Tuesday, January 7, 2014

ပြည်မြို့မှာ (၁၅၀၀)တန်ဖိုးနည်းဖုန်းဆင်းကဒ်(ပျောက်/ပျက်)သူတွေဟာ မြန်မာ့ဆက်သွယ်ရေးရုံးတွင်ပြန်လည်လျှောက်တင်သူတွေအခက်အခက်အခဲတွေ့ကြုံ





*****************************************************

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့မှာ
(၁၅၀၀)တန်ဖိုးနည်းဖုန်းဆင်းကဒ်(ပျောက်/ပျက်)သူတွေဟာ မြန်မာ့ဆက်သွယ်ရေးရုံးတွင်ပြန်လည်လျှောက်တင်သူတွေအခက်အခက်အခဲတွေ့ကြုံတွေ့နေရပြီး မြန်မာ့ဆက်သွယ်ရေးဌာနမှ သတ်မှတ်ထားတဲ့ ၀န်ဆောင်မှုငွေကိုတော့ ပြည်သူတွေ အပြည့်အ၀ပေးဆောင်ခဲ့ရကြောင်း ဖုန်းဆင်းကဒ် ပြန်လည်လျှောက်ထားသူ ကိုသားကြီးမှ ယခုလိုပြောကြားခဲ့…

ကျွန်တော့ဖုန်းလိုင်းပိတ်သွားလို့ ဆက်သွယ်ရေးရုံးမှာ ပြန်လျှောက်ခဲ့ပါတယ် ဆက်သွယ်ရေးရုံးက တစ်ပတ်ကြာရင် လိုင်းပြန်ပွင့်မယ်လို့ပြောပါတယ် တစ်ပတ်ပြည်တော့လည်းပြန်မပွင့်တာနဲ့ကျွန်တော်ပြန်ပြောတော့ ရက်လွန်သွားတယ်ဆိုပြီး ဒဏ်ကြေးငွေ(၁၃၀၀၀ိ/)ကျပ် ဆောင်ခဲ့ရပါတယ် ဒါပေမဲ့လိုင်းကခုချိန်ထိပြန်မပွင့်ပါဘူး ဆက်သွယ်ရေးရုံးကို သွားပြောရတာလည်းများနေပါပြီ ဟု ဖုန်းဆင်းကဒ်ပြန်လည်လျှောက်ထားသူ ကိုသားကြီးကပြောပြပါတယ်။

၎င်းကိစ္စနှင့်ပက်သတ်ပြီး မြန်မာ့ဆက်သွယ်ရေးရုံးမှ ဦးဟန်နီစိုး(တိုင်းလက်ထောက်မန်နေဂျာ)အားမေးမြန်းခဲ့ရာယခုလိုပြန်လည်ဖြေကြားခဲ့……..ဌာနမှာကြာရခြင်းကတော့ ဟိုတလောက(537)အဲဒိကဒ်တွေဟာ ရုံးမှာလက်ကျန်မရှိတဲ့အတွက် ရုံးချုပ်ကိုလည်းသွားရောက်မထုတ်ယူသေးရတဲ့အတွက် ချက်ချင်းထုတ်မပေးနိုင်ခဲ့တာပါ အခုတော့(537)တွေကို ချက်ချင်းထုတ်ပေးလို့ရပါပြီ ကဒ်ပျက်ကတော့ မှုရင်းကဒ်အပျက်ရှိရပါမယ်၊စာချုပ်စာတမ်းမိတ္ထူမှုရင်းနဲ့ မှတ်ပုံတင်မိတ္ထူရှိမယ်ဆိုရင် ငွေပေးဆောင်စရာမလိုပါဘူး(အခမဲ့)ပါ ကဒ်ပျောက်ဆိုရင်တော့ (၂၀၀၀၀ိ/)ကျပ်ပေးဆောင်ရပါမယ် ဘဏ်မှာသွင်းရမှာပါ ရဲစခန်းထောက်ခံစာ နဲ့ စာချူပ်စာတမ်းမှုရင်းမိတ္ထူမှတ်ပုံတင်မိတ္ထူ ပါရပါမယ်လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

ပဲခူးတိုင်းဒေသကြီး(နောက်) ပြည်ခရိုင် ပြည်မြို့မှာ 2013ခုနှစ်အတွင် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှုးရုံးများတွင် မဲစနစ်ဖြင့် (၁၅၀၀ိ/)တန်ဖိုးနည်းဆင်းကဒ်များအား(၈)ကြိမ်ချထားပေးခဲ့ပြီး လက်ရှိ ပြည်မြို့မှာ ဖုန်းဆင်းကဒ်ပွဲစား(အပြင်)မှာတော့ (၁၅၀၀ိ/တန် CDMA ဖုန်းဆင်းကဒ်(၁)ကဒ်လျှင် ၁၀၀၀၀၀ိ/ကျပ်ခန့်) ရှိနေပြီး (၁၅၀၀ိ/တန် GSM ဖုန်းဆင်းကဒ်(၁)ကဒ်လျှင် ၁၁၀၀၀၀ိ/ကျပ်ခန့်) ရှိကြောင်းသတင်းရရှိခဲ့ပါတယ်။…

.ပြည်သတင်းလူငယ်….

ပြည်သတင်း
...
https://www.facebook.com/pyaynews

ပြည်အရောင်းအ၀ယ်

https://www.facebook.com/groups/pyaymarket

ပြည်သတင်းများ ဆုံဆည်းရာ

https://www.facebook.com/groups/670687089615364

No comments:

Post a Comment