လာကြသူများဖြစ်သည် ။ Jump Promotion ဖြင်.မိုးပေါ်မှကျလာကြသူများမဟုတ်ကြ ။ နားလည်မှုဖြင်.ခွင်ရိုက်ခဲ.ကြသူများမဟုတ်ကြ ။ထို.ကြောင်. မြန်မာပြည်သူလူထုတစ်ရပ်လုံးနှင်.အမေရိကန်ပြည်သူလူထုတစ်ရပ်လုံး၏နှလုံးသားထဲတွင်သူတို.အမည်များစွဲထင်နေကြခြင်းဖြစ်သည် ။ ဇွတ်ဖန်တီး၍ရသောကိစ္စများမဟုတ်ပါပေ ။
အကြောင်းမညီညွတ်၍ဘောင်းဘီချွတ်ကြသောအခါ အရပ်ဘက်လူ.အဖွဲ.အစည်းနှင်.သဟဇာတဖြစ်သော ဘ၀နေထိုင်မှုပုံစံကိုရွေးချယ်သင်.လှ၏ ။ အချို.ပုဂ္ဂိုလ်များမှာအရပ်ဘက်သို.ရောက်လာသည်.တိုင်
တပ်မတော်ကိုအာလယမပြတ်ကြ ။ကျုပ်ကတော.စစ်သားပဲတပ်ကလာတာဟုဆိုကာ
မလျော်သြဇာသုံးခြင်း ၊ အာဏာအလွဲသုံးခြင်း၊ ဘက်လိုက်ခြင်း၊
မောက်မာခြင်း၊အပြောဆိုးခြင်းတို.သည် ဘောင်းဘီကိုမချွတ်ပဲ အပေါ်မှ ပုဆိုးခါးတောင်းကျိုက်ထားသည်နှင်.တူလှ၏ ။ ထို.ကြောင်.ဘောင်းဘီဆိုလဲဘောင်းဘီ ၊ ပုဆိုးဆိုလဲပုဆိုး ပီပီသသလုပ်ကြပါ ။ ဘောင်းလိုလိုဆိုးလိုလို ဘောင်းဆိုးတော.မလုပ်ကြပါနှင်.ဟုတိုက်တွန်းလိုက်ရပါသည် ။
သရ၀ဏ်(ပြည်)
စောင်.ကြည်.ဂျာနယ်
၁၈.၃.၂၀၁၄
No comments:
Post a Comment