Sunday, January 5, 2014

ပြည်ခရိုင် နိုင်/ကျဉ်း ရုံးခန်းဖွင့်ပွဲ နှင့် ကျောင်းတော်ပြန်တို့စကားဝိုင်း


ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့တွင် (၄.၁.၂၀၁၄)ရက်နေ့ မနက်(၉း၀၀)နာရီမှာ ပြည်မြို့ ဆံတော်နယ်မြေ
၊ဆေးရေးရပ်ကွက်၊ပန်းပဲတန်းလမ်းတွင် (ပြည်ခရိုင်နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့)ရုံးခန်းကိုစတင်ဖွင့်လှစ်ခဲ့ပြီး
အဆိုပါရုံးခန်းဖွင့်ပွဲသို့ ရန်ကုန်မှ နိုင်ငံရေးအကျဉ်းသားဟောင်းများ၊ပြည်ခရိုင်အတွင်းရှိ နိုင်ငံရေးအကျဉ်းသားဟောင်း
များ စုစုပေါင်းအင်အား(၁၀၀)ခန့်တက်ရောက်ခဲ့ကြောင်းသိရသည်။

အဆိုပါအခမ်းအနားတွင် နိုင်ငံရေးအကျဉ်းသားအားလုံးတစ်ဦးကိုတစ်ဦး မိတ်ဆက်ပေးခြင်း၊များဖြင့် အဆိုပါ ရုံးခန်း
ဖွင့်ပွဲကိုဖွင့်လှစ်ခဲ့ပြီး (၅.၁.၂၀၁၄)ရက်နေ့ မနက်(၉း၀၀)အချိန်တွင် ပြည်မြို့ သံတစ်ချောင်းလမ်း နှင့် တရုတ်စုဝါရုံ
လမ်းထိပ်၊ခေတ်သစ်(၄)လွှာထပ်တွင် နိုင်ငံရေးအကျဉ်းသားဟောင်းများ (ကျောင်းတော်ပြန်တို့စကားဝိုင်း)ကို ကျင်းပပြုလုပ်ခဲ့
ခဲ့ပါတယ်။အဆိုပါ (ကျောင်းတော်ပြန်တို့စကားဝိုင်း)နိုင်ငံရေးအကျဉ်းသားစုစုပေါင်း(၃၅)ဦးခန့်တက်ရောက်ခဲ့တာဖြစ်ပြီး
ရန်ကုန်မှ နိုင်ငံရေးအကျဉ်းသားများ နှင့် ပြည်ခရိုင်အတွင်းရှိ နိုင်ငံရေးအကျဉ်းသားများတက်ရောက်ခဲ့ပါတယ်။ အဆိုပါ (ကျောင်းတော်ပြန်တို့စကားဝိုင်း)
သို့တက်ရောက်ခဲ့ပါတယ်။ အဆိုပါပွဲကို (၅)ရက်နေ့ နှင့် (၆)ရက်နေ့ နှစ်ရက်ကျင်းမှာပြုလုပ်သွားမှာဖြစ်ပြီး နေ့စဉ်မနက်(၉)နာရီ
မှ ညနေ(၄)နာရီအချိန်ထိ ကျင်းပပြုလုပ်သွားမှာဖြစ်ပေါတယ် အဆိုပါ စကားဝိုင်း၏ နောက်ဆုံးရက် (၆.၁.၂၀၁၄)ရက်နေ့
ည(၆း၀၀)ခန့်တွင် ညစာမိတ်ဆုံစားပွဲကို ပြည်ကမ်းနား သဲသောင်ပြင်တွင်ကျင်းပသွားမည်ဟုသိရပါတယ်။
အဆိုပါကျောင်းတော်ပြန်တို့စကားဝိုင်းတွင် ရန်ကုန်(နိုင်/စစ်)ကော်မတီ မှ ဦးရဲအောင်မှ လက်ရှိနယ်မှ နိုင်ငံရေးအကျဉ်းဟောင်းများ၏
လူနေမှုဘ၀မြင့်မားစေရန် အလုပ်အကိုင်အခွင့်အလမ်းများနှင့် ထောင်တွင်းခက်ခဲပင်ပန်းစွာနေထိုင် ဖြတ်သန်းကြုံတွေ့ခဲ့ရသော
(ဖြစ်ရပ်မှန်)ယနေ့လက်ရှိနေထိုင်ဖြတ်သန်းကြုံတွေ့နေရသော အခက်အခဲဒုက္ခများကို တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ဆွေးနွေးပြောဆို
ခဲ့ကြောင်းသတင်းရရှိခဲ့ပါသည်။..ပြည်သတင်းလူငယ်..

ပြည်သတင်း

https://www.facebook.com/pyaynews


No comments:

Post a Comment