Tuesday, January 7, 2014
ဂုဏ်ယူစရာမြန်မာ.ပို.ကုန် အသစ်တစ်ခု (သို.မဟုတ် ) ဂုဏ်သိက္ခာကိုတင်ပို.ရောင်းချခြင်း သရ၀ဏ်(ပြည်)
လွန်ခဲ.သော လအနည်းငယ်က အမျိုးသမီးတစ်ယောက်ကိုကျွန်တော်အင်္ဂလိပ်စာ သင်ပေးရသည် ။ နိုင်ငံခြားမှာ စာမေးပွဲဖြေမှာမို. မေးခွန်းများကို အင်္ဂလိပ်လိုဖြေတတ်စေရန်သင်ပေးပါဟု ထိုအမျိုးသမီး၏ ယောက်ျားဖြစ်သူက အကူအညီတောင်းသောကြောင်. မကင်းရာမကင်းကြောင်း ဖြစ်၍ ခေါ်ခဲ.ပါဟုပြောကာ လက်ပူတိုက်အင်္ဂလိပ်စာသင်ပေးရခြင်းဖြစ်သည် ။ မသင်...ခင်သေသေချာချာမေးကြည်.တော.မှ သူက စင်္ကာပူနိုင်ငံတွင် အိမ်ဖော်သွားရောက်လုပ်ကိုင်မည်.သူဖြစ်နေသည် ။ စင်္ကာပူအလုပ်သမား ၀န်ကြီးဌာနက သူ.နိုင်ငံသို. အိမ်ဖော်လုပ်ရန် ရောက်ရှိလာသော အလုပ်သမားအားလုံးကိုစာမေးပွဲစစ်သည် ။ အင်္ဂလိပ်လို ရေးဖြေစာမေးပွဲဖြစ်သည် ။ အမှတ် တစ်ရာဖိုးမေးခွန်းတွင် အမှတ်လေးဆယ်ရလျင် အောင်မြင်သည်ဟုသတ်မှတ်ပြီး အလုပ်လုပ်ခွင်. Work Permit ထုတ်ပေးသည် ။ စာမေးပွဲမအောင်မြင်ပါက နိုင်ငံတွင်းမှာဆက်နေထိုင်ခွင်.မရှိပဲ ပြန် လာရသည် ။ မေးခွန်းနမူနာလေးတစ်စုံကိုလည်းအိမ်ဖော်သွားလုပ်မည်. အမျိုးသမီးက ယူလာသည် ။မေးခွန်းကသိပ်ပြီးခက်ခက်ခဲခဲတော.မဟုတ် ။ အမှားအမှန်ရွေးရခြင်း ၊ကွက်လပ်ဖြည်.ရခြင်းစသော မေးခွန်းတိုလေးများဖြစ်သည် ။ အထွေထွေဗဟုသုတနှင်.ပါတ်သက်သောမေးခွန်းများဖြစ်သည် ။ ဥပမာ အ၀တ်လှန်းလျှင် ၀ရန်တာကို ကျော်၍ ရှေ.ကိုကုန်းကာ မလှန်းရ ဟူသောမေးခွန်းကို သရုပ်ဖော်ပုံကလေး (၃) ပုံနှင်.ပြထားသည် ။ ပုံမှန်အ၀တ်လှန်းပုံ ၊ အန္တရာယ်ဖြစ်လောက်အောင်ရှေ.သို.ကုန်းပြီးလှန်းပုံ ၊ ၀ရန်တာ လက်ရန်းပေါ်သို.တက်ကာ လှန်းပုံ စသည် ဖြင်. ပုံ (၃)ပုံတွင်အမှန်တစ်ပုံ ရွေးရသောမေးခွန်းဖြစ်သည် ။ ထို.အပြင် ကလေးဘယ်လိုသိပ်မလဲ ။ မီးနီလျင် လမ်းဖြတ်ကူးသင်.မကူးသင်. ။ ပိုက်ဆံ ဆယ်ဒေါ်လာထဲက ငါးဒေါ်လာခွဲနှုတ်တော. ဘယ်လောက်ကျန်သလဲ စသဖြင်. လွယ်ကူသောမေးခွန်းများဖြစ်သည် ။ သို.သော် အင်္ဂလိပ်လိုရေးထားသဖြင်. မေးခွန်းကိုမဖတ်တတ်ပါကဖြေနိုင်မည်မထင်ပေ ။ မေးခွန်းအားလုံးကိုကျွန်တော် တစ်နေ.လုံးအချိန်ယူ၍ သင်ကြားပေးလိုက်ပါသည် ။ ကောင်မလေး၏ယောက်ကျားမှာ ကျွန်တော်နှင်.ခင်မင်ပြီးထိုသူက စာတိုပေစလေးလဲ တစ်ခါတစ်ရံရေးသော ၀ါသနာရှင်ဖြစ်သည် ။ သူတို.လင်မယားတွင် သားသမီး (၄) ဦးရှိရာ ကြပ်တည်းလွန်းသဖြင်. သူငယ်တန်းအရွယ်သမီးလေးကို ထားခဲ.ကာ စင်္ကာပူ၌ တစ်လ သုံးသိန်းဖြင်. ကလေးထိန်း အိမ်ဖော်အဖြစ်သွားလုပ်ရန် ကြံကြခြင်းဖြစ်သည် ။
ကျွန်တော်.တစ်သက်တာ၌ လူအများကိုအကြောင်းကြောင်းဖြင်. အင်္ဂလိပ်စာသင်ပေးဖူးသော်လည်း တစ်ခါမျှ ယခုတစ်ခေါက်လောက်စိတ်မကောင်းမဖြစ်ဖူးပါ ။ကျွန်တော်သင်ပေးလိုက်သောသူများမှာ အများအားဖြင်. ဧည်.လမ်းညွှန် သင်တန်းဝင်ခွင်. ဖြေမည်.သူများ ၊ ရာထူးတိုးစာမေးပွဲဖြေမည်.သူများ ၊ နိုင်ငံခြားတွင် အလုပ်အကိုင် ကောင်းကောင်းရရန် လျှောက်ထားမည်.သူများ စသည်ဖြင်. ဘ၀တက်လမ်းအတွက် လာကြသူများပါသည် ။ ကိုယ်ကူညီလိုက်၍ ဘ၀အခြေတစ်ဆင်.မြင်.သွားလျင်ကျွန်တော်ကြေနပ်ရသည် ။ ယခုတစ်ခါမှာတော. ကျွန်တော်.မှာတော်တော်စိတ်မကောင်းဖြစ်မိသည် ။ ကျွန်တော်.သင်ကြားမှု ကောင်းမွန်၍ အင်တာဗျူး ဖြေဆိုအောင်မြင်ပါက သူတို.မိသားစုမှာ သားတကွဲ ၊မယားတကွဲ ဖြစ်ပေတော.မည် ။ ကိုယ်.နိုင်ငံသားတစ်ယောက် စင်ကာပူမြေတွင် ကျွန်ခံဖို.သွားသော အရေးတော်ပုံကိုအောင်မြင်အောင်ဝိုင်းဝန်းပံ.ပိုးအားပေးကူညီသူတစ်ယောက် ဖြစ်ရပေတော.မည် ။ ကျွန်တော်သည် သင်သာသင်ပေးလိုက်ရသော် လည်း ကိုယ်.ကိုယ်ကိုယ်မကြေနပ်ပဲ စိတ်ထဲမှာ မှားသလား မှန်သလားတနုံ.နုံ. ဖြစ်နေသည် ။ သူတို.လင်မယားမှာလည်း စီးပွားရေးဝင်ငွေအရ သာ သွားရမည်ဖြစ်သော် လည်း ကလေးအငယ်လေး ကိုထားခဲ.ရမည်ဖြစ်သဖြင်.နောက်ဆံတင်းနေကြသည် ။
ကံကောင်းသည်လားကံဆိုးသည်လားမသိ ။ နိုင်ငံခြားသို.မသွားခင် ဆေးစစ်ချက်များကို စင်ကာပူသို.လှမ်းပို.ရသည် ။ ဓါတ်မှန်ပါရိုက်၍ ပို.ရသည် ။ ထိုအခါ လွန်ခဲ.သော ဆယ်နှစ်ခန်.က တီဘီရောဂါဖြစ် ခဲ.ပြီး ယခုအခါ ပျောက်ကင်းကျန်းမာနေပြီဖြစ်သော်လည်း ယခင် ဒဏ်ရာဟောင်း ၊ အနာရွတ်ဟောင်းသည် အဆုတ်မှာ spot ထင်နေကြောင်း ဓါတ်မှန်ထဲမှာပေါ်နေသဖြင်. ခေါ်မည်.အလုပ်ရှင်က ကမ်းလှမ်းမှုကိုဖျက်သိမ်းလိုက်သောကြောင်. ထိုမိန်းကလေးမှာ အိမ်ဖော်ဖြစ်ဖို. သီသီလေးလိုကာမှကပ်လွဲသွားပေ၏ ။ ထို.ကြောင်.ကျွန်တော်.မှာလည်း အိမ်ဖော်အားပေး အခမဲ. အင်္ဂလိပ်စာ ဆရာအဖြစ်မှ လွတ်ကင်းရပေတော.သည် ။ မည်မျှ စီးပွားရေးအဆင်မပြေသည်ဖြစ်စေ ၊ ကျွန်တော်တို.မြန်မာအမျိုးသမီးများ တိုင်းတပါးတွင် အိမ်ဖော် သွားလုပ်ကြသည်ကိုတော. ကျွန်တော်.အနေနှင်. အားမပေးလိုပါ ။ တတ်နိုင်သမျှ တားမြစ်ချင်ပါသည် ။ စကားလုံးလှလှကလေးများဖြင်. အိမ်အကူဟုခေါ်ခေါ် ၊ Domestic worker ပဲပြောပြော တကယ်တမ်း၌ မည်သူမျှ မန်နေဂျာရာထူး ရသည်မဟုတ် ။ တစ်အိမ်လုံးအလုပ်ကို ဒိုင်ခံ ကျုံးလုပ်ရသော အိမ်ဖော်က အိမ်ဖော်ပင်ဖြစ်သည် ။ မြန်မာနိုင်ငံကအိမ်ဖော် လုပ်ငန်းဖြင်.မိန်းကလေးများနိုင်ငံခြားထွက်ခြင်းကို တရားဝင် ခွင်.ပြုပေးခြင်းမရှိသဖြင်. အချို.မှာ အလည်လိုလိုဘာလိုလိုဖြင် နိုင်ငံခြားထွက်ပြီးမှ အိမ်ဖော် လုပ်ကြတာတွေလည်းရှိသည် ။ အထူးသဖြင်. လူချမ်းသာ၍ အချိန်ဆင်းရဲသော စင်ကာပူနိုင်ငံတွင် မြန်မာအိမ်ဖော်များစွာ ရှိသည် ။ တရားဝင် စာရင်းမထုတ်ပြန်သဖြင်. ဘယ်ရွေ. ဘယ်မျှ ဟု တော.အတိအကျမသိရပေ ။
အမေရိကန်တိုးရစ်တစ်ယောက်ကကျွန်တော်.ကိုတစ်ခါကပြောပြဖူးသည်မှာ သူတို.အိမ်တွင်လုပ်သွားဖူးသောမြန်မာကလေးထိမ်းအိမ်ဖော်မှာ ရန်ကုန်တက္ကသိုလ် မှ လက်ထောက်ကထိကတစ်ယောက်ဖြစ်ပါသတဲ. ။ ထိုစကားကိုကြားတော.ကျွန်တော်ဘာပြန်ပြောရမှန်းမသိအောင်ဖြစ်သွားပါသည် ။ သို.သော် ထိုအမျိုးသမီးမှာအလုပ်ကိုအလွန်ကြိုး စားကြောင်း ၊ ရသမျှအချိန်ပိုင်းအလုပ်များအားလုံးကိုအလုပ်မရွေးလုပ်ကိုင်ကြောင်း။ ယခုအခါမှာတော.သားသမီးများလည်းအရွယ်ရောက်လာပြီး ၊ သူလည်းပို၍ ကောင်းမွန်သော အလုပ်တစ်ခုကိုရနေပြီဖြစ်ကြောင်း ပြောပြတော.မှ သက် ပြင်းချနိုင်ပါသည် ။ နိုင်ငံခြားသို.ရောက်သွားသောအခါ မောင်ဖြူ ၊ မနီ ဟူသော ပုဂ္ဂလိကအမည်ထက် မြန်မာတစ်ယောက် ၊ အမေရိကန်တစ်ယောက်ဟုသာ တိုင်းပြည် နာမည်တပ်၍ စကား ပြော အမည်တပ်ကြစမြဲသာဖြစ်သည် ။
ထိုအဖြစ်အပျက်များကိုကြုံတွေ.ပြီး နှစ်အနည်းငယ်ကြာသော ယနေ.လက်ရှိ ၂၀၁၃ ဒီဇင်ဘာ (၁၅) ရက်နေ.ထုတ် 7 Day News Daily သတင်းစာတွင်သတင်းတစ်ပုဒ်ဖတ်ရသည် မှာ ဟောင်ကောင်ကမြန်မာအိမ်အကူများကိုတစ်လလုပ်ခ ဒေါ်လာ ငါးရာဖြင်.ခေါ်ယူလိုသည် ဟူသောသတင်းဖြစ်သည် ။ ထိုသို.ဟောင်ကောင်ကမြန်မာအိမ်အကူ ( အမှန်ကတော. အိမ်ဖော် ပါပဲ) များကိုခေါ်ယူလိုကြောင်းကမ်လှမ်းချက်မှာ မှန်ကန်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင်. လူမှုဖူလုံရေး ၀န်ကြီးဌာန ညွှန်ကြားရေးမှးချုပ် ဦးမျိုးအောင်က ပြောသည် ဟုသတင်းစာကရေးသားထားပါသည် ။ မြန်မာနိုင်ငံရှိ အိမ်အကူလုပ်သားဈေးကွက်ကိုဟောင်ကောင်အစိုးရက အထူးစိတ်ဝင်စားလျက်ရှိသောကြောင်.ဟောင်ကောင်မှအလုပ်သမားရှာဖွေရေး အေဂျင်စီများက လုပ်သားစေလွှတ်ရန်သက်ဆိုင်ရာဝန်ကြီးဌာနသို.လာရောက်ဆွေးနွေးလျက်ရှိကြောင်းကိုလည်းသတင်းထဲတွင်ရေးသားထားပါသည် ။ မြန်မာဘက်ကလည်း နှစ်နိုင်ငံအေဂျင်စီအချင်းချင်းညှီနှိုင်းပြီးစေလွှတ်နိုင်သည် ဟု အတည်ပြုပြောကြားသည် ။ဤသတင်းသည် မြန်မာအလုပ်သမားများအတွက်ရတနာပုံဆိုက်သည်.သဖွယ် အစိုးရဘက်မှ ယူဆကောင်းယူဆနေပါလိမ်.မည် ။ အလုပ်အကိုင်ရှား ပါးလှသောမြန်မာနိုင်ငံမှ အမျိုးသမီးလုပ်သားထုကြီးကလည်း တစ်လ ငါးသိန်းခန်.ဟူသော မက်မောလောက်ဖွယ်ဝင်ငွေကိုကြည်.၍ ဟောင်ကောင်တွင်အိမ်ဖော်လုပ်ရမည်.အလုပ်ကို စိတ်ကူးယဉ်ကောင်းယဉ်နေပါလိမ်.မည် ။
ဤနေရာ၌ အလေးအနက် ထည်.သွင်းစဉ်းစားစရာ အချက်နှစ်ချက်ရှိသည်ဟု ကျွန်တော် ယူဆသည် ။ ပထမတစ်ချက်မှာ နိုင်ငံတစ်နိုင်ငံ၏ ဂုဏ်သိက္ခာဖြစ်သည် ။ ဤကမ္ဘာတွင်မည်သည်.နိုင်ငံကမှ ကိုယ်.နိုင်ငံသည် ကမ္ဘာ ပေါ်သို.အိမ်ဖော်အများဆုံးတင်ပို.သည်.နိုင်ငံဖြစ်လိုကြမည်မဟုတ်ပေ ။ မတတ်သာ၍ တစ်ဦးစ နှစ်ဦးစ လုပ်ကိုင်ဆောင်ရွက်နေကြသည်ကို နားလည်ပေး၍ ရသော်လည်း ယခုလို နိုင်ငံရပ်ခြားမှ ကိုယ်.နိုင်ငံအထိရောက်လာ၍ ခေတ်သစ်ကျွန်ပြုသည်.ပမာ ၊ နွားဝယ်မည်. ပွဲစားများလို မြန်မာမိန်းကလေးများကို စိတ်ကြိုက်ရွေးခြယ်ခေါ်ယူခံရမည်.အဖြစ်မျိုးမှာမူကားမည်သို.မျှမဖြစ်သင်.ပါပေ ။ မြန်မာအစိုးရ ၏လူမှုရေးဦးတည်ချက်(၄)ရပ် ကြွေးကြော်သံ ဆောင်ပုဒ်ထဲတွင် အမြဲပါလေ.ရှိသော အမျိုးဂုဏ် ၊ ဇာတိဂုဏ် မြင်.မားရေး ဟူသောဆောင်ပုဒ်နှင်.ကြည်.မည်ဆိုလျင် ကိုယ်.နိုင်ငံကမိန်းကလေးများ တိုင်းတပါးတွင်အိမ်ဖော် ဖြစ်နေကြခြင်းမှာ မည်သို.မျှ အမျိုးဂုဏ် ဇာတိဂုဏ် မြင်.မားလာစရာအကြောင်းမရှိပေ ။
စွယ်စုံကျမ်းထုတ်လုပ်သောစာအုပ်တိုက်တစ်ခုက ထိုင်းနိုင်ငံကိုအဓိပ္ဖါယ် ဖွင်.ဆိုရာ၌ ပြည်.တန်ဆာများပေါများရာတိုင်းပြည်ဟု အနက်အဓိပါယ် ဖွင်.လိုက်သဖြင်. ထိုင်းပြည်သူများ ဆန်.ကျင်ကန်.ကွက်ခဲ.ကြဖူးသည် ။ ယခုခြေလှမ်းကိုသာ အစိုးရကအားပေးအားမြှောက်ပြုကာ ဈေးကွက်ချဲ.ထွင်ခဲ.ပါက နောင်အခါတွင် စွယ်စုံကျမ်းကုမ္မဏီများက မြန်မာနိုင်ငံကို အိမ်ဖော်များပေါများရာနိုင်ငံဟု ရေးသားလာခဲ.လျင်တစ်နိုင်ငံလုံး သိက္ခာကျအရှက်ရပေလိမ်.မည် ။ ကိုယ်.နိုင်ငံ ကိုယ်.ပြည်တွင်းတွင်အလုပ်အကိုင်အခွင်.အလမ်းများပေါ်ပေါက်အောင်ဆောင်ရွက်ပေးခြင်း ၊ ရရှိပြီးသောအလုပ်အကိုင်များတွင် ထိုက်သင်.သော အနိမ်.ဆုံးလုပ်ခလစာ ရရှိရေးကို ဥပဒေဖြင်.သတ်မှတ်ထိမ်းကျောင်း ကာကွယ်ပေးရမည်.တာဝန်မှာ အစိုးရဆိုသူတိုင်း၏တာဝန်ဖြစ်ပေသည် ။ ကိုယ်အလုပ်ရှာမပေးနိုင်တာနှင်. နိုင်ငံခြားသို.အိမ်ဖော်အဖြစ်တရားဝင် စေလွှတ်ခြင်းမှာ အင်မတန်တာဝန်မဲ.သော လုပ်ရပ်ဖြစ်ပါသည် ။
ဒုတိယထောက်ပြလိုသောအချက်တစ်ချက်မှ ဟောင်ကောင်သည် ဘာကြောင်. မြန်မာအိမ်ဖော်ဈေးကွက်ကို အသည်းအသန်လိုချင်နေပါသလဲ ဆိုသောအချက်ကိုစဉ်းစားကြရန်ဖြစ်သည် ။ တကယ်တော. မြန်မာ အိမ်ဖော်များကိုရသမျှ အမြန်ခေါ်လိုသည်ဟုမပြောခင် ဟိုယခင်က ဟောင်ကောင်သို. အိမ်ဖော်အများဆုံးတင်ပို.ရာနိုင်ငံမှာ အင်ဒိုနီးရှားနှင်.ဖိလစ်ပိုင်နိုင်ငံများဖြစ်သည် ။ထိုနိုင်ငံများသည် သူတို.နိုင်ငံများမှ အိမ်ဖော်များ မတရားခေါင်းပုံဖြတ်ခံရခြင်း ၊ အိမ်တွင်းအကြမ်းဖက်ခံရခြင်း ၊ လိင်ပိုင်းဆိုင်ရာစော်ကားခံရခြင်း စသော မတရားမှုများကြောင်. ဟောင်ကောင်သို. သူတို.နိုင်ငံမှအိမ်ဖော်များမပို.ကြတော.ခြင်းဖြစ်သည် ။ ထို.ကြောင်.အိမ်ဖော်ဈေးကွက် ကြီးမားစွာလိုအပ်လာသော ဟောင်ကောင်သည် ဘင်္ဂလားဒစ်ရှ်နှင်. မြန်မာ များဘက်သို. ခြေဦးလှည်.လာခြင်းဖြစ်သည် ။ ဘင်္ဂလီအိမ်ဖော်များထက်စာလျင် မြန်မာ မိန်းကလေးများသည် ပညာလဲပိုပြီးတတ်သည် ၊ ရုပ်ရည်လဲသန်.သန်.ပြန်.ပြန်.ရှိသဖြင်. မြန်မာကို သဘောကျကြခြင်းဖြစ်သည် ။ ဖိလစ်ပိုင် လို ကမ္ဘာပါတ်၍ အိမ်ဖော်လုပ်နေသော နိုင်ငံနှင်.တောင်အဆင်မပြေဘူးဆိုလျင် သူတို.ဘက်က ဘာတွေ အားနည်းချက်ရှိသည် ။လုပ်ငန်းခွင်အခြေအနေဘယ်လောက်ဆိုးသည် ဆိုသည်များကို မြန်မာအာဏာပိုင်များကကိုယ်.နိုင်ငံသားများကိုမလွှတ်ခင်အရင်လေ.လာသင်.ပါသည် ။
ဟောင်ကောင်ဆိုသည် မှာ တရုတ်လူမျိုးများနေသောနိုင်ငံဖြစ်သည် ။ တရုတ် ဆိုသည်မှာ ပြည်မကြီးတွင်ပဲနေနေ ။ ဟောင်ကောင်တွင်ပဲနေနေ ၊ ထိုင်ဝမ်တွင်ပဲနေနေ၊စင်္ကာပူတွင်ပဲနေနေ စိတ်ဓါတ်နှင်.အမူအကျင်. မှာ တစ်ပုံစံတည်းနီးပါးတူသော လူမျိုးများဖြစ်သည် ။ အလုပ်သမားကိုတန်အောင်ခိုင်းတတ်သော ၊အလုပ်ရှင်အလုပ်သမား အဆင်.အတန်းအလွန်ခွဲခြားသော လူမျိုးများဖြစ်သည် ။ ယဉ်ကျးမှုခြင်းလည်းမြန်မာနှင်.အတော်ကွာခြားသော နိုင်ငံဖြစ်သည် ။မိမိအမိမြန်မာနိုင်ငံတွင်အေးချမ်းစွာနေထိုင်လာခဲ.သောမြန်မာအမျိုးသမီးများမှာ မတူညီသော ယဉ်ကျေးမှု နှင်.လူနေမှုစနစ်အောက်တွက် အဆင်ပြေစွာနေထိုင်လုပ်ကိုင်နိုင်ရန်မှာလွယ်ကူမည်မဟုတ်ပေ ။ ဖိလစ်ပိုင်နှင်. အင်ဒိုနီးရှားအိမ်ဖော်များပင်ဒဏ်မခံနိုင်၍ ပြန်ပြေးကြသော နေရာတွင် မြန်မာမိန်းကလေးများမည်သို.မှ အဆင်ပြေနိုင်စရာမရှိပေ ။ များစွာဒုက္ခရာက်ကြတော.မည်ဖြစ်သည် ။
ကိုယ်.နိုင်ငံကိုယ်.ပြည်တွင်းမှာ မြန်မာအချင်းချင်းအိမ်တွင်အိမ်ဖော်အဖြစ်လုပ်ကိုင်ရတာပင် ပြသနာပေါင်းသောင်းခြောက်ထောင်နှင်.ဖြစ်သည် ။ ဟိုတလောကဟိုးလေးတကြော်ဖြစ်ခဲ.သော အိမ်ဖော်ကိုသေအောင်ညှဉ်းပန်းနှိပ်စက်သဖြင်. ထောင်ဒဏ်စီရင်ခြင်းခံရသော ရန်ကုန်မြို.မှ MRTV 4 ရုပ်သံသရုပ်ဆောင် မေဇွန်၏အမှုကိုသတိရကြဦးမည်ထင်သည် ။ သူခိုင်းတာမလုပ်သဖြင်. အစာအငတ်ထားခြင်း ၊ ဗိုက်ပေါ်တက်ခုန်ခြင်း ၊ တစ်ယောက်ကိုတစ်ယောက် ကြက်မွှေး တံပျက်စည်းဖြင်. ရိုက်စေခြင်း တို.ကိုကျူးလွန်မိကြောင်းပေါ်ပေါက်လာပေ၏ ။ နောက်ဆုံးတွင် အိမ်ဖော်ကောင်မလေးမှာ ညှဉ်းပန်းနှိပ်စက်ပြီး အခန်းတွင်းတစ်ယောက်တည်းထားခံရသဖြင်. အသက်ဆုံးရှုံးရရှာ၏ ။ ပဲခူးမြို.တွင် တရားသူကြီးတစ်ယောက်အိမ်၌ဖြစ်သည်မှာလည်း မီးပူတိုက်ရာတွင် မီးကျွမ်းသွားသဖြင်. အသက် ( ၁၁)နှစ်အရွယ် အိမ်ဖော်ကောင်မလေးကို တရားသူကြီးကတော်ဆိုသူက မီးပူဖြင်.ပေါင်ကိုကပ်၍ လူမဆန်စွာအပြစ်ပေးသည်.အမှုပေါ်ပေါက်လာခဲ.လေသည် ။ နောက်ထပ်ကြားရသောအမှုတစ်ခုတွင်လည်း အိမ်ဖော်ကို အိမ်ရှင်ယောက်ကျားက ကာမရယူ ခဲ.ပြီး မိန်းမသိသွားသောအခါ အဝေးပြေးကားဂိတ် အများသုံးသန်.စင်ခန်းတွင်သွားရောက်ပစ်ထားခဲ.ပြီး ၊ အိမ်ဖော်ကောင်မလေးကိုခိုးမှုနှင်.ပါ အမှုဖွင်.ခဲ.သောဖြစ်ရပ်တစ်ခုလည်းရှိခဲ.ပေသည် ။ ပြောရသော်ကုန်နိုင်ဖွယ်မရှိ ။ ထိုအဖြစ်များသည် ကိုယ်.မြေကိုယ်.ရေ ၊ကိုယ်.နိုင်ငံမှာမို.ပေါ်ပေါက်လာသောဖြစ်ရပ်များဖြစ်သည် ။မြန်မာနိုင်ငံ၏တရားဥပဒေစိုးမိုးမှုမရှိတော.သော နိုင်ငံများတွင် ဘယ်သူက အိမ်ဖော်ဘက်ကရပ်တည်၍ ဘယ်ကိုသွားတိုင်မည်နည်း ။ မြန်မာသံရုံးလည်းကိုယ်.နိုင်ငံသားအိမ်ဖော်များကို အမြဲစောင်.ကြည်.နိုင်မည်မဟုတ်ပေ ။ ဟောင်ကောင်လို ရေခြားမြေခြားကျွန်းနိုင်ငံ ကိုထားဘိဦး ၊ အိမ်နီးခြင်းထိုင်းနိုင်ငံမှာပင် မြန်မာနိုင်ငံသားကရင်အိမ်ဖော်မလေး တစ်ယောက်ကိုထိုင်းနိုင်ငံသား အိမ်ရှင်လင်မယားက မီးရှို.ညှဉ်းပန်းနှိပ်စက်မှုဖြစ်ခဲ.သေးသည် ။ ထိုအမှုတွင် ထိုင်းသည် ဟန်ဆောင်ပန်ဆောင်အရေးယူသယောင်ပြုပြီး သူ.နိုင်ငံသားကိုအာမံဖြင်.ပြန်လွှတ်ကာ နောက်ဆုံးတော.အဖျားရှူးသွားပေသည် ။ အိမ်ဖော်များဘက်ကကာကွယ်သောအဖွဲ.အစည်းကားနတ္တိပါတကား ။ တရုတ်နိုင်ငံတွင် လူကုန်ကူးခံရသောမိန်းကလေးကမှ ပြေးနိုင်လျှင်မြန်မာနိုင်ငံနယ်စပ်သို.ပြန်ရောက်လာဦးမည် ။ ဟောင်ကောင် ကျွန်းရှိတရုတ်လက်ထဲရောက်သွားသော အိမ်ဖော်မိန်းကလေးများမှာ ဒုက္ခရောက်လျင် ပြေးစရာမြေကား မရှိတော.ပြီ ။ လတ်တလောတွင်မှ အင်္ဂလန်နိုင်ငံတွင် အိန္ဒိယအိမ်ဖော်များအား အခကြေးငွေတန်ရာတန်ကြေးမပေးပဲ မတန်တဆ ခိုင်းစေခံရမှုအတွက် အိန္ဒိယ အိမ်ဖော်များဆန္ဒထုတ်ဖော်ပွဲတစ်ခု လန်ဒန်တွင် ပြုလုပ်ခဲ.ကြသည် ။ဒီမိုကရေစီဘိုးအေ အင်္ဂလန်နိုင်ငံမှာပင် ဤအဖြစ်များကရှိနေပေသည် ။ ဟောင်ကောင်တို. ၊ တရုတ်တို. ၊စင်္ကာပူတို.ဆိုလျင်ကားပြောစရာမရှိတော.ပေ ။
အစိုးရတစ်ရပ်၏တာဝန်တွင်သူ.နိုင်ငံသားများကို လူနေမှုကုန်ကျစားရိတ်နှင်.ကာမိသော အလုပ်အကိုင်အခွင်.အလမ်းများရှာဖွေပေးဖို.ပါဝင်ပါသည် ။ ထိုသို.အလုပ်အကိုင်ရှာမပေးနိုင်ပဲ နိုင်ငံခြားသို.အိမ်ဖော်အဖြစ်စေလွှတ်ခြင်းမှာ ကိုယ်.နိုင်ငံသားများ၏အနာဂါတ်ကိုသတ်ပစ်ခြင်းနှင်.တူပါသည် ။ တိုင်းပြည်၏ပုံရိပ်ကိုနှိမ်.ချပစ်ရာလည်းကျပါသည်။ အစိုးရမှ ယခုစဉ်းစားနေသော မြန်မာနိုင်ငံ၏ပို.ကုန်အမယ်သစ်မှာ တိုင်းပြည်၏သိက္ခာကို တင်ပို.ရောင်းချနေခြင်းပင်ဖြစ်ပါသည် ။ နိုင်ငံတော်၌ ကျွန်းသစ်နှင်. ကျောက်စိမ်းများကုန်သွား သဖြင်.အကြံကုန်ဂဠုန်ဆားချက်ဆိုသလို အိမ်ဖော်ကို ပို.ကုန်အသစ်အဖြစ် တီထွင်ကြံဆလာကြခြင်းလားဟုလဲတွေးမိပါသည် ။
ယခင်ကကျွန်တော်တို.မြန်မာနိုင်ငံသားများသည် နိုင်ငံခြားရောက်၍ဘယ်နိုင်ငံကလာပါသလဲဟု မေးခံရလျင် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ် ဦးသန်.၏နိုင်ငံမှလာပါသည် ဟု ဂုဏ်ယူစွာပြောကြားခဲ.ကြပါသည် ။ ယခုအခါ မြန်မာဆိုသည်.နိုင်ငံကိုမသိလျင် ငြိမ်းချမ်းရေးနိုဘဲဆုရှင်ဒေါ်အောင်ဆန်းစုကြည်တို.နိုင်ငံမှလာပါသည် ဟုပြောလျင်သိကြသည် ။ နောင်လာမည်.မျိုးဆက်များအတွက် ကျွန်တော်တို.သည် နိုင်ငံ၏ ပုံရိပ်ကိုဘယ်အရာဖြင်.အမွေထားရစ်ခဲ.ကြမည်နည်း ။ မြန်မာနိုင်ငံဟုဆိုလျင် အော် အိမ်ဖော်တွေ တင်ပို.တဲ.နိုင်ငံကလာတာပေါ.ဟု ကျွန်တော်တို. သားမြေးများလက်ထက်တွင် ကမ္ဘာက အမည်သညာတပ်ခံရမှာကိုတော.မဖြစ်စေချင်ပါကြောင်း လေးနက်စွာ တင်ပြလိုက်ရပါသည် ။
သရ၀ဏ်(ပြည်)
စောင်.ကြည်.ဂျာနယ်
၇.၁.၂၀၁၄
ပြည်သတင်း
...
https://www.facebook.com/pyaynews
ပြည်အရောင်းအ၀ယ်
https://www.facebook.com/groups/pyaymarket
ပြည်သတင်းများ ဆုံဆည်းရာ
https://www.facebook.com/groups/670687089615364
No comments:
Post a Comment