Wednesday, January 15, 2014

အကျဉ်းထောင်မှ လွတ်မြောက်လာသော ဘင်္ဂလီလူမျိုးများအား ပြည်မြို့မှတဆင့် လွှဲပြောင်းပို့ဆောင်





နယ်အသီးသီးရှိ အကျဉ်းထောင်မှ လွတ်မြောက်လာသော ဘင်္ဂလီလူမျိုး စုစုပေါင်း လူဦးရေ (53) ဦးသည် သာယာဝတီခရိုင်မှ တဆင့် Light Truck (3) စီးဖြင့် 15.1.2014 ည 11 နာရီ အချိန်ခန့်တွင် ပြည်မြို့၊ ပြည်လူဝန်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးဌာနရုံးသို့ ရောက်ရှိလာခဲ့ပါသည်။ သာယာဝတီခရိုင်မှ ပြည်ခရိုင်သို့ လွှဲပြောင်းလက်ခံပြီး၊ ပြည်ခရိုင်မှ မကွေးတိုင်းသို့ ဆက်လက်လွှဲပြောင်းပေးပို့မည်ဖြစ်ကြောင်းသိရပါသည်။

ရောက်ရှိလာသော ဘင်္ဂလီများအား ခရိုင် လ.၀.က မှူး ဦးသိန်းဝင်း၊ လက်ထောက်ညွှန်ကြားရေးမှူးနှင့်အဖွဲ့၊ ဒုရဲမှူး အောင်မြင့်ဦးနှင့်အဖွဲ့ တာဝန်ရှိသူ အသီးသီးတို့မှ စစ်ဆေးလက်ခံ လွှဲပြောင်းပေးပို့ခဲ့ကြပြီး ပြည်မြို့မှ မကွေးတိုင်းသို့ ပြန်လည်လွှဲပြောင်းရာတွင် ခြောက်ဘီး အဖြူကြားတစ်စီး၊ Light truck (1) စီး စုစုပေါင်း နှစ်စီးဖြင့် (လ.၀.က) မြို့နယ်ဦးစီးရုံးမှ 16.1.2014 နံနက် 1 နာရီ 10 မိနစ်တွင် ထွက်ခွာခဲ့ကြကြောင်း သတင်းရရှိပါသည်။

ပြည်သတင်း

https://www.facebook.com/pyaynews

ပြည်အရောင်းအ၀ယ်

https://www.facebook.com/groups/pyaymarket

ပြည်သတင်းများ ဆုံဆည်းရာ

https://www.facebook.com/groups/670687089615364

No comments:

Post a Comment