ပန်းတောင်း ဇန်န၀ါရီ ၁၇
ပဲခူးတိုင်းဒေသကြီး ပန်းတောင်းမြို့နယ် တန့်ကြည်တောင်ခြေအနီး ဆင်တဲကျေးရွာ စက်တော်ရာကျောင်းဝန်းအတွင်း ဘုရားရုပ်ပွားတော်များနှင့် ဗုဒ္ဓသာသနိက အဆောက်အအုံများယိုယွင်းပျက်စီးေ နသည်မှာ နှစ်နှင့်ချီ၍ကြာမြင့်နေပြီးဖြစ်သော်လည်း ယနေ့အထိ ပြုပြင်မည့် အလှူရှင်မရှိသေးကြောင်း သိရသည်။ အဆိုပါ စက်တော်ရာကျောင်းတိုက်အတွင်း၌ ရှေးဟောင်းခြေတော်ရာတစ်ဆူရှိပြီး
ဆရာတော်များ အစဉ်အဆက် ပူဇော်ထားရှိခဲ့ကြောင်း သိရသည်။ ခြေတော်ရာနှင့်အတူ
ရှေးဟောင်းစေတီတော်များ၊ ရုပ်လုံးကြွ သူတော်စင်ရုပ်တုများနှင့်
အခြားသာသနိကအဆောက်အအုံများအပြင် ဉာဏ်တော် အမြင့်ပေ ၂၀ နီးပါးရှိသော မတ်ရပ်တော်ဘုရားကြီးလေးဆူတို့မှာ
ပြုပြင်လှူဒါန်းမည့်သူမရှိပဲ ယိုယွင်းပျက်စီးလျှက် ရှိနေသည်ကို တွေ့ရသည်။
စက်တော်ရာကျောင်းတိုက်သည် န၀ဒေးမြစ်ကူးတံတားကြီး အနောက်ဘက်ကမ်း တံတားထိပ်မှ
တောင်ဘက် ဆင်တဲသို့သွားရာ တောင်ခြေကားလမ်းပေါ်တွင် တည်ရှိပြီး တံတားမှ
နှစ်မိုင်ခန့်သာ ကွာဝေးပြီး အလွယ်တကူသွားရောက်ဖူးမျှော်နိုင်ကြောင်း သိရသည်။
ကျော်သက်ထွန်း(ဇီးကုန်း)
Pyay City
ပြည်သတင်း
https://www.facebook.com/ pyaynews
ပြည်အရောင်းအ၀ယ်
https://www.facebook.com/ groups/pyaymarket
ပြည်သတင်းများ ဆုံဆည်းရာ
https://www.facebook.com/ groups/670687089615364
ပဲခူးတိုင်းဒေသကြီး ပန်းတောင်းမြို့နယ် တန့်ကြည်တောင်ခြေအနီး ဆင်တဲကျေးရွာ စက်တော်ရာကျောင်းဝန်းအတွင်း ဘုရားရုပ်ပွားတော်များနှင့် ဗုဒ္ဓသာသနိက အဆောက်အအုံများယိုယွင်းပျက်စီးေ
ကျော်သက်ထွန်း(ဇီးကုန်း)
Pyay City
ပြည်သတင်း
https://www.facebook.com/
ပြည်အရောင်းအ၀ယ်
https://www.facebook.com/
ပြည်သတင်းများ ဆုံဆည်းရာ
https://www.facebook.com/
No comments:
Post a Comment