Wednesday, July 31, 2013

တနင်္သာရီတိုင်း ဒေသကြီး မြိတ်ခရိုင်ဘက်မှာ စစ်ရေးတင်းမာနေတဲ့ အခြေအနေမှာ ရှိနေတယ်

Leave a Comment

ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးထားတဲ့ မွန်ပြည်သစ်ပါတီနဲ့ မြန်မာစစ်တပ်တို့အကြား တနင်္သာရီတိုင်း ဒေသကြီး မြိတ်ခရိုင်ဘက်မှာ စစ်ရေးတင်းမာနေတဲ့ အခြေအနေမှာ ရှိနေတယ်လို့ မြိတ်ခရိုင်ဒေသခံ တပ်မှူးတွေက ပြောပါတယ်။ မွန်ပြည်သစ်တပ်ဖွဲ့ဝင်တွေ အခြေပြုရာ ထန်ဖရ ဂွင်ဘက်ကို မြန်မာစစ်တပ်ကနေ နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေတဲ့အတွက် တိုက်ပွဲ ဖြစ်ပွားလာနိုင်ဖွယ် ရှိတယ်လို့လည်း ဒေသခံတပ်မှူးတွေက ပြောပါတယ်။

မွန်ပြည်သစ်ပါတီဘက်ကတော့ ထိုးစစ်ဆင်မှုကို ရပ်တန့်ပေးဖို့ တောင်းဆိုထားသလို မြန်မာစစ်တပ်ဘက်ကနေ ဖမ်းဆီးသွားတဲ့ မွန်ပြည်သစ် တပ်မိသားစုဝင်တွေနဲ့ ရွာသားတွေကို အခုထိ ပြန်လည် လွတ်မြောက်လာတာ မရှိသေးတဲ့ အခြေအနေတွေကို ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် နိုင်ကွန်းအိန်ကနေ သတင်းပေးပို့ခဲ့ပါတယ်။

တနသာင်္ရီတိုင်းဒေသကြီး မြိတ်ခရိုင်ဘက်မှာ အခြေပြု လှုပ်ရှားနေတဲ့ မွန်ပြည်သစ်ပါတီ တပ်ဖွဲ့တွေနဲ့ မြန်မာစစ်တပ်အကြားမှာ စစ်ရေးအခြေအနေ တင်းမာနေတယ်လို့ ဒေသခံတပ်မှူးတွေက ပြောပါတယ်။  မွန်ပြည်သစ်တပ်ဖွဲ့ဝင်ရှိရာ ပေါင်းကိုးဒေသဘက်ကို မြန်မာစစ်တပ်ကနေ နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေတာကြောင့် တိုက်ပွဲဖြစ်ပွားဖို့ အခြေအနေရှိနေတယ်လို့လည်း  မွန်ပြည်သစ်ပါတီ မြိတ်ခရိုင် ဒေသခံတပ်မှူး ဗိုလ်မှူးဟံသာက ပြောပါတယ်။
“သူတို့ ထန်ဖရ ဂွင်မှာပဲ နေရာယူထားတုန်းပဲပေါ့။ တပ်ခွဲ နှစ်ခွဲတော့ ကျနော်တို့ ဒီ ထန်ဖရ ဂွင်နဲ့ ကျနော်တို့ တပ်စခန်းရှိရာ နေရာကို လာပြီးတော့ ကြည့်ဖို့ အခြေအနေ ရှိတယ်ပေါ့။ ကျနော်တို့လည်း အဲဒီဂွင်မှာပဲ။ ကျနော်တို့ လူတွေ တပ်တွေ ဖြန့်ထားတာရှိတယ်။ တကယ်လို့ သတင်းမပေးဘဲ ၀င်လာရင် တိုက်ပွဲဖြစ်ဖို့ အခြေအနေ ရှိတယ်ပေါ့။”

လက်ရှိ မြိတ်ခရိုင်ဒေသမှာ မွန်ပြည်သစ်ပါတီ တပ်ဖွဲ့နဲ့ မြန်မာစစ်တပ်တို့ စစ်ရေးအသင့်ပြင်နေတဲ့ အနေအထားမှာ ရှိနေတယ်လို့လည်း ဗိုလ်မှူး ဟံသာ က ပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၁၆ ရက်နေ့က မွန်ပြည်သစ်ပါတီ တပ်စခန်းချရာ မြိတ်ခရိုင် ပေါင်းကိုးဒေသ သုမင်္ဂလံရွာနားက တပ်စခန်းကို အစိုးရ ခမရ (၅၈၁) တပ်ဖွဲ့တို့ကနေ ၀င်ရောက်တိုက်ခိုက်ခဲ့တဲ့အတွက် မွန်ပြည်သစ်ပါတီဘက်က နှစ်ဦး သေဆုံးသွားသလို၊ မြန်မာစစ်တပ်ဘက်က ၁ ဦး ကျဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ဒါဟာ မွန်ပြည်သစ်ပါတီနဲ့ မြန်မာစစ်တပ်တို့အကြား ၁၈ နှစ်တာကာလအတွင်းမှာ ပထမဆုံးအကြိမ် အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ခဲ့တာပါ။ မြန်မာစစ်တပ်တွေအနေနဲ့ မြိတ်ခရိုင် ဒေသဘက်မှာ လှုပ်ရှားနေတဲ့ မွန်ပြည်သစ်တပ်ဖွဲ့တွေကို ထိုးစစ်ဆင်မှု ရပ်တန့်ပေးဖို့ မြန်မာအာဏာပိုင်တွေကို တောင်းဆိုထားတယ်လို့ မွန်ပြည်သစ်ပါတီ ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် နိုင်တလညီ က မွန်ဘာသာနဲ့ အခုလို ပြောပါတယ်။

အစိုးရဘက်ကနေ စစ်ရေးအရ ထိုးစစ်ဆင်နေတာတွေ ရပ်ပေးဖို့ ကျနော်တို့ တောင်းဆိုထားတယ်။ သူတို့အနေနဲ့ကတော့ တမော့ချမ်းတို့ဟာ မွန်ပြည်သစ်ပါတီက မဟုတ်ဘူးလို့ သူတို့ နားလည်ထားတယ်လို့ ပြောလာတယ်ပေါ့နော်။ တမော့ချမ်းတို့ဟာ ကျနော်တို့ မွန်ပြည်သစ်ပါတီ တပ်ဖွဲ့ဝင်လို့ ကျနော်တို့ တင်ပြထားတာရှိတယ်လို့ မွန်ဘာသာနဲ့ ပြောဆိုသွားတာပါ။
ဒီတိုက်ပွဲ မဖြစ်ပွားခင်နဲ့ ဖြစ်ပွားအပြီးမှာ မြန်မာစစ်တပ်ကနေ မွန်ပြည်သစ် တပ်ဖွဲ့ဝင်တွေနဲ့ ရွာသားတွေကို ဖမ်းဆီးသွားခဲ့ပါတယ်။ အဲဒီ ဖမ်းဆီးခံရသူတွေ ပြန်လည် လွတ်မြောက်လာတာ မရှိသေးဘူးလို့လည်း မြိတ်ခရိုင် ဒေသခံတပ်မှူး ဗိုလ်မှူး ဟံသာ ကပြောပါတယ်။

“အခု လောလောဆယ်တော့ တယောက်မှ လွတ်လာတာ မရှိသေးပါဘူး။ သူတို့ ထိန်းသိမ်းဆဲပဲ။ အကုန်လုံးဆိုရင် ကျနော်တို့ တပ်ဖွဲ့ဝင်နှစ်ယောက်၊ သူ့ဇနီး နှစ်ယောက်ဆိုရင်တော့ ၄ ယောက်ပေါ့။ နောက်ပြီးတော့ ရွာသား တစ်ယောက်ဆို စုစုပေါင်း ၅ ယောက်ပေါ့နော်။”

အခုလို ဖြစ်ပွားတဲ့တိုက်ပွဲနဲ့ ပက်သက်ပြီး မြန်မာစစ်တပ်က ဖမ်းဆီးထားတဲ့သူတွေ ပြန်လွှတ်ပေးဖို့နဲ့ စစ်ရေးပြဿနာ ဖြေရှင်းဖို့အတွက် မွန်ပြည်သစ်ပါတီ ခေါင်းဆောင်တွေအနေနဲ့ မြန်မာငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မီတီတို့နဲ့ လာမယ့်ရက်တွေမှာ ဆက်လက် ဆွေးနွေးသွားဖွယ် ရှိတယ်လို့လည်း မော်လမြိုင်ရုံးနေ မွန်ပြည်သစ်ပါတီ အရာရှိတဦးက ပြောပါတယ်။

တနင်္သာရီတိုင်း မြိတ်ခရိုင်ဒေသမှာ လှုပ်ရှားနေတဲ့ မွန်ပြည်သစ်ပါတီတပ်ဖွဲ့ကို မြန်မာအစိုးရစစ်တပ်ကနေ ၀င်ရောက် တိုက်ခိုက်ခဲ့တဲ့ လုပ်ရပ်ကို ရှုတ်ချတဲ့အနေနဲ့ ထိုင်းနိုင်ငံရောက် မွန်ရွှေ့ပြောင်းအလုပ်သမားများ၊ ထိုင်းနိုင်ငံ တက္ကသိုလ်မှာ ပညာသင်ကြားနေတဲ့ မွန်ကျောင်းသူကျောင်းသားများ ဘန်ကောက်မြို့မှာရှိနေတဲ့ မွန်များ စုစုပေါင်း ၁၅၀ ခန့်ဟာ ဇူလိုင် ၂၉ ရက်နေ့တုန်းက ဘန်ကောက်မြို့မှာရှိတဲ့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။

မွန်ပြည်သစ်ပါတီဟာ ၁၉၉၅ ခုနှစ် ဇွန်လမှာ မြန်မာစစ်အစိုးရနဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး ၂၀၁၀ ခုနှစ် ဧပြီလမှာ နယ်ခြားစောင့်တပ် အသွင်ပြောင်းလဲရေးကိစ္စနဲ့ ပက်သက်ပြီးတော့ ငြိမ်းချမ်းရေး ပျက်ပြယ်သွားခဲ့ပါတယ်။

 ၂၀၁၂ ခုနှစ် ဖေဖေါ်ဝါရီလမှာ ၀န်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့ အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မီတီအဖွဲ့နဲ့ ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်ဆဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်။

အခုလို အပစ်ရပ်လက်မှတ်ရေးထိုးထားတဲ့ကြားက မွန်ပြည်သစ်ပါတီနဲ့ တင်းမာမှုတွေ ဖြစ်နေတဲ့အပေါ် အစိုးရငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့အပေါ် ဒေသခံတွေထဲက အားမလို အားမရမှုတွေ ရှိနေပါတယ်။ လတ်တလော စံခလဘူရီမှာ နေထိုင်တဲ့ ၈၈ မျိုးဆက် ကျောင်းသားဟောင်း ABSDF ကျောင်းသားတပ်မတော်ခေါင်းဆောင်မှု အခန်းကဏ္ဍမှာ တာဝန်ယူခဲ့ဖူးသူ ကိုကိုဦး က သူ့ရဲ့ လူမှုကွန်ယက်ဝပ်ဆိုဒ်ပေါ်မှာ သူ့အမြင်ကို ဝေဖန်ရေးသားထားတာ တွေ့ရပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ ဦးစံမိုးဝေ က ကိုကိုဦး ကို ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

မေး။           ။ ကိုကိုဦးကိုယ်တိုင် အခု မွန်ပြည်နယ် နယ်စပ်မှာ ရောက်နေတာ ဆိုတော့ အခု လတ်တလောဖြစ်နေတဲ့ NMSP မွန်ပြည်သစ်တပ်တွေနဲ့ အစိုးရတပ်တွေကြားမှာ တင်းမာမှုတွေ ဖြစ်နေတယ်ဆိုတာ ကြားမိလားခင်ဗျ။

ဖြေ။            ။ ဟုတ်ကဲ့။ မွန်နဲ့ တိုက်ပွဲဖြစ်ပြီးတော့ သူတို့ နည်းနည်း တင်းမာသွားတယ်။ တင်းမာသွားတဲ့အပိုင်းမှာတော့ အဓိကက ဘာကြောင့်ဖြစ်သလဲ။ ဘာအတွက်ဖြစ်တာလဲ။ ဘယ်သူတိုက်ခိုင်းတာလဲ အခုထိ ကျနော်တို့က သဲသဲကွဲကွဲ မသိရသေးဘူး။ မွန်ဘက်ကလည်း ဒါကို မထုတ်ပြန်သေးဘူး။ နောက်တခါ ဗမာအစိုးရဘက်ကလည်း ဒါကို မထုတ်ပြန်သေးဘူး။ ဒါပေမဲ့ တင်းမာမှုကတော့ လောလောဆယ် ရှိနေဆဲပဲ။

မေး။           ။ နောက်တခုက ကိုကိုဦးရဲ့ လူမှုကွန်ယက် ဘလော့ခ်ပေါ်မှာပေါ့ အစိုးရရဲ့ ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့နဲ့ ပတ်သက်ပြီးတော့ မှတ်ချက်ရေးထား တာကို ကျနော်တို့ တွေ့ရပါတယ်။ ကိုကိုဦးအနေနဲ့ အဲ့ဒီ peace center အပေါ်မှာ ဘယ်လို အမြင်ရှိပါသလဲခင်ဗျ။

ဖြေ။            ။ ဟုတ်ကဲ့ ကျနော်မြင်တာက peace center က တကယ်တမ်း သူတို့က ငြိမ်းချမ်းရေးအတွက် လုပ်မယ်ဆိုရင် သူတို့မှာ လုပ်ပိုင်ခွင့် အတိုင်းအတာတစ်ခု ရှိရမယ်။ နောက်ပြီး ဦးသိန်းစိန်အစိုးရကလည်း သူတို့ကို လုပ်ပိုင်ခွင့် ပေးထားရမယ်။ ဒါပေမဲ့ အခုလို မွန်နဲ့ ပဋိပက္ခဖြစ်တဲ့ကိစ္စမှာ သူတို့ဘက်ကလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာမှ မထုတ်ပြန်နိုင်သလို၊ စစ်အစိုးရကလည်း ဘာမှ မထုတ်ပြန်ဘူး။ မွန်ဘက်ကလည်း ဘာမှ မထုတ်တဲ့အခါကျတော့ ပြည်သူလူထုအနေနဲ့ ဒီကိစ္စကို သဲသဲကွဲကွဲ မသိဘူး။ ငြိမ်းချမ်းရေးလည်း ယူထားတယ်။ တိုက်ပွဲလည်းဖြစ်တယ်ဆိုတော့ ဒီပြဿနာက ဘာပဲပြောပြော peace center နဲ့ ပတ်သက်လာတယ်။ သူတို့ရဲ့ လုပ်ပိုင်ခွင့် ရှိမှု - မရှိမှု အပေါ်မှာ ဒီဟာကို ကျနော်တို့က စံထားပြီး စဉ်းစားရမှာဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က ငြိမ်းချမ်းရေးဖြစ်အောင် လုပ်နေတယ်။ တဘက်မှာက တိုက်ပွဲတွေဖြစ်နေတယ်။ ဖြစ်လာတဲ့အပေါ်မှာ သူတို့က လူထုကို ချပြဖို့ တာဝန်ရှိတယ်လို့ ကျနော် ထင်ပါတယ်။ ဘာကြောင့် တိုက်ပွဲဖြစ်တယ်။ ဘယ်သူမှားသလဲ။ မွန်ဘက်က မှားသလား။ သူတို့တပ်ဘက်က မှားသလား။ ဒီကိစ္စကို ဘယ်လို အရေးယူမလဲ ဆိုတာတွေ ပါဖို့လိုပါတယ်။ ဒါမှသာ ကျနော်တို့က ငြိမ်းချမ်းရေးကို ဆက်လုပ်လို့ရမှာ။ ဒီလိုမျိုး လုပ်ပိုင်ခွင့်မရှိဘူး။ ပြောပိုင်ခွင့် မရှိဘူးဆိုရင် ဒီ peace center ဆိုတာက အလကားပဲ။ ကျနော် မြင်တာကလေ။

မေး။           ။ အဲ့ဒီ ငြိမ်းချမ်းရေး အကျိုးဆောင် အဖွဲ့ပေါ်မှာရော ဘာတွေများ မျှော်လင့်ထားသလဲ။

ဖြေ။            ။ ကျနော်ထင်တာကတော့ လောလောဆယ် သူတို့ လုပ်တဲ့ အနေအထားတခုက လက်ရှိ ဦးသိန်းစိန်အစိုးရက ချပေးတဲ့ လမ်းကြောင်းပေါ်မှာ လုပ်နေရတာဖြစ်တယ်။ အမှန်မှာက သူတို့ကတော့ peace center ဆိုတာက နှစ်ဘက်ကြားမှာ ရပ်ပြီး လုပ်ပေးရမှာ။ ဒါပေမဲ့ သူတို့က ဟိုဘက်ကို ပိုနီးစပ်ပြီးတော့ လုပ်နေရတဲ့အပိုင်းတွေကို တွေ့နေရတော့ ကျနော် ပြည်သူတယောက်အနေနဲ့ ပြောရမယ်ဆိုရင်တော့ သိပ်တော့ အားမရဘူး။ ကျနော့်အနေနဲ့ ပြောရမယ်ဆိုရင်တော့ peace center ဟာ လိုတောင်မလိုအပ်ဘူး ဖြစ်နေတယ် ဒီနေ့ ဒီအချိန်မှာ။ အစိုးရက တိုက်ရိုက်စကားပြောနိုင်ပြီ။ ၀န်ကြီးဌာနက တိုက်ရိုက်စကားပြောနိုင်ပြီ။ ဥပမာ တိုင်းရင်းသားအဖွဲ့အစည်းတခုက သူတို့က ၀န်ကြီးဌာနတခု ကိစ္စနဲ့ပတ်သက်ပြီး ဆွေးနွေးချင်တယ်။ ဥပမာထားပါတော့ ပြည်ထဲရေးကိစ္စ peace center က တာဝန်ခံပြီးတော့ ပြောလို့မရဘူးခင်ဗျ။ ပြည်ထဲရေး ၀န်ကြီးဌာနက ပြောရတော့မယ်။ ဒီနေ့အချိန်မှာ ကျနော်ထင်ပါတယ်။ peace center က မလိုအပ်တော့ဘူး။ ပထမ ကျနော်တို့ ငြိမ်းချမ်းရေး ဆက်လုပ်တာ လိုအပ်ပါတယ်။ ဒီနေ့ ဒီအချိန်မှာတော့ မလိုအပ်တော့ဘူးလို့ ကျနော်ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ပိုပြီးတော့ နက်ရှိုင်းတဲ့ ငြိမ်းချမ်းရေးကိစ္စ လုပ်ဖို့အတွက်ကို ပိုပြီး တာဝန်ရှိတဲ့သူကို တိုက်ရိုက်ဆွေးနွေးတာဟာ အကောင်းဆုံးပဲလို့ ကျနော်မြင်တယ်။

မေး            ။ အဲ့ဒီ peace center ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းတွေ ပိုပြီးတော့ ထိရောက်အောင် ဘာတွေလုပ်သင့်တယ်လို့ ယူဆသလဲ။

ဖြေ။            ။ ဒီအခြေအနေမှာ ကျနော်က ပြောစေချင်တာက peace center က သူတို့ ပိုပြီး တိုးချဲ့ဖွဲ့ရလို့ရှိရင်ကို ပိုပြီး တာဝန်ရှိတဲ့သူတွေ ပါလာအောင် သူတို့ လုပ်ရမယ်။ နောက်တခါ ဒီ ကျနော်တို့ peace center မှာ မပါသေးတဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေက သူတို့ peace center မှာ ထည့်ပြီးတော့ ပူးပေါင်းပြီး ဖွဲ့စည်းရမယ်။ သူတို့ချည်းပဲ ဦးသိန်းစိန် အစိုးရဘက်က လူတွေချည်းပဲ မဖွဲ့စည်းဘဲနဲ့ ဒီဘက်မှာရှိတဲ့ တိုင်းရင်းသားခေါင်းဆောင် မဟုတ်ရင်တောင်မှ ဗမာပြည်မှာရှိတဲ့ တိုင်းရင်းသား လူမျိုးတွေထဲက လူထုလေးစားလောက်တဲ့ ခေါင်းဆောင်တွေ peace center မှာ ထည့်ပြီးတော့ တိုးချဲ့ပြီးတော့ တကယ်တမ်းလုပ်ဖို့အတွက် လိုအပ်တယ်။ ပြောရမယ်ဆိုရင် messenger အဆင့်မှာပဲရှိတယ် peace center က လက်ရှိအနေအထားမှာ။

Read More...

မွန်ပြည်သစ်ပါတီနဲ့ မြန်မာစစ်တပ်တို့အကြား တနင်္သာရီတိုင်း ဒေသကြီး မြိတ်ခရိုင်ဘက်မှာ စစ်ရေးတင်းမာနေတဲ့ အခြေအနေမှာ ရှိ

ကိုခင်မောင်သန်း+မစုသက်လှိုင် တို့ရဲ့ မင်္ဂလာ(၂)နှစ်ပြည့် အထိမ်းအမှတ်အလှူအဖြစ် လှူဒါန်းခဲ့တဲ့ မျက်စိဝေဒနာသည်များအတွက်လှူဒါန်းငွေ(၁၅၀၀၀၀)ကျပ်

Leave a Comment

ကိုခင်မောင်သန်း+မစုသက်လှိုင် တို့ရဲ့
မင်္ဂလာ(၂)နှစ်ပြည့် အထိမ်းအမှတ်အလှူအဖြစ် လှူဒါန်းခဲ့တဲ့
မျက်စိဝေဒနာသည်များအတွက်လှူဒါန်းငွေ(၁၅၀၀၀၀)ကျပ်ဖြင့်
ဒုတိယမြောက် မျက်စိ အပြင်တိမ်စွဲ လူနာ တစ်ဦးကို ခွဲစိတ်ကုသပေးခဲ့ပါတယ် လူနာက အုပ်ဖိုမြို့နယ် ဂွေးတောက်စမ်းကျေးရွာ ကပါ လယ်လုပ်ပါတယ်
လွန်ခဲ့တဲ့ တစ်နှစ်ကျော် မိုးဦးကျမှာ လယ်ထဲဆင်း ပေါင်းနှုတ်ရင်း စပါးရွက်မျက်လုံးထဲထိုးမိခဲ့ပါတယ်
ဒါဏ်ရာကို တောဆေးတောင်ဆေးနဲ့ဘဲ ကုသ ကျတ်ပူထိုးနဲ့ နေသာတော့ ခပ်ပေါ့ပေါ့ဘဲနေလာခဲ့တာ လွန်ခဲ့တဲ့ ၆လလောက်မှာ မျက်လုံးထဲကမျက်ဝတ်ထွက်သလို ဝေဝါးဝါးစဖြစ်လာပါတယ်တဲ့ ဖြည်းဖြည်းများလာပိုဝါးလာမှသတိထားမိလာတာ မျက်ဆံနက်ရှေ့မှာအဖြူစလေးတွေတွေ့လာရတာပါ တိမ်ထင်ရှားလာတာနဲ့အမျှ ညာဖက်မျက်လုံးက တဖြည်းဖြည်းမမြင်ရတော့ပါ ပီတိကိုဆက်သွယ်လာချိန်မှာ ညာမျက်လုံးအနေနဲ့ မမြင်ရသလောက်ဖြစ်နေပါပြီ
မျက်စိဝေဒနာသည်မိန်းခလေး `ပီတိ´ကိုရောက်ရောက်ချင်းဘဲ ကိုခင်မောင်သန်းတို့လှူဒါန်းထားတဲ့ ရံပုံငွေလေးကလည်းရှိနေလေတော့ ပြည်မြို့ဆေးရုံကြီးက မျက်စိ တိုင်းအထူးကုဆရာဝန်မကြီး Dr.ဒေါ်ခင်ဥမ္မာနဲ့ဆက်သွယ် ဆေးရုံတင် ခွဲစိတ်ပေးခဲ့ပါတယ် Dr.ဒေါ်ခင်ဥမ္မာနဲ့ `ပီတိ´ချိတ်ဆက်ပြီးမျက်စိဝေဒနာသည်တွေကို ခွဲစိတ်ကုသပေးနေတာ ၄ နှစ်လောက်ရှိနေပါပြီ အလှူရှင်တွေဖိတ်ခေါ်ပြီး`မျက်စိကုသမှု့ရံပုံငွေ´သီးသန့်ထူထောင်ပြီးကုသပေးခဲ့ရပါတယ်
ဆေးရုံကြီး မျက်စိဆောင်မှာ နှစ်ညအိပ် ၃ ရက်နေပြီး ပါတ်တီးခွာစစ်ဆေးပြီးပါပြီ အားလုံးအဆင်ပြေပါတယ် ဆေးရုံကြီးမျက်စိဆောင်ရဲ့ ထောက်ပံ့မှု့တစ်ချို့နဲ့ သက်သာသောနှုံးထားသတ်မှတ်ကုသပေးခဲ့တဲ့ မျက်စိတိမ်စွဲဝေဒနာသည်တစ်ယောက်
အလင်းရလို့ သဘာဝလောကကြီးကို သဘာဝကျစွာ အရှိတိုင်းရှု့မြင်ခွင့်ရခဲ့ပါပြီ မိသားစုလယ်ယာလုပ်ငန်းခွင်မှာ အခက်အခဲမရှိ အထွက်တိုးစပါးတွေ အားသွန်ခွန်စိုက် ပြန်လည်စိုက်ပျိုးပေးနိုင်တော့မှာပါ
မျက်စိဝေဒနာသည်တွေအတွက် ရံပုံငွေလှူဒါန်းပေးပါသော ကိုခင်မောင်သန်း+မစုသက်လှိုင်မိသားစုနဲ့ အလှူရှင်များရဲ့ လှူဒါန်းမှု့အကျိုးရလာဘ်တွေကို အတွေးနယ်ခြဲ့ရင်း
လှူဒါန်းခဲ့မှု့အစုစုကို မျက်စိဝေဒနာသည်များကိုယ်စား ကျေးဇူးတင်ရှိပါကြောင်းနဲ့ အလှူရှင်မိသားစုများသည်လည်း ပညာညာဏ်အလင်း လှူဒါန်းခြင်းကဲ့သို့ ပွင့်လင်းသောညာဏ်စက္ခုဖြင့် နိဗ္ဗါန်မဂ်ဖိုလ်သို့တိုင် ရနိုင် ရောက်နိုင်ကြသည် ဖြစ်ကြပါစေလို့ တောင်းဆုခြွေလိုက်ရပါတယ်…

သုခိအတ္တာနံ ပရိဟရန္တု
Piti Charity Dispensary

ပြည်သတင်း
https://www.facebook.com/pyaynews
Read More...

မြန်မာနိုင်ငံမှာ လူနည်းစုက ''မွတ်စလင်မဟုတ်ပါဘူး။ ဟိန္ဒူတွေ ဖြစ်ပါတယ်'' သီတဂူဆရာတော်ကြီး၏ အမျိုးသားရေးတရား ကောက်နုတ်ချက်

Leave a Comment

ရန်ကုန်မြို့လယ်ခေါင်မှာ သိမ်တော်ကြီးကျောင်းတိုက်ဆိုတာ ရှိတယ်။ သာသနာရောက်ကထဲကစ ရှိတဲ့''သိမ်တော်ကြီး''ပါ။ ရဟန္တာသမုတ်တဲ့ ''သိမ်ကိုးလုံး''ရှိတယ်။ သိမ်တစ်လုံးကတော့ ရွှေတိဂုံတောင် ဘက်နားမှာရှိတယ်။

ကျန်တဲ့သိမ်တွေဘယ်ရောက်ကုန်လဲဆိုတာကို သမိုင်းကိုလေ့လာဖို့လိုပါတယ်။ ''သိမ်ကြီးဈေး'' မရှိစဉ်က အဲဒီနေရာမှာ ''ကျိုက်မြတ်သံချို''ဆိုတဲ့စေတီတော်ကြီး တစ်ဆူရှိတယ်။ ဆူးလေဘုရားလောက်ရှိတယ်။

အဲဒီစေတီတော်ကြီးရဲ့ အနီးအနားမှာ စေတီငယ်လေးတွေအများကြီးပဲ။ စေတီလေးတွေကြားမှာ ထီးလေးတွေနဲ့ဗမာတွေဈေးရောင်းကြတယ်။

မွတ်စလင်ပိုင် ''စူလတန်ကုမ္ပဏီ''က အင်္ဂလိပ်အစိုးရကို''ရန်ကုန်မြို့လယ်ခေါင်မှာ ဈေးမရှိသေးဘူး၊ဈေးကြီးဆောက်ချင်တယ်'' ဆိုပြီးတော့ ဈေးဆောက်ခွင့်တောင်းတယ်။

''စူလတန်''ဆိုတာ မော်လမြိုင်ဈေးကြီးဆောက်ပြီးတဲ့ ကုမ္ပဏီပဲ။ သူတို့ကအကွက်မြင်တယ်။ ''ဈေးဆောက်ခွင့်ပေးပါ''ဆိုတော့ အင်္ဂလိပ်အစိုးရက အခုသိမ်ကြီးဈေးနေရာကို ပေးလိုက်တယ်။

''စူလတန်ကုမ္ပဏီ''က ကျိုက်မြတ်သံချိုဘုရားနဲ့ အတူတူအခြားစေတီလေးတွေ အကုန်လုံး ဖျက်သိမ်းပြီးတော့ သိမ်ကြီးဈေးကို ဆောက်တယ်။

စေတီတွေ သိမ်းကြီးဈေးထဲမှာပဲပျောက်သွားတယ်။ ဒါပေမဲ့ သိမ်ကြီးဈေးဘေးမှာတော့''ဗလီ''က အခုထိ ရှိပါသေးတယ်။

သိမ်ကြီးဈေးဆာက်တော့''ဘုရား''တော့ ပျောက်သွားတယ်။ ''ဗလီ''ပဲ ကျန်တယ်။

ရန်ငြိုးနဲ့ပြောတာမဟုတ်ဘူး။ သမိုင်းအမှန်ကို ပြောပြခြင်းပါ။ သမိုင်းကြောင်းတွေကိုအရှင်ဘုရားတို့ တပည့်တော်တို့သိဖို့အရေးကြီးတယ်။

လူ့အခွင့်အရေးဆိုတာတွေပြောရင် ''စေတီတွေ မပျောက်ကွယ်ခွင့်''ဆိုတာကိုလည်းပဲပြောရမယ်။

လူ့အခွင့်အရေးသမားတွေဟာ ''ဗုဒ္ဓဘာသာဘက်'' ကလည်းရပ်တည်ပေးသင့်ပါတယ်။ အခုတော့ မြန်မာနိုင်ငံမှာ ''မွတ်စလင်လူနည်းစု''ဆိုပြီး သူတို့ဘက်ကပဲရပ်တည်ပေးနေတယ်။

တကယ်တော့ မြန်မာနိုင်ငံမှာ လူနည်းစုက ''မွတ်စလင်မဟုတ်ပါဘူး။ ဟိန္ဒူတွေ ဖြစ်ပါတယ်''။

ဒါကြောင့်တပည့်တော်တို့ရဲ့အဖွဲ့အစည်းရဲ့နောက်မှာ တစ်ခုခု ပြောစရာလိုလာရင် သမိုင်း အထောက်အထား ခိုင်မာအောင်ပြောဖို့ လိုလိမ့်မယ်။ အဲဒါကိုလည်းတင်ပြပါတယ်။
(အင်းစိန်သံဃာ့ညီလာခံကြီး၌မိန့်ကြားတော်မူခဲ့သော သီတဂူဆရာတော်ကြီး၏ အမျိုးသားရေးတရား ကောက်နုတ်ချက်)

“ေ
Read More...

တရားရုံးများကို မထီမဲ့မြင်ပြုမှု ဥပဒေကို နိုင်ငံတော်သမ္မတက

Leave a Comment

e
0731law(ဓာတ်ပုံ - နိုင်ငံတော်သမ္မတရုံးဝပ်ဆိုဒ်)
30.07.2013

တရားရုံးများကို မထီမဲ့မြင်ပြုမှု ဥပဒေကို နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုးပြီး ဇူလိုင်လ ၂၉ ရက်နေ့စွဲနဲ့ ပြဌာန်းလိုက်ပြီ ဖြစ်ပါတယ်။ ကိုလိုနီခေတ်က ‘အင်္ဂလိပ်’ ဘာသာနဲ့ ရှိခဲ့တဲ့ The Contempt of Courts Act ကို ရုပ်သိမ်းပြီး ‘မြန်မာ’ ဘာသာစကားနဲ့ အသစ် ပြဌာန်းလိုက်တာလည်း ဖြစ်ပါတယ်။ ဒီဥပဒေအပေါ် တရားရေး လောကသားတွေနဲ့ မီဒီယာလောကရဲ့ အမြင်တွေကို ကိုကျော်ကျော်သိန်းက မေးမြန်းစုစည်းပြီး ရန်ကုန်မြို့ကနေ သတင်းပေးပို့ခဲ့ပါတယ်။

အခုပြဌာန်းလိုက်တဲ့ တရားရုံးများကို မထီမဲ့မြင်ပြုမှု ဥပဒေဟာ အမှန်တကယ်လိုအပ်တဲ့ ဥပဒေတစ်ခု ဟုတ်ရဲ့လားဆိုတဲ့ အပေါ် တရားရေးလောကသားတွေအကြား အမြင်ကွဲပြားမှုရှိနေပါတယ်။ အများစုက ဒီဥပဒေဟာ တစိတ်တပိုင်းအားဖြင့် လိုအပ်တယ်လို့ ပြောကြပေမဲ့လည်း ကိုယ်တိုင်က ရှေ့နေတစ်ဦးလည်းဖြစ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တစ်ဦးလည်းဖြစ်တဲ့ သင်္ဃန်းကျွန်းမြို့နယ် မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က ဒီဥပဒေကို မူကြမ်းဘ၀ကတည်းက ကန့်ကွက်ခဲ့ပြီး ပြင်ဆင်ဖြည့်စွက်ချက်တွေကိုလည်း တင်သွင်းခဲ့သူပါ။

ဒီဥပဒေဟာ ပြည်သူတွေကို ကာကွယ်တဲ့ဥပဒေမဟုတ်ဘဲ လက်တွေ့မှာ တရားသူကြီးတွေကို ကာကွယ်တဲ့ဥပဒေ ဖြစ်နေတယ်လို့ ပြောသလို သတင်းမီဒီယာတွေအပေါ် ကန့်သတ်ချက်တွေ ပြဌာန်းထားတာကိုလည်း ဦးသိန်းညွန့်က ထောက်ပြပါတယ်။

“ဒီဥပဒေကို ကျနော် ပယ်ဖျက်ဖို့၊ နောက် ပြင်ဆင်တဲ့အခါမှာလည်း ကျနော့် ပြင်ဆင်ချက် တပိုဒ်ပဲ အောင်မြင်တယ်ပေါ့။ ဒါကလည်း အရေးမပါတဲ့အပိုဒ်၊ အရေးပါတဲ့အပိုဒ်တိုင်း မအောင်မြင်ဘူး။ နောက်တခုက ကျနော်က ဒီဟာနဲ့ပတ်သက်ရင် ထောင်ဒဏ်ကို ပယ်ဖျက်ဖို့ ဒီနေ့ ဟိုဟာဖြစ်ရင် ထောင်ဒဏ်အစား ငွေဒဏ်ပဲ သတ်မှတ်ဖို့၊ ကျနော် တင်ခဲ့တယ်။ အဲ့ဒါလည်း မအောင်မြင်ခဲ့ဘူးဗျ။”

အဲဒီလိုဆိုပေမဲ့လည်း ဥပဒေသစ်ရဲ့ အခန်း ၃ မှာ ကင်းလွတ်ချက်များဆိုပြီး သတင်းမီဒီယာတွေအပေါ် ကင်းလွတ်ခွင့် ပေးထားတာတွေကတော့ ကောင်းတဲ့အချက်အဖြစ် ဦးသိန်းညွန့်က မြင်ပါတယ်။ ဦးသိန်းညွန့်ကိုယ်တိုင်က အရင်ရှိခဲ့တဲ့ The Contempt of Courts Act နဲ့ အရေးယူခံရပြီး ရှေ့နေလိုင်စင် ရုပ်သိမ်းခံခဲ့ရဖူးသူလည်း ဖြစ်ပါတယ်။

မှုခင်းတစ်ရပ်နဲ့စပ်လျဉ်းလို့ တရားမျှတပြီး မှန်ကန်တိကျခိုင်လုံတဲ့ အချက်အလက်တွေကို ရဖို့ဆိုရင် တရားရုံးသတင်းထောက်တွေကို ထားခွင့်ပြုဖို့လိုပြီး အဲဒီလိုရဖို့အတွက် တောင်းဆိုသွားမယ်လို့ မြန်မာဂျာနယ်လစ်ကွန်ယက်က တွဲဘက်အတွင်းရေးမှူး ၂ ဦးသန်းဌေးက ဗွီအိုအေကို ပြောပါတယ်။

“သတင်းထောက်တွေက တရားရုံးမှာ တရားဝင် သတင်းထောက်ဖြစ်ပြီးတော့ ကျနော်တို့ အသိအမှတ်ပြုပြီးတော့ လွှတ်တော်ထဲမှာ ၀င်ပြီး သတင်းယူခွင့်ရတဲ့ သတင်းထောက်လိုမျိုး တရားရုံးမှာ တရားဝင် သတင်းယူခွင့်ရတဲ့ သတင်းထောက်အဖြစ် ကျနော်တို့ကို သက်ဆိုင်ရာက အစိုးရပိုင်းက တိုင်းဒေသကြီးတို့ ပြည်နယ်တို့ကနေ တရားဝင် ကျနော်တို့ကို ကဒ်ပြားတွေ ပေးဖို့ ကျနော်တို့ ဆက်တောင်းဆိုမှာပါ။ အဲ့ဒါဆိုရင် စောစောက ပွင့်လင်းမြင်သာတဲ့ သတင်း တရားစီရင်ရေးဖြစ်ပြီးတော့ အရင်တုန်းက တရားရုံးရဲ့ တရားဝင် သတင်းထောက်တွေ ဖြစ်ပြီးလို့ရှိရင် ကျနော်တို့ စောစောကပြောတဲ့ တရားသူကြီးနဲ့ ရှေ့နေတွေက အချက်အလက်အမှန်တွေ ကျနော်တို့ကိုပေးရင် သေချာတယ် ကျနော်တို့က ရေးသားတာကိုလည်း အမှုစီရင်ဆဲမှာ တရားမျှတပြီး မှန်ကန်တိကျ ခိုင်လုံတာကို အထောက်အထားနဲ့ ရေးနိုင်တယ်။ အမှုစီရင်ပြီးရင်လည်း ဝေဖန်ချက်တွေ၊ အကြံပြုတဲ့ ဆောင်းပါးတွေ သေချာရေးနိုင်ပါလိမ့်မယ်။”

The Contempt of Courts Act နဲ့ အရေးယူခံရပြီး ၂၀၀၈ ခုနှစ်တုန်းက ထောင် ၄ လ ကျခဲ့သလို ရှေ့နေလိုင်စင်လည်း ရုပ်သိမ်း ခံခဲ့ရဖူးသူ နောက်တစ်ဦးကတော့ တရားလွှတ်တော်ရှေ့နေကြီး ဦးအောင်သိန်းပါ။ ပြစ်မှုဆိုင်ရာ မထီမဲ့မြင်ပြုမှုဆိုတဲ့ ပြဌာန်းချက် ထဲက မှန်ကန်လွတ်လပ်စွာ တရားစီရင်ရေးအပေါ် အများပြည်သူက ယုံကြည်ကိုးစားမှု လျော့နည်းစေရန် တနည်းနည်းဖြင့် ပြုလုပ် ခြင်းဆိုတာမှာ ယုံကြည်ကိုးစားမှု လျော့နည်းစေတယ်ဆိုတာက ဘယ်လိုအတိုင်းအတာကို ပြောတာလည်းဆိုတာ ရှင်းရှင်းလင်း လင်းမရှိဘူးလို့ ဦးအောင်သိန်းက ထောက်ပြပါတယ်။

“ပြည်သူလူထုရဲ့ အကျိုးစီးပွားနဲ့ နိုင်ငံတော်ရဲ့ အကျိုးစီးပွားကို အဓိကထားပြီး အကာအကွယ်ပေးတာထက် သူတို့ရဲ့ ပုဂ္ဂလိက သြဇာအာဏာသက်ရောက်နိုင်ဖို့အတွက် အကာအကွယ်ယူတဲ့ ဥပဒေတွေက ထုတ်ပြန်တာ ပိုများတယ်။ ဒါကြောင့် ကျနော်တို့က န၀တ၊ နအဖ ဥပဒေပြန်ကြည့်ရင် သူတို့က အဲ့ဒီပုံသဏ္ဍန်နဲ့ ဥပဒေတွေ ပြဌာန်းခဲ့တာ ကျနော်တွေ့ရတယ်။ ယခုလည်း ကျနော်တို့ အဲ့ဒီလိုပဲ ဆက်လက်ပြဌာန်းဦးမယ်ဆိုရင် ကျနော်တို့ ဘယ်လိုလုပ် ဒီမိုကရေစီ လမ်းကြောင်းပေါ်မှာ သွားနေတဲ့ ဗမာနိုင်ငံလို့ ပြောလို့ရမလဲ။”

ဥပဒေဆိုင်ရာ စကားလုံးတွေဟာ အမြဲတမ်း အငြင်းပွားစရာရှိပြီး လိုသလိုဆွဲယူဖို့ ပြဌာန်းထားတာမျိုးတော့ ဟုတ်ပုံမရဘူးလို့ မြင်သူက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ရှေ့နေကြီးဦးဉာဏ်ဝင်းပါ။ တရားရုံးတွေမှာ စိတ် အနှောင့်အယှက် ဖြစ်လောက်တယ်ဆိုရင် အဲဒါဟာ မထီမဲ့မြင်ပြုရာရောက်ပြီး အရင်တုန်းကလည်း ဒီလိုပါပဲလို့ ဦးဉာဏ်ဝင်းက ပြောသလို ဥပဒေကို မြန်မာဘာသာနဲ့ပြဌာန်းတာက ပိုပြီး လွယ်ကူလာတယ်လို့ ပြောပါတယ်။

“သတင်းမီဒီယာတွေက အခု အဓိကကြည့်လိုက်ရင် နှစ်မျိုး၊ တမျိုးက သတင်းမီဒီယာရဲ့ လွတ်လပ်ခွင့်ကို အသိအမှတ်ပြုတယ်။ နောက်တမျိုးက တရားရုံးက လုပ်ရမယ့် ဆုံးဖြတ်ရမယ့်ကိစ္စကို ကြိုတင်ဝေဖန်လို့ မရဘူး။ ကျန်တဲ့အကြောင်းအရာကို ဝေဖန်လို့ရပါတယ်။ ကောင်းတယ်၊ မကောင်းတယ်ဆိုတာကတော့ ပိုပြီးတော့ မြန်မာလိုလည်း ဖြစ်လာတယ်။ Definition လည်း တခါတည်းထည့်ထားတော့ ပိုမို လွယ်ကူတယ်လို့တော့ ပြောရင်ရပါတယ်။”

အခုပြဌာန်းလိုက်တဲ့ ဥပဒေအရ တရားရုံးကို ပြစ်မှုဆိုင်ရာ မထီမဲ့မြင်ပြုမှု ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခံရရင် အဲဒီလူကို ၆ လထက်မပိုတဲ့ အလုပ်မဲ့ ထောင်ဒဏ်ဖြစ်စေ၊ ကျပ် ၁ သိန်းထက်မပိုတဲ့ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမှာ ဖြစ်ပါတယ်။

တရားရုံးကို တရားမဆိုင်ရာ မထီမဲ့မြင်ပြုမှု ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခံရသူကို ကျပ် ၁ သိန်းထက်မပိုတဲ့ ငွေဒဏ် ချမှတ်ရမှာဖြစ်ပြီး ငွေဒဏ်ချမှတ်ရုံနဲ့ မလုံလောက်ဘူးလို့ ယူဆရင် ၃ လထက်မပိုတဲ့ တရားမထောင်ဒဏ်ကို ချမှတ်နိုင်တယ်လို့ ပြဌာန်းထားပါတယ်။
Credit: ကိုကျော်ကျော်သိန်း / VOA
Read More...

နယ်စပ်တလျှောက်မှာ နေထိုင်နေရတဲ့ နှစ်နိုင်ငံ ပြည်သူတွေကတော့ ရေဘေးဒဏ်ကို ခံစားနေရဆဲ

Leave a Comment

0731rainမြ၀တီမြို့က ဒုက္ခသည်များ (၉ နိုဝင်ဘာ ၂၀၁၀)

30.07.2013
သောင်ရင်းမြစ် မြစ်ရေလျှံတဲ့အတွက် မဲဆောက်-မြ၀တီ နှစ်နိုင်ငံ နယ်စပ်တလျှောက် ထောင်နဲ့ချီရှိတဲ့ မြန်မာနိုင်ငံသားတွေဟာ ရေဘေးဒဏ်ကို ခံစားနေရပါတယ်။ မြ၀တီမြို့ဘက်မှာတော့ ကယ်ဆယ်ရေးစခန်း ၉ ခု ဖွင့်ထားပေမဲ့ တမြို့လုံးနီးပါး ရေဘေးဒဏ် ခံနေရပါတယ်။ အပြည့်အစုံကိုတော့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာ က သတင်းပေးပို့ခဲ့ပါတယ်။

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့နဲ့ မြ၀တီမြို့မှာ မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့ တောင်ကျရေ ကျဆင်းမှု၊ ဆည်ရေတွေ ဖောက်လုပ်လိုက်တဲ့အတွက်လည်း ရေဘေးဒဏ်ကို နှစ်နိုင်ငံနယ်စပ်မှာရှိတဲ့ ပြည်သူတွေ ခံစားနေရတာပါ။ ဒါပေမဲ့လည်း မြ၀တီမြို့ဘက်မှာတော့ ဒုက္ခသည်စခန်း ၉ ခု ဖွင့်ထားပြီး ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်နေပေမဲ့ လူတွေအများအပြား နေထိုင်ဖို့ အခက်အခဲတွေရှိနေကြောင်း ရေဘေးဒဏ်ခံနေရတဲ့ မြ၀တီမြို့ခံတဦးက ပြောပြပါတယ်။

“ပထမတုန်းက ကယ်ဆယ်ရေးစခန်းမှာ သွားနေတယ်။ အခုက ကယ်ဆယ်ရေးစခန်းမှာ နေလို့ မရတော့ဘူး။ ရေတွေ တအားပြည့်နေတယ်။ စခန်း ၉ ခုအပြင်ကို နောက်ထပ် ဒီလို အိမ်ငယ်တွေမှာလည်း အိမ်တွေကတော့ ပိုက်ဆံရှိတာမဟုတ်ပေမဲ့ အိမ်မြင့်မြင့်တွေ၊ မိုးရေလုံတဲ့၊ ရေမတက်ဘူးဆိုတဲ့ နေရာတွေက ကယ်ဆယ်ရေး စခန်းငယ်တွေလို အဲ့လို အကူအညီပေးထားတဲ့အိမ်တွေ အများကြီးရှိတယ်အမ။ ကယ်ဆယ်ရေးစခန်းတွေ အကုန်လုံး ပြည့်တဲ့အပြင် လမ်းဘေးတွေမှာ အဲ့ဒီ အမိုးရှိတဲ့ အိမ်တွေမှာ လူတွေ ငုတ်တုတ်နေနေရတယ်။ အာရှလမ်းမကြီးပေါ်တောင် ရေကျော်တယ်။ အမ ဆိုးတာပေါ့ အများကြီး။ ကျမတို့အိမ် ၂ ထပ်ကိုတောင် ဘယ်တုန်းကမှ ရေမှ မရောက်တာ။ အခုက အပေါ်ထပ်ထိတောင် ရောက်တယ်ဆိုတော့ ရေက မနည်းဘူးပဲ တက်မယ်။ ရေတက်တဲ့ဟာတွေ အကုန်လုံးလည်း ပိတ်ထားတယ်။ မတက်တဲ့ ကုန်းပေါ်က ကျောင်းတွေလည်း ပိတ်ထားတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရေအတွက်နဲ့ ဘယ်သူမှ မလာနိုင်ကြဘူး။ ဟိုး မြို့လယ်ခေါင်က ဘယ်တုန်းကမှ ရေမတက်တဲ့ ဘုရားနားက နေရာတွေပါ အကုန်လုံး ပြောင်းပြေးရတာလေ။ တန်းလျားတွေဆို အကုန် မြုပ်ကုန်ပြီ။ ခေါင်တွေ မပေါ်တော့တဲ့ အိမ်တွေလည်း မပေါ်တော့ဘူး။ အကုန်လုံး ဒုက္ခရောက်တယ်။ ကျမတို့တောင်မှ ဘာပစ္စည်းမှ မပါဘူးအမ။ စောင်တထည်နဲ့ ၀တ်ဖို့ အ၀တ်အစားပဲပါတယ်။ ကလေးငယ်နဲ့ဆိုတော့။ ဘာပစ္စည်းမှကို ကျမတို့ မသယ်နိုင်ဘူး။ သူတို့ သယ်ပေးတယ်ဆိုရင်တောင် ထားစရာ နေရာ မရှိဘူးအမ။ လူတယောက်ကို တဆွဲတပိုးနဲ့ ဆိုရင်တောင် လူတွေကလည်း ပြည့်။”

အမှတ် ၅ ရပ်ကွက်မှာဆိုရင်  ကျွန်းတောဈေး၊ ရေပူဘုန်းတော်ကြီးကျောင်း၊ ကိုးန၀င်းကျောင်း၊ သမ္မတသုခ၊ ဖားခြောက်ကောင်၊ ရက်ကွက် ၃ မှာတော့  ဓမ္မရန်အောင်ဘုန်ကြီးကျောင်း၊ အမှတ် ၂ ရက်ကွက်မှာတော့ တေဇသက်ကီဘုန်းကြီးကျောင်း၊ အမှတ် ၄ ရက်ကွက်မှာတော့ တောရကျောင်း ကြခတ်တောကျောင်း၊ ကျောက်ဖျာဓမ္မာရုံတွေမှာ ဒုက္ခသည်စခန်းတွေ ဖွင့်ထားခဲ့တာပါ။

ဒါ့အပြင် ရေမ၀င်တဲ့ ချန်းသာတဲ့ မိသားစုတွေ နေထိုင်ရာ အိမ်တွေမှာပါ ရေဘေး ဒုက္ခသည်တွေကို နေထိုင်ခွင့် ပေးထားပါ။ တမြို့လုံးနီးပါး ရေဘေးဒဏ် ကြုံနေရတဲ့ အတွက် တချို့လူတွေကတော့ လမ်းမတွေပေါ်က  အကာအကွယ်ရှိတဲ့ နေရာတိုင်းမှာ ခိုလှုံနေကြရပါတယ်။ အလားတူ မြ၀တီ အင်ကြင်းမြိုင်ဆိုတဲ့ နေရာနဲ့နီးတဲ့ ထိုင်းနိုင်ငံဘက်ခြမ်း မယ်ကုမိုင် ဆိုတဲ့နေရာမှာလည်း ရာနဲ့ချီရှိတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ နေထိုင်ရာ နေရာတွေမှာ တဲအိမ်တွေဟာ ရေစီးနဲ့အတူ မျောပါသွားခြင်း၊ အိမ်ခေါင်မိုးအထိ ရေနစ်မြုပ်တဲ့အတွက် ထိုင်းလူထုတွေထံမှာ အကူအညီတွေ တောင်းခံနေရပါတယ်။ မယ်ကုမိုင်ဘက်က ရွှေ့ပြောင်းမြန်မာ အလုပ်သမားတွေ ပြောပြတာကတော့ -

“ညနေ ၄ နာရီလောက်မှာ ရေတွေက ဒူးခေါင်လောက်အထိ ရှိတယ်။ ကျမတို့ကလည်း ဒီလောက်အထိ ရေတက်မယ်လို့ မထင်ဘူးပေါ့။ တဖြည်းဖြည်းနဲ့ ရေက ခါးစောင်းထိ ရှိလာတော့ နိုင်သလောက်လေးပဲ ရွှေ့ရတော့တယ်။ အဲ့အချိန်မှာ ၉ နာရီကျော် ၁၀ နာရီလောက် ရှိနေပြီ။ အဲ့လောက်ကျတော့ ကျမတို့လည်း လူပဲ ရုန်းရတော့တာပေါ့။ ရှိတဲ့ဆန်တွေကတော့ အကုန်လုံး ပါသွားတော့တာပေါ့။ အိမ်တွေကတော့ အကုန်မြုပ်တယ်အမ။ ခေါင်မိုးတွေမြုပ် တတောင်လောက်ပဲ ပေါ်တော့တယ်။ အိမ်နှစ်လုံးကတော့ မျောသွားတယ်။ ရွှေ့လိုက်လို့။ မရွှေ့လို့ရှိရင်တော့ လူ အသက်အန္တရာယ်ရှိတယ်လေ။ အားလုံးလည်း ဒုက္ခရောက်တာပေါ့နော်။ ရှိတဲ့ဟာတွေတော့ မျောတာပေါ့နော်။ တိရစ္ဆာန်တွေကအစပေါ့။ ဒါပေမဲ့ ဒီလိုမျိုး ကြုံဖူးတာကတော့ ၂ ခါရှိပါပြီ။ ဒီတခါကတော့ တော်တော်လေးကို အခက်အခဲ ကြုံရတယ်။ လူက အသက်နဲ့လုပြီးတော့ လာရတဲ့ ပုံစံမျိုးမှာ ရှိတာပေါ့။”

မြ၀တီ - မဲဆောက်မြို့ဟာ နှစ်နိုင်ငံနယ်စပ် ကုန်သွယ်ရေးတွေ လုပ်တဲ့မြို့တွေ ဖြစ်တဲ့အတွက် တဘက်နဲ့တဘက် ကုန်ပစ္စည်းတွေကို တင်ပို့သိုလှောင်တဲ့ နေရာတွေ အများအပြား ရှိနေတာပါ။ ကုန်သည်တွေရဲ့ ကုန်ပစ္စည်း သိုလှောင်တဲ့နေရာ တချို့လည်း ရေဘေးဒဏ် ခံရတဲ့အတွက် ကုန်ဈေးနှုန်းပါ ထပ်ကြီးလာမှာကို စိုးရိမ်မိတယ်လို့ မြ၀တီမြို့က ပြည်သူတဦးက ဆက်ပြောသွားပါတယ်။

“ကုန်သည်တွေဆိုလည်း အများကြီး ဆုံးရှုံးတယ်လေ။ သိုလှောင်တဲ့ကုန်တွေဆို စိုရွှဲနစ်ကုန်ပြီဖြစ်တဲ့အတွက် ရှေ့ကိုတော့ သိပ်မမျှော်မှန်းရဲပါဘူး။ ကုန်ဈေးနှုန်းတွေ တက်မယ်လို့ ကျမတို့ ထင်တယ်လေ။ ဘာဖြစ်လို့လဲဆိုတော့ ဆိုင်တွေမှာလည်း ကုန်ပစ္စည်းတွေက တော်တော်များများ ကုန်ကုန်ပြီလေ။ ဆိုင်တွေဆို အများကြီးပဲ ရေမြုပ်သွားတယ်။ အိမ်တွေမှာ ရွှေ့ထားတဲ့ ပစ္စည်းတွေလည်း မြုပ်တယ်။ ဂိုဒေါင်က ပစ္စည်းတွေလည်း မြုပ်တယ်။ အိုးမဲ့ အိမ်မဲ့တွေလည်း တော်တော်များများ ဖြစ်နေပြီ။ အခုဆို သောင်စပ်က အိမ်တွေဆို အကုန်မျောတယ်။”

မိုးအဆက်မပြတ် ရွာသွန်းခြင်း၊ တောင်ကျရေ ကျဆင်းခြင်း၊ ဆည်ရေများ ဖောက်ထုတ်ခြင်းတွေကြောင့်  နယ်စပ်တလျှောက်မှာ ရေဘေးဒဏ်ကို ကြုံနေကြရတာပါ။ မြ၀တီမြို့ဘက်မှာ ဇူလိုင်လ ၂၉ ရက်နေ့ကထက် ဇူလိုင်လ ၃၀ ရက်နေ့က အခြေအနေ ပိုဆိုးလာတဲ့အကြောင်း မဲဆောက်မြို့ဘက်မှာတော့ ရေဆိုးရေညစ်တွေကို ဖောက်ထုတ်မှုတွေကြောင့် ဇူလိုင်လ ၂၉ ရက်နေ့ကထက်စာရင်  မြို့ထဲက လမ်းမပေါ်မှာ ရေတွေ လျော့ကျသွားပြီး ကားအသွားအလာတွေ ပိုလုပ်လာနိုင်တာကို တွေ့ရပါတယ်။ ဒါပေမဲ့လည်း မိုးရေးမြစ်အနီး နယ်စပ်တလျှောက်မှာ နေထိုင်နေရတဲ့ နှစ်နိုင်ငံ ပြည်သူတွေကတော့ ရေဘေးဒဏ်ကို ခံစားနေရဆဲဖြစ်ပါတယ်။
Credit: မအေးအေးမာ/ VOA
Read More...

ဗိုလ်ချုပ်၏လက်ရေးမူစာအုပ်အား နိုင်ငံပိုင်အဖြစ် ဦးခင်အောင်မြင့် ယူဆောင်သွားခြင်းကို ဒေါ်အောင်ဆန်းစုကြည် ထောက်ခံ

Leave a Comment

အမျိုးသားလွှတ်တော်ဥက္ကဌ ဦး ခင်အောင်မြင့် မှ နိုင်ငံပိုင်အဖြစ် သိမ်းဆည်းသွားသော ဗိုလ်ချုပ် အောင်ဆန်းကျောင်းသားဘဝလက်ရေးမူ စာအုပ် နှင့် ပတ်သက်၍ ဒေသခံများက ၎င်းတို့ပိုင် ထားရှိရန် ဆန္ဒပြနေချိန်တွင် ဒေါ်အောင်ဆန်းစုကြည်မှ နိုင်ငံတော် ပိုင်ဖြစ် သင့်ကြောင်း ထောက်ခံပြောကြားလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ကျင်းပသော ပြည်ထောင်စု လွှတ်တော်အစည်းအဝေးသို့ တက် ရောက်လာစဉ် မီဒီယာများ ၏ မေး မြန်းချိန်နိုင်င ၎င်း အနေနဲ့ နိုင်ငံတော်ပိုင်ဖြစ်သင့်တယ်ဟု ယူဆကြောင်း ပြောကြား ခဲ့သည်။

ထိုလက်ရေးမူ စာအုပ်ကို အထက (၁) တွင် ပြသထားသည် မှာ နှစ်ပေါင်းမြောက်မြားစွာ ကြာမြင့်ပြီ ဖြစ်သည်။ ရေနံချောင်းသို့ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့် လာစဉ်တွင် နိုင်ငံတော်အဆင့်ထိန်းသိမ်း ရန်အတွက် ယူဆောင်သွားခဲ့ခြင်းကို မြို့သူ/မြို့သား များက ဒေသပိုင်အဖြစ် ပြန်လည်ရယူလိုခြင်းဖြစ်သည်။

”ဟိုဘက်ဒီဘက်နားလည်မှုလွဲ တယ်ထင်တယ်၊ ဒီအတိုင်းထားရင် ပျက်စီးသွားမှာတော့ စိုးရိမ်တယ်။ မှန် ပုံးလေးနဲ့ထားတယ်။ နည်းနည်းတောင် ပဲ့နေပြီ။ စပြီးတော့ ပဲ့နေပြီ။ အန်တီ အနေနဲ့တော့ စပြီးမေးတာ ဘယ်လို ယူလာတာလဲ ဘယ်လိုပေးတာလဲပေါ့။ ဦးဘဖေက ပေးတယ်လို့ အန်တီနား လည်တယ်။ ဦးဘဖေ လက်ထဲကို ဘယ်လို ရောက်လာတာလဲပေါ့။ အထောက်အထားတွေ မေးတဲ့အခါ ကျတော့ တောင်းတဲ့အခါကျတော့ ဘယ်သူမှ သိပုံမရဘူး။ ဒါကို ဦးခင် အောင်မြင့်ကလည်း တန်ဖိုးထား ပါတယ်။”ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

အဆိုပါ စာအုပ်ကို နိုင်ငံတော်ပိုင် အဖြစ် ယူဆောင်သွားခြင်းနှင့် ပတ်သက်၍ ဇူလိုင်လ ၂၆ ရက်က ရေနံချောင်းမြို့မှ ဖွဲ့စည်းလိုက် သည့် လက်ရေးမူစာအုပ် ပြန်လည် ရရှိ ရေးကော်မတီက ငြိမ်းချမ်းစွာ ဆန္ဒပြ မည်ဟုယနေ့ တွင် ကြေညာလိုက်ပြီး ၂ ရက်အကြာ ဒေါ်အောင်ဆန်းစုကြည်မှ နိုင်ငံတော်ပိုင်အဖြစ် ယူဆောင်မှုကို ထောက်ခံကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

စာအုပ်တစ်အုပ်အတွက် အချိန်ပိုနေသော ဒေသခံများက စာရွက်ဝေခြင်းများ၊ ဆန္ဒပြခြင်းများ လုပ်ဆောင်နေသော်လည်း အဆိုပါလက်ရေးသည် ဗိုလ်ချုပ်၏ လုပ်ရေး အစစ် ဟုတ်/ မဟုတ် အထောက်အထား တစ်စုံတစ်ရာ ပြသနိုင်ခြင်း လုံးဝ မရှိကြောင်း သိရသည်။
Read More...

ပဲခူးတိုင်းဒေသကြီးအနောက်ပြည်ခရိုင်ပန်းတောင်းမြို့နယ်ရဲစခန်းအချုပ်ခန်းအတွင်း ဦးသန်းထွန်း(၄၆)နှစ်ဒန့်တလွန်အုပ်စုကြားအင်းရွာနေသူသေဆုံးခဲ့

Leave a Comment
ပဲခူးတိုင်းဒေသကြီးအနောက်ပြည်ခရိုင်ပန်းတောင်းမြို့နယ်ရဲစခန်းအချုပ်ခန်းအတွင်း ဦးသန်းထွန်း(၄၆)နှစ်ဒန့်တလွန်အုပ်စုကြားအင်းရွာနေသူသေဆုံးခဲ့သည့်အတွက်သက်
ဆိုင်ရာရဲစခန်းစခန်းမှူးရဲအုပ်ဆန်းလင်းအားတရားဆွဲဆိုရန်နိုင်ငံတော်သမ္မတထံမှခွင့်ပြုမိန့်တောင်းခံ သွားမည်ဖြစ်ကြောင်းတရားလွှတ်တော်ရှေ့နေဦးမြင့်အေးမှပြောကြားခဲ့သည်။ ဦးသန်းထွန်းသည်ပန်းတောင်းမြို့နယ်ရဲစခန်းမှပြစ်မှုဆိုင်ရာဥပဒေပုဒ်မ၃၂၆အရဖမ်းဆီးခဲ့ပြီး
 လေးရက်အကြာမေလ(၂၃)ရက်တွင်အချုပ်ခန်းအတွင်း၌ခန္တကိုယ်အနှံ့ဒဏ်ရာဒဏ်ချက်များစွာ
 ဖြင့်ကွယ်လွန်ခဲ့သည်ဟုသေဆုံးသူ၏တူဖြစ်သူမှပြောကြားခဲ့သည်။ ဦးသန်းထွန်းသေဆုံးမှုမှာသွေးရိုးသားရိုးမဟုတ်ကြောင်းရဲကရိုက်နှက်၍သေဆုံးခြင်းဖြစ်သည်ဟု
ထင်မြင်သဖြင့်စခန်းမှူးရဲအုပ်ဆန်းလင်းအားအရေးယူပေးပါရန်ပန်းတောင်းမြို့နယ်တရားရုံး နှင့်ပြည်
ခရိုင်တရားရုံးသို့တရားလိုဒေါ်မြင့်မြင့်ဌေးမှအကျိုးဆောင်များမှတဆင့်လျှောက်ထားခဲ့ သည်ဟုသိရပါသည်။ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ၁၉၇(၁)အရအရေးယူရန်ခွင့်ပြုချက်ဖြင့်ပူးတွဲ
တင်ပြခြင်းမရှိ သဖြင့်ခရိုင်တရားရုံးမှ၎င်းအမှုအယူခံဝင်ခြင်းကိုပလပ်လိုက်သည့်အတွက်နိုင်ငံတော်သမ္မတ ထံခွင့်ပြုမိန့်တောင်းခံ၍တရားဆွဲဆိုမည်ဖြစ်ကြောင်းတရားလွှတ်တော်ရှေ့နေဦးမြင့်အေးမှပြော ကြားခဲ့သည်။ “ဆေးစာအရပုံမှန်သေတာမဟုတ်ပါဘူး။သေတာကလည်းရဲစခန်းအချုပ်ထဲမှာ။ဆရာဝန်က လည်းဆေးရုံမရောက်ခင်သေတယ်ဆိုတာအတည်ပြုထားတယ်။အခုတိုင်းဒေသကြီးနဲ့ နေပြည်တော်ကို
တက်မယ်။သမ္မတဆီကခွင့်ပြုမိန့်တောင်းမယ်။အဓိကတာဝန်ရှိတဲ့စခန်းမှူးကိုတရားဆွဲမယ်။”ဟု၎င်းမှဆက်
လက်ပြောကြားခဲ့သည်။ ဆေးစာတွင်ညာဘက်နံရိုးများကျိုးသွားသည့်ဒဏ်ရာကြောင့်အဆုတ်အတွင်းသွေး
ထွက် လွန်ခြင်းနှင့်သွေးလန့်သေဆုံးသည်ဟုယူဆကြောင်းအလောင်းစစ်ဆေးသူဆရာဝန်ဒေါက်တာသင်းသင်း
လှိုင်မှမှတ်ချက်ပြုထားပါသည်။ အဆိုပါကိစ္စအားပန်းတောင်းမြို့နယ်ရဲစခန်းမှသေဆုံးသူမှာအရက်ကြောင်ပြီးမိမိကိုယ်သတ်သေမည်
ဟုပြော၍ဦးခေါင်းနှင့်မျက်နှာတို့အားအချုပ်ခန်းသံတိုင်၊အိမ်သာအတွင်းအုတ်နံရံ၊အချုပ် ပတ်လမ်းတန်းလျားတို့ဖြင့်ဆောင့်ခြင်း၊အချုပ်ခန်းသံတိုင်အမိုးပေါ်မှအောက်သို့ခုန်ချခြင်းများပြု လုပ်ခဲ့သည်ဟုတရားရုံးတွင်လာရောက်ထွက်ဆိုခဲ့ကြောင်းသိရပါသည်။

Read More...

ပြည်မြို့တွင်အပတ်စဉ်သောကြာနေ့တိုင်းလမ်းဘေးဝဲယာသန့်ရှင်းရေးပြုလုပ်

Leave a Comment
ပြည်မြို့တွင်အပတ်စဉ်သောကြာနေ့တိုင်းလမ်းဘေးဝဲယာသန့်ရှင်းရေးပြုလုပ် ပဲခူးတိုင်းဒေသကြီးပြည်မြို့မြို့နယ်သန့်ရှင်းသာယာလှပရေးအတွက်မြို့နယ်စည်
ပင်သာယာရေးအဖွဲ့မှရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်ညှိနှိုင်း၍အပတ်စဉ်သော
ကြာနေ့တိုင်းလမ်းဘေးဝဲယာ သန့်ရှင်းရေးဆောင်ရွက်လျှက်ရှိကြောင်းသိရပါသည်။ ဇူလိုင်လ(၂၆)ရက်နေ့လည်(၂)နာရီခွဲအချိန်တွင်ခေတ္တရာမြို့သစ်အ၀င်လမ်း၊လမ်းဘေးဝဲယာ သန့်ရှင်းသာယာလှပရေးအတွက်ခြုံနွယ်သစ်ပင်များခုတ်ထွင်ရှင်းလင်းခြင်းသန့်ရှင်းရေးပြုလုပ်
 ဆောင်ရွက်ခဲ့ကြကြောင်းသိရပါသည်။ မြို့နယ်စည်ပင်သာယာရေးအမှုဆောင်အရာရှိဦးမြတ်
စိုးနှင့်ဝန်ထမ်းအင်အား(၁၀၅)ဦးခေတ္တရာ မြို့သစ်ရပ်ကွက်အုပ်ချုပ်ရေးမှူးဦးဇော်လွင်နှင့်ရပ်
ကွက်ဖွံ့ဖြိုးရေးအထောက်အကူပြုအဖွဲ့များစု ပေါင်းသန့်ရှင်းရေးပြုလုပ်ခဲ့ကြောင်းသိရပါသည်။
Read More...

ပဲခူးတိုင်းဒေသကြီးပြည်မြို့အောင်သုခရပ်အောင်သုခဓမ္မါရုံ၌လူမှောင်ခိုတားဆီးကာကွယ်ရေးအသိပညာပေးဟောပြောပွဲပြုလုပ်

Leave a Comment
လူမှောင်ခိုတားဆီးကာကွယ်ရေးအသိပညာပေးဟောပြောပွဲပြုလုပ် ပဲခူးတိုင်းဒေသကြီးပြည်မြို့အောင်သုခရပ်အောင်သုခဓမ္မါရုံ၌ဇူလိုင်
လ(၂၅)ရက်နံနက်(၉)နာရီအချိန်တွင်လူမှောင်ခိုမှုတားဆီးကာကွယ်ရေး
အသိပညာပေးဟောပြောပွဲပြုလုပ်ကျင်းပခဲ့ပါသည်။ လူမှောင်ခိုမှုတားဆီးကာကွယ်ရေးအဖွဲ့ရုံးတာဝန်ခံဒုရဲမှူးမျိုးသိန်းမှလူမှောင်
ခိုကူးဆက်ခံရမှုမှရရှိသောဆိုးကျိုးများ၊သာဓကများ၊လူမှောင်ခိုကူးဆက်ခံရမှု
မရှိအောင်ရှောင်ကျဉ်ရမည့်အချက် များရပ်ကွက်အတွင်းမသင်္ကာဖွယ်လူစိမ်းများရောက်ရှိပါကအသိပေးအကြောင်း
ကြားရန်တို့အားဟောပြောဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။ ပြည်မြို့လူမှောင်ခို
တားဆီးကာကွယ်ရေးအဖွဲ့ရုံးတာဝန်ခံဒုရဲမှူးမျိုးသိန်း၊ရဲအုပ်ရဲဝင်းနိုင်နှင့်အဖွဲ့ ၀င်များ၊ပြည်မြို့မရဲစခန်းမှရဲအုပ်ဇင်မင်းအောင်နှင့်ရဲတပ်ဖွဲ့ဝင်များရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင် များ၊ရပ်ကွက်နေပြည်သူများစုစုပေါင်း(၁၀၀)ခန့်တက်ရောက်ခဲ့ကြောင်းသိရပါသည်။
ပန်းတောင်းရဲစခန်းအချုပ်ခန်းအတွင်းသေဆုံးသူမှုတာဝန်ရှိသူအားတရားဆွဲဆိုရန်နိုင်ငံတော် သမ္မတထံမှခွင့်ပြုမိန့်တောင်းခံမည်ဟုသိရသည်။
Read More...

7daysသွေးနှင့်အထွေထွေကျန်းမာရေးစောက်ရှောက်မှုအဖွဲ့မှရုံးခန်းငါးခုဖွင့်လှစ်ပြီးစီး

Leave a Comment
7daysသွေးနှင့်အထွေထွေကျန်းမာရေးစောက်ရှောက်မှုအဖွဲ့မှရုံးခန်းငါးခုဖွင့်လှစ်ပြီးစီး ပဲခူးတိုင်းအနောက်ခြမ်းပြည်ခရိုင်ပြည်မြို့နယ်ပေါင်းတမော့ကျေးရွာအုပ်စုပေါင်း
တမော့ကျေးရွာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးခန်း၌7daysသွေးနှင့်အထွေထွေကျန်း
မာရေးစောက်ရှောက်မှုအဖွဲ့မှဇူလိုင်လ(၂၈)ရက်နံနက်(၉)နာရီတွင်ရုံးခန်းဖွင့်ပွဲကျင်းပ
ခဲ့ကြောင်းသိရပါသည်။ 7daysသွေးနှင့်အထွေထွေကျန်းမာရေးစောက်ရှောက်မှုအဖွဲ့ရုံးခန်းများကိုပြည်၊ပန်းတောင်း
၊သဲကုန်း၊မှော်ဇာတို့တွင်ဖွင့်လှစ်ခဲ့ပြီးယခုပေါင်းတမော့ကျေးရွာအပါအ၀င်ရုံးခန်းငါးခုဖွင့်
လှစ်ပြီးစီးသွားပြီဖြစ်ကြောင်း7daysဥက္ကဌဦးစိုးနိုင်မှပြောကြားခဲ့သည်။ “အခုအချိန်ကကောက်စိုက်လို့ပင်ပန်းနေတဲ့အချိန်ဖြစ်တဲ့အတွက်လယ်ယာကဏ္ဍတွေပြီးတဲ့ အခါကျရင်စုပေါင်းသွေးလှူဒါန်းပွဲတွေလုပ်မယ်။မိုးရာသီဖြစ်တဲ့အတွက်သွေးလွန်တုတ်ကွေး
 ရောဂါမဖြစ်အောင်ဘယ်လိုလုပ်ကြမလဲဆိုတာနဲ့မြို့ပေါ်ကဆေးရုံကြီးတွေနဲ့ချိတ်ဆက်ဆောင် ရွက်ဖို့အရင်ကြိုးစားရမယ်။”ဟု၎င်းမှဆက်လက်ပြောကြားခဲ့သည်။ သွေးပုလင်းပေါင်း(၂၀၀၀
)ကျော်ခွဲစိတ်လူနာ(၂၀၀)ကျော်၊မျက်စိဝေဒနာသည်(၁၀၀၀)ကျော် နှင့်ကိုဝန်ဆောင်မိခင်
(၂၀၀)ကျော်အား7daysသွေးနှင့်အထွေထွေကျန်းမာရေးစောက်ရှောက်မှုအဖွဲ့မှပံ့ပိုးကူညီ
မှုပေးခဲ့ပြီးဖြစ်ကြောင်းသိရသည်။
Read More...

နိုင်ငံသားစိစစ်ရေးကဒ်ပြားအတုကိုင်ဆောင်သူနှစ်ဦးအားအမှုဖွင့်စစ်ဆေး

Leave a Comment
နိုင်ငံသားစိစစ်ရေးကဒ်ပြားအတုကိုင်ဆောင်သူနှစ်ဦးအားအမှုဖွင့်စစ်ဆေး
ဇူလိုင်လ(၁၈)ရက်နေ့လည်(၁)နာရီခွဲအချိန်ကပဲခူးတိုင်းဒေသကြီးပြည်မြို့မြို့သစ်၎/၅လမ်းနေ
ဦးမင်းလွင်၏နေအိမ်တွင်မ
သင်္ကာဖွယ်ရာလူနှစ်ဦးတွေ့ရှိသည်ဟုမြို့နယ်လ.၀.က ရုံးသို့အကြောင်း ကြားလာသဖြင့်ဝင်ရောက်စစ်ဆေးခဲ့ရာနိုင်ငံသာစိစစ်းရေးကဒ်ပြားအတုကိုင်ဆောင်သူနှစ်ဦး အားတွေ့ရှိခဲ့ရကြောင်းသိရှိရပါသည်။ “ရမ်းဗြဲမြို့နယ်ရုံးကိုလှမ်းမေးကြည့်လိုက်တော့နံပါတ်တွေကတော့ရှိတယ်။အချက်အလက်တွေ
ကတော့မှားယွင်းနေတယ်
လို့ပြန်ကြားတဲ့အတွက်တိုင်ကြားစာနဲ့သက်ဆိုင်ရာရဲစခန်းကိုပို့လိုက်တယ်။”ဟုမြို့နယ်လက်ထောက်
ဦးစီးမှူးမှပြောကြားခဲ့သည်။
 ရေချမ်း၂၁နှစ်(ဘ)ဦးမောင်လှ၁၁/ရဗန(နိုင်)၀၈၇၄၆၇ကမန်/အစ္စလာမ်ကျဘန်းကျောက်နီမှော်ကျေးရွာရမ်းဗြဲမြို့နယ်နှင့်ဇော်မိုးထွန်း၂၀နှစ်(ဘ)ဦးခင်မောင်ချေ၁၀/ရဗန(နိုင်)၀၇၉၆၅၃ကရင် ရခိုင်ဗုဒ္ဓကျဘန်းကျောက်နီမော်နိုင်ငံသာစိစစ်းရေးကဒ်ပြားများကိုင်ဆောင်သူနှစ်ဦးအားတွေ့ရှိခဲ့ရသည်
ဟုသိရပါသည်။ အကြောင်းအရာကိစ္စနှင့်ပတ်သတ်၍လ.၀.ကဦးစီးဦးကျော်မြင့်ဦးမှတရားလိုပြုလုပ်၍မြို့မ ရဲစခန်းတွင်တိုင်တန်းခဲ့သဖြင့်ပ-၅၄၆/၂၀၁၃ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ၄၂၀/၄၆၈ဖြင့် အမှုဖွင့်စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်းသိရပါသည်။ New Ice မှ ပြည်သတင်းသို့ပေးပို့ထားပါသည်။
Read More...

ကာတွန်းလေးများမှ ပြောသောစကားများ (၂)ပြည်သတင်းစီစဉ်သည်။

Leave a Comment

Read More...

ဆီဖိုးငွေ(70000) ခုနှစ်သောင်းကျပ် ပေးရမယ်လို့ စည်ပင်မှ (SAE)ဦးဇော်မင်းဦး မှ ပြော

Leave a Comment

28.7.2013 ရက်နေ့ကသတင်းပါ။
ပဲခူးတိုင်းဒေသကြီး(နောက်) ပြည်ခရိုင် ပြည်မြို့နယ် ကိုးသောင်းချင်းစုရပ်ကွက်တွင် အိမ်ခြေ(၅၀)ခန့်
ရှိရာမှာ အိမ်ခြေ(၂၀)ခန့်မှာ ရေများအလွန်ဝပ်လျှက်ရှိရာ သွားရေးလာရေး များနှင့် ကလေးသူငယ်ကျန်း
မာရေးများ ဆိုးရိမ်နေရပါတယ် ခြင်တွေအရမ်းကိုက်ပါတယ် အချိန်ပြည် ခြင်ထောင်များထောင်ထားရပါတယ်
ကလေးတွေလည်း ခြင်ကြောင့် သွေးလွန်တုပ်ကွေးများဖြစ်နေလျှက်ရှိပါတယ် လမ်းတွေကို တော့ရပ်ကွက်
နေသူများစုပေါင်းပြီး ပြုပြင်ကာသွားလာနေရပါတယ် အဆိုပါရေ၀ပ်မှူ့များမှာ နှစ်စဉ်နှစ်တိုင်း ၀ပ်နေတာဖြစ်
ပြီး ခါတိုင်းနှစ်များမှာ မိုးမှာရေတင်ပြီး နွေမှာတော့ ရေများခမ်းခြောက်သွားခဲ့တာပါ ယခုနှစ်မှာတော့ ထိုရေများ
မှာ ဘယ်လိုမှ မခမ်းခြောက်နိုင်ဘဲ ကလေးသူငယ်များလည်း သွေးလွန်တုပ်ကွေးကြောင့် ဆေးရုံကြီးသို့ ပို့ဆောင်
ထားရပါတယ် ဟု ကိုးသောင်းချင်းစုရပ်ကွက် မှ ရပ်ကွက်သားတစ်ဦးဖြစ်သူ ကိုဇော်သူလင်းမှ ပြည်သတင်းသို့
ပြောကြားသည်။

ထိုရပ်ကွက်အနီး အောင်ဆန်းပြည်သာယာအပိုင်း(၁) ဆေးရုံလမ်းသစ် ဟိန္ဒူဘုရားကျောင်းဝန်းအတွင်းနေထိုင်သူ
ကိုကျော်မောင်မှလည်း ကျွန်တော်တို့ ဌာနဆိုင်ရာတွေကို လွန်ခဲ့သော(၃)လခန့်က စာတွေတင်ခဲ့ပါတယ် သုံးလအတွင်းမှာ
ခရိုင်။မြို့နယ်။ရပ်ကွက်အုပ်ချူပ်ရေးမှူးရုံး။စည်ပင်သာယာ။အဲဒိဌာနဆိုင်ရာတွေကို စာ(၃)ကြိမ်တင်ပြခဲ့ပါတယ်
ဘာမှမထူးသေးပါဘူး စည်ပင်ကလူကြီးတွေလာကြည့်တယ် ပြီးတော့ ရေမြောင်းတွေပြန်ဖောက်ပေးမယ်လို့ပြောပါ
တယ် သို့ပေမဲ့ သူတို့ကို ဆီဖိုးငွေ(70000) ခုနှစ်သောင်းကျပ် ပေးရမယ်လို့ စည်ပင်မှ (SAE)ဦးဇော်မင်းဦး မှ ပြော
ခဲ့ပါတယ် စဉ်းစားကြည့်ပါအုံး ကျွန်တော်တို့ ရပ်ကွက်က လူတွေကဆင်းရဲတယ်လေ ဒီငွေ(70000)ကို ဘယ်လိုစု
ပေါင်းပြီးပေးနိုင်မှာလည်း ကျွန်တော်တို့ ဖြစ်ချင်တာက စည်ပင်ကလူကြီးတွေရယ် ကျွန်တော်တို့ ရပ်ကွက် သူ/သား
များ ပေါင်းပြီး ဒီရေ၀ပ်မှူ့တွေ လမ်းလေးတွေကို စုပေါင်းပြုပြင်သွားပြီး ကျွန်တော်တို့ ရပ်ကွက်ဘက်ကလည်း တတ်
နိုင်သလောက်စုပေါင်းငွေလေး နှင့် ပေးသွားချင်ပါတယ် ငွေ(70000)ကိုတော့ဘယ်မတတ်နိုင်ပါဘူးခင်ဗျာ အဲဒိနောက်
တော့ ခုချိန်ထိ ဘယ်လူကြီး မှ မလာတော့တာပါဟု ကိုကျော်မောင်မှ ပြည်သတင်းသို့ပြောကြားသွားခဲ့ပါသည်။

Read More...

Tuesday, July 30, 2013

ကိုလှရှင်းမပုံကလှလှပပ ဘိုးတော်လိမ်တွေ

Leave a Comment

စစ်ဒေါင်း(၃၆)မှ ပြည်သတင်းသို့ပေးပို့ထားပါသည်။
June 2013....

ကိုလှရှင်းမပုံကလှလှပပ ဘိုးတော်လိမ်တွေထက်ပီပြင်လှသည်။သူကိုယ်တိုင်ပင်မသိနားမလည်သောကမ္ဘာ.ဖလားမှောင်ခိုဈေးကွက်၏ဒါဏ်ရာခ့စားလိုက်ရသည်။နာမည်ကြီးဘရာဇီးက ပြင်သစ်ကိုခွက်ခွက်လန်အောင်ရှူံးပြီး ကန်ရိုးရွာသားတောင်ငူမြို.သားတွေကိုနှစ်သိန်းနီးပါးလျော်ရန်ရှာရကြံရနှင့်အိပ်မပျော်သောညတစ်ညစာရင်းဝင်သွားခဲ့ပါသည်။ဖိုင်နယ်မမတွေ ဆီမှနည်းနည်းရပြီးကျန်တာကို ဦးချစ်တီးဆိုင်သို.CLASSICဆောင်မှစက်ဘီးများအားလုံး ပေါင်ကာဖြေရှင်းရလေတော့သည်။မိအေးဘယ်နှစ်ခါနာနာပြဿနာမဟုတ်သော်လည်း ကျွန်တော်အိမ်ကကာကူလေတာဝယ်ရန်ခေါင်းစဉ်ကထပ်နေသောကြောင့်ငွေဘယ်လိုမှာရမည်ကိုစဉ်းစားရလေပြီ။အကြံကုန်လည်းဂဠာန်ဆားချက်မချက်မသိကျွန်တော်နှင့်ကိုလှရှင်းတို.ဗိုက်တွေကအယ်ကိုဟောတော့ဦးကိုကြီးဆိုင်မှာပုံမှန်ချက်ဖြစ်နေသည်။ရှိုးဝိုင်းရှမ်းကိုးမီးဝိုင်းဖြစ်လျှင်ပြန်ရှာရမည်ဟုကြုံးဝါးကာဘီအီးတစ်ပိုင်းထပ်မှာလိုက်ပြန်သည်။“ဆရာရေ မနက်ဝယ်စရာမရှိလို. ကိုသောင်း(ပဲခူး)ဆီကအကြွေးတောင်းထားတယ် စိတ်ချလက်ချသောက်ပါ”ဦးကိုကြီးအားပေးစကားကရှမ်းမလေးတွေအရက်ဆိုင်မှာရပ်သောက်သောလော်လီကားသမားဘ၀ရောက်ခဲ.ရလေပြီ။နင်တို.ချစ်တာငါသိတယ်နော်လိုဖြစ်သွားသည်။ဦးကိုကြီးသားကမိုးအေးအေးနှင့်စိုင်းထီးဆိုင်မေမြို.မိုးဖွင့်ထားကာ ကတ်ဆက်နှင့်ငြိမ်.ညောင်းစွာအပန်းဖြေနေမိသည်။ရင်ဘတ်ထဲမှာ ပူဆဲမုသာဝါဒါတွေတန်းစီပြီးမေမေထံပို.ကာ ငွေမှာရတော့မည်။ဒီလိုအတွေးတွေနှင့်အရက်ကမမူးတော့။မိုးရွာထဲအီးဗင်းနင်းတွေဆင်းလာတာမြင်လိုက်ရသည်။မိုးရွာထဲမိုးပါလိုပါငြားငေးနေမိပါတော့သည်။ကျောင်းသူတွေအများအားဖြင့်စက်ဘီးနင်းကြပြီးကျောင်းသားတွေခြေလျင်လျှောက်ကြရာ အခုမှLady First စကားလုံးတွေနှင့်လိုက်ဖက်ညီလှသည်။ဖယ်ရီကား ဟိုင်းလတ်တွေလည်းမြင်ရသည်။အများအားဖြင့်စက်ဘီး ဆိုင်ကယ်သာများသည်ဆိုရမည်ဖြစ်သည်။ဟိုမှာ“မိုး” ၇င်ဘတ်ကနာပေမယ့်မြင်ရင်အထိတ်တလန်.ဖြစ်ကာနှလုံးသားကိုနှိုးတတ်သည်ကဓမ္မတာမို.မျက်လုံးကကြည်.မိပါသေးသည်။ထုံးစံအတိုင်း အိုမီဂါဆံပင်ဂျပန်စက်ဘီးပုပုလေး သူ.စတိုင်ကမပြောင်းဘေးကကပ်လိုက်သောချာတိတ်ပြောင်းသွားသည်။ကျွန်တော်ကသိပ်မလိုက်တော့ပတ်ဝန်းကျင်ကမသိလှ သို.သော် လုပ်ရပ်တစ်ခုဆိုးပြီးဆုတ်ခွာခဲ့သောစခန်းတစ်ခုမို. နည်းနည်းတော့ ဒါဏ်ရာကနာဆဲ တိတ်တိတ်လေးကြကွဲဆိုသောစကားက မိန်းမတွေအတွက်ဆိုလျှင်ကျွန်တော်ဌားသုံးပြီးထမီဝတ်ပါမည်။တကယ်ကိုတိတ်တိတ်လေးကြကွဲခဲ့ဖူးပါသည်။ခဲမှန်ဖူးတာနှစ်ခါမို.စာသူငယ် ဒါဏ်ရာကမပျောက်ခင်ဒါဏ်ရာဟောင်းပဲ ဒုတိယအကြိမ်မှန်တာပါ ဆိုဘယ်သူတွေနားလည်နိုင်မလဲ.....ကမ္ဘာမှာ မာကြောတဲ့စိန်တွေပျော့အောင်လုပ်နိုင်တာဘယ်သူလဲ......စိန်လောက်မပျော့တဲ.ငါ...ကမ္ဘာက ဘယ်အဆင့်မှာမာခြင်းသတ်မှတ်မလဲ....မိန်းမနှစ်ယောက်တည်း မှတ်ကျောက်ဆိုငါ ပြန်ဖြေဆိုခွင့် သနားခံပါတယ် ။

ဆက်ရေးပါမည် စောစော(အိမ်မက်ရဲတိုက်) ကိုပြည်သတင်းမှ ကျေးဇူးအထူးတင်မိပါကြောင်း.......ပြည်သတင်း...

Read More...

ကာတွန်းလေးများမှ ပြောသောစကားများ...ပြည်သတင်းစီစဉ်သည်။

Leave a Comment

Read More...

သန်းထိုက်အောင်(ပြည်)မှ ပြည်သတင်းသို့ ပေးပို့ထားပါသည်။ သရေခေတ္တရာထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့၊ဖွဲ့စည်းရေးဆိုင်ရာဆွေးနွေးဟောပြောပွဲ

Leave a Comment
သန်းထိုက်အောင်(ပြည်)မှ ပြည်သတင်းသို့ ပေးပို့ထားပါသည်။

သရေခေတ္တရာထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့၊ဖွဲ့စည်းရေးဆိုင်ရာဆွေးနွေးဟောပြောပွဲ

**********************************************

သိရိခေတ္တရာပျူမြို့ဟောင်းထိန်းသိန်းစောင့်ရှောက်ရန်အတွက်အဖွဲ့အစည်းတခုဖွဲ့စည်းရန်၊ဟောပြောပွဲတခုကို-ပြည်မြို့ “ရွှေဘုန်းပွင့်စာကြည့်တိုက်” ခန်းမတွင် (၂၇.၇.၂၀၁၃)ရက်နေ့ညနေ(၄)နာရီတွင်ကျင်းပပြုလုပ်ခဲ့ကြပါသည်။
ထိုပွဲကို-ရန်ကုန်မှ-စာရေးဆရာ၊ပညာရှင်၊သုတေသီများဖြစ်ကြသော-ဆရာ-မနုသကျော်ဝင်း။ဆရာ-ဒေါက်တာခင်မောင်ညွန့်၊ဆရာ-ဥိးဆန်း(သုတေသန) တို့တက်ရောက်ဟောပြောခဲ့ကြပါသည်။
ဆရာ မနုသဥိးကျော်ဝင်းက တခေတ်တခါက-မြိုပြယဉ်ကျေးမှုထွန်းကားခဲ့သော-ပျူမြို့တော်ဟောင်းများဖြစ်ကြသော-ဟန်လင်း၊ပိသနိုး၊သရေခေတ္တရာ-မြို့ပြများနှင့် ပတ်သတ်ပြီးသမိုင်းတန်ဖိုးယဉ်ကျေးမှုတန်ဖိုးကိုအလေးထားတတ်ဖို့အကြောင်းအရာများနှင့်-နှစ်(၂၀၀၀)လောက်ကထဲကထွန်းကားခဲ့ဗသာမြန်မာတို့၏ယဉ်ကျေးမှုကို ယနေ့ကမ္ဘာကအသိအမှတ်ပြုလာခဲ့ပြီး-အခုဆိုရင် “ယူနက်စကို” ကုလသမဂ္ဂ အဖွဲ့ကြီးက-ကမ္ဘာ့ရှေးဟောင်းအမွေအနစ်စာရင်းသွင်းကာ-လာရောက်တူးဖေါ်-ထိမ်းသိမ်းစောင့်ရှောက်ဖို့ ကိုစီစဉ်နေပြီဖြစ်ကြောင်း-ဒေသခံတွေနဲ့၊မြန်မာတမျိုးသားလုံးတန်ဖိုးထားထိမ်းသိမ်းဖို့အတွက်တိုက်တွန်းပြောဆိုသွားခဲ့ပါသည်။
နောက်ထပ်ဆရာ-ဦးဆန်း(သုတေသီ)က-သရေခေတ္တရာလက်ရာရှေးဟောင်းပစ္စည်းများ-အကြောင်းနဲ့ရှေးဟောင်းအမွေအနစ်များအကြောင်းတို့ကို၎င်း၊ဆရာ-ဒေါက်တာခင်မောင်ညွှန့် ကလည်း-အဖွဲ့အစည်းဖွဲ့ရာမှာ-လူတန်းစားအစုံပါဝင်ဖို့လိုအပ်ကြောင်း၊အထူးသဖြင့် လူငယ်လူရွယ်များပါလာဖို့လိုအပ်ကြောင်း-ယခုဒီပွဲမှာလူငယ်တွေမပါတာကိုစိတ်မကောင်းဖြစ်မိကြောင်း-စတာတွေကိုဟောပြောသွားပါတယ်။
ထို ရှေးဟောင်းမြို့တော်ထိမ်းသိမ်းစောင့်ရှောက်တူးဖေါ်ရန်အတွက်လွန်ခဲ့သော(၂)လခန့်တုံးကလဲ-ထိုကိစ္စနှင်ပတ်သတ်ပြီး ဒုဝန်ကြီးဒေါ်စန္ဒာခင်-ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့်စာကြည့်တိုက်ဦးစီးဋ္ဌာန-ဒုတိယညွှန်ကြားရေးမှုးချုပ်တို့ ဦးဆောင်ပြီးလာရောက်ဟော ပြောဆွေးနွေးခဲ့ဘူးပါသည်-ထိုပွဲတွင်-ဋ္ဌာနဆိုင်ရာအဖွဲ့ပေါင်းစုံ၊အရပ်ဖက်အဖွဲ့စီးပေါင်းစုံ၊စိတ်ပါဝင်စားသူ၊နိုင်ငံရေးပါတီပေါင်းစုံတို့ကို-မင်္ဂလာဂါးတန်း-ခြံကြီးထဲတွင်တွေ့ဆုံခဲ့ပါသည်၊ထိုပွဲတွင် NLD ပါတီမှ-ကိုကျော်ဆန်းက-ထိုသို့မြို့ဟောင်းတူးဖေါ်ရာတွင်မလွတ်လပ်သောအိမ်များ၊ကားလမ်းများ၊ရထားလမ်းများ၊ မှော်ဇာတိုက်နယ်တို့-ဖယ်ပေးရမည်လားလို့မေးသောအခါ-ထိုဝန်ကြီးမှ-ဘယ်ခိုင်းဖို့အစီအစဉ်မရှိကြောင်း-မဖြစ်မနေ-မြို့ရိုးပေါ်မှာတက်ဆောက်ထားတဲ့-တရားမ၀င် အိမ်တွေပါတွေရှိနေရင်တော့-လိုအပ်ရင်ဖယ်ခိုင်းရမယ်လို့တော့ဖြေကြားပါတယ်လို့-ကိုကျော်ဆန်းမှ-ပြောပြပါတယ်။သူတို့က လတ်တလောမြန်မာနိုင်ငံတွင်-မထိမ်းရင်မဖြစ်တော့တဲ့အခြေအနေရှိတွေကိုဦးစားပေးပြီး-ဇုံ(၄၆)ဇုံသတ်မှတ်ထားပြီးဆောင်ရွက်မှာဖြစ်ပြီး-ကမ္ဘာ့ယဉ်ကျေးမှုစာရင်းသွင်းရန်စီစဉ်နေကြောင်းတို့ကိုလဲပြောပြသွားကြောင်းသူကပဲ-ပြောပြပါတယ်။
ထိုသရေခေတ္တရာမြို့ဟောင်းသည်-ပြည်မြို့-တောင်ဖက်(၅)မိုင်အကွာတွင်တည်ရှိပြီး-အေဒီ(၄)ရာစုမှ(၉)ရာစုအတွင်းထွန်းကားခဲ့သောရှေး ပျူမြို့ဟောင်းတစ်မြို့ဖြစ်ပြီး-ဂ၀ံပတေံအရှင်သူမြတ်အမှုးပြုပြီး၊ဒွတ္တဘောင်မင်းကြီး တည်ထောင်ခဲ့ကာ-မင်းစဉ်မင်းဆက် အုပ်စိုးနန်းစိုက်ခဲ့ပါသည်။မြို့ရိုးသည် စက်ဝိုင်းပုံမကျ၊ဘဲဥပုံမကျသောအ၀ိုင်းပုံဖြစ်ပြီး (၈ မိုင်၊၈ဖာလုံ)ရှည်ပြီး-စတုရန်းမိုင်ပေါင်း-(၅.၅)စတုရန်းမိုင်ကျယ်ဝန်းပါသည်၊ဒင်္ဂါးများ၊ဆင်းတုတော်များ၊ပျူကချေသည်အရုပ်များ၊ရွှေပေလွှာများ၊ ကိုတူးဖေါ်ရရှိထားပြီး-မှော်ဇာပြတိုက်၊ပြည်-ရွှေဘုန်းပွင့်စာကြည့်တိုက်တို့တွင်လဲ တွေ့ရှိရပါသည်။
ထိုဆွေါ်နွေးပွဲနှင့်အဖွဲ့ဖွဲ့စည်းရေးကို-မြို့မိမြို့ဖများ၊အရပ်ဖက်အဖွဲ့အစည်းများနှင့်ရှေးဟောင်းသုတေသနဦးစီးဋ္ဌာန၊ပြည်သက္ကသိုလ်၊နှင့်အရပ်ဖက်အဖွဲ့အစည်း များတက်ရောက်ကြပြီး၊ယာယီဖြစ်မြောက်ရေးအဖွဲ့အဖြစ်လူ(၁၈)ဦးဖြင့်ဖွဲ့စည်းလိုက်ကြပြီး-ညနေ(၆း၃၀)နာရီတွင်အခန်းအနားကိုရုတ်သိမ်းလိုက်ပါသည်။
Read More...

ဟံသာဝတီဦးဝင်းတင် ၏ ဖိုးအိုဝမ်း (ပုဒ်မ ၄၀၁) တွေ၊ (ပုဒ်မ ၁၈) မေ့ထားလိုက်ပါဗျာ

Leave a Comment
ဟံသာဝတီဦးဝင်းတင် ၏ ဖိုးအိုဝမ်း (ပုဒ်မ ၄၀၁) တွေ၊ (ပုဒ်မ ၁၈) မေ့ထားလိုက်ပါဗျာ
******************************************************

“ယခုနှစ်ကုန်ချိန်တွင် မြန်မာနိုင်ငံမှာ နိုင်ငံရေး ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသည့် နိုင်ငံရေး အကျဉ်းသား တစ်ဦးတစ်ယောက်မျှမကျန်အောင် ဆောင်ရွက်သွားမည်”

ဒါက မိုးပေါ်ကကျလာတဲ့ စကားတွေဗျ။ မိုးပေါ်ကဆိုတာ စလောင်းကတစ်ဆင့်၊ ရုပ်သံလွှင့်လိုင်းတွေကလာတဲ့ သတင်းကိုပြောတာ။ ဗြဟ္မာ့ပြည်ကလာတဲ့ အသံလို့လည်း ထင်မနေနဲ့ဦး။ ပြီးတော့ ဗြဟ္မာ့ပြည်က အပ်တစ်စင်းနဲ့ လူ့ပြည်က အပ်တစ်စင်း နှုတ်ခမ်းချင်းထိမိမှ တကယ်ဟုတ် အလုပ်ဖြစ်မယ့် သတင်းစာလွှာပါလို့လည်း လေပုပ်မထုတ်နဲ့။

ဒီစကားကကျုပ်တို့ရဲ့ အချော်တစ် အချစ်တော် သမ္မတကြီးကိုယ်တိုင် ပြောတဲ့စကားဗျ။ ဘယ်မှာပြောလဲတော့ မမေးနဲ့။ ကျုပ်လည်းမသိဘူး။ သမ္မတကြီးက ကမ္ဘာရိုးကိုးပေါက် နိုင်ငံတကာလှည့် လက်ဝါးဖြန့် (အဲလေ ယောင်လို့) ဝါဒဖြန့်တာလည်း မဟုတ်သေးဘူး။ ခြေစကြာဖြန့်နေတာဆိုတော့ ဘယ်ရောက်လို့ ဘယ်ပေါက်နေမှန်း မသိဘူး။ အသံညှောင်ညှောင်ကို ကျုပ်ကိုယ်တိုင် နားထောင်လိုက်တာဗျို့။

ကောင်းလိုက်တာဗျာ။ ကျုပ်ကတော့ တစ်ခါတည်း အာဖြဲအော်မိလိုက်သဗျ။ ဝမ်းစမိုးတွေ၊ အန်ကိုးတွေ အင်္ဂလိပ်လိုရော၊ ပြင်သစ်လိုရော အော်မိတယ်။ နောက်တစ်ကျော့ ထပ်ကြိတ် လိုက်ပါဦးဗျို့လို့ အားပေးတာပေါ့ဗျာ။

လွန်ခဲ့တဲ့ တစ်နှစ်လောက်ကပဲ အင်ဒိုနီးရှားရောက်တုန်း မြန်မာပြည်မှာ နိုင်ငံရေးအကျဉ်းသား တစ်ကောင်တစ်မြီးမှ မရှိဘူး။ ပြစ်မှုနဲ့ပြစ်ဒဏ်ကျနေတဲ့ကောင်တွေပဲရှိတယ်လို့ပြောခဲ့တာ ဘယ်သူလဲ။ ကျုပ်တို့ သမ္မတကြီးပေါ့ဗျာ။ ဟော အခုတစ်ခါ “မြန်မာနိုင်ငံမှာ နိုင်ငံရေးယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသည့် နိုင်ငံရေးအကျဉ်းသားတစ်ဦးမှမကျန်အောင် ဆောင်ရွက် သွားမည်” လို့ ပြောတာကကော ဘယ်သူလဲ။ ကျုပ်တို့ရဲ့သမ္မတကြီးဦးသိန်းစိန်ပဲပေါ့ဗျာ။

ထားပါလေ။ ကျုပ်ကတော့ ဝမ်းသာသဗျာ။ သတင်းထောက် ‘ထောက်ကျင့်’ လေးက ကျန်နေသေးလို့ ပါးစပ်ကတော့ “ တကယ်လားဗျ” လို့ လွှတ်ခနဲ ထွက်သွားမိတာပေါ့။ အားနာလိုက်တာဗျာ။ ကျုပ်တို့သမ္မတကြီးက အတည်ပေါက်ကြီး ပြောတာဗျ။ ကမ္ဘာ့ခေါင်းဆောင်ကြီးတွေရဲ့ရုံးမှာ သွားပြောတာဗျ။ ဟုတ်လို့ပြောတာ ဖြစ်မှာပေါ့။

အစိုးက လုပ်နေတယ်လေ။ ဘာတဲ့။ လက်ကျန်နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေးအဖွဲ့ဆိုလား။ ဝန်ကြီးတစ်ပါး ခေါင်းဆောင်တယ်။ နိုင်ငံရေးအကျဉ်းသားအဖွဲ့အစည်းတွေက နိုင်ငံရေးအကျဉ်းသားဟောင်းတွေ ကိုယ်တိုင်ပါဝင်တယ်။ သူတို့က ထောင်တွေမှာရှိတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို စိစစ်မယ်။ လွှတ်မယ်ပေါ့။ စိစစ်မယ်ဆိုတော့ လွှတ်တဲ့နေရာမှာ ကျန်တာတွေရှိမယ်။ကျန်ကောင်းကျန်မယ်ပေါ့။ ဒါကြောင့်ကျုပ်က လျှာရှည် မေးခွန်းထုတ်နေမိသပေါ့။

ကျုပ်သဘော ပြောရမယ်ဆိုရင် သမ္မတကြီးရယ် တစ်ယောက်မကျန်အားလုံးသာ လွှတ်ပေးလိုက်ဗျာ။ နှစ်ကုန်တွေ၊ ခေတ်ကုန်တွေ လေကုန်ခံမနေပါနဲ့။ စိစစ်တွေ၊ ညှိညစ်တွေ ထားလိုက်ဗျာ။ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် (၄၀၁ လွတ်ငြိမ်းသက်သာခွင့် မဟုတ်ဘူးနော်) ပေးသာပေးလိုက်ပါဗျာ။ သမ္မတကြီးအပေါ်ကလူကြီးတွေ(ကာလုံကြီး၊ ကာကွယ်ရေးနှင့် လုံခြုံရေးကော်မတီကြီး) ကမီးစိမ်းပြရင်ပေါ့လေ။

ဒါမှ. . . ဒါမှ ပြည်သူတွေကလည်း တောင်းဆို၊ နိုင်ငံရေးအင်အားစုတွေကလည်းလိုလား၊ တိုင်းရင်းသား ထုကလည်း မျှော်လင့်ကြတဲ့၊ အမျိုးသားပေါင်းစည်းသင့်မြတ်ရေးဆိုတဲ့ နိုင်ငံရေးပန်းတိုင်ကြီးဆီကို ချီတက် နိုင်ကြမယ်။ ဒီမိုကရေစီ တည်ဆောက်မှုလုပ်ငန်းတွေမှာ နိုင်ငံရေးအင်အားစုတွေအားလုံး ပါဝင်လက်တွဲနိုင်ကြမယ်။ လူ့အခွင့်အရေး ချိုးဖောက်မှုလို့ တစ်ကမ္ဘာလုံးဝိုင်းထိုးနေကြတဲ့လက်ညှိုးတွေ ရုပ်ကြလိမ့်မယ်။
`
တကယ်တော့ သမ္မတကြီးရယ်။ မှူးကြီးတွေ၊ ချုပ်ကြီးတွေ၊ ချုပ်မှူးကြီးတွေ ကျူးလွန်ခဲ့ကြတဲ့ သမိုင်းပြစ်မှုကြီးတွေဟာ ဒီလောက်လုပ်ပြရုံနဲ့ ပြေနိုင်တဲ့ အာပတ်မဟုတ်ဘူး။ အကျဉ်းထောင်လူ့ငရဲ ကိစ္စလေးလောက် ပြေရင်ကို အာကာကိုလွှာပုံပြု မေရုစုတ်တံချီရမယ်။ လူ့အခွင့်အရေး ချိုးမှုမော်ကွန်းကြီးတွေကို စာစီကုံးရင်လည်း ဆုံးနိုင်ဖွယ်မရှိဘူးဗျာ။ ဟိုသီချင်းစာသား လေး နားစွန်နားဖျားကြားဖူးမှာပေါ့။ “ပေတစ်ရာပေါ်မှာပြည်သူ့အလောင်းတွေ” ဆိုတာလေ။ ရှိသေးတယ်၊ ရှိသေးတယ်။ “သံတိုင်ကွယ်မှာ ပြည်သူ့ငရဲတွေ” ဆိုတာမျိုးတွေပေါ့။

သမ္မတကြီး ကမ္ဘာလှည့်ပြီး တစ်-နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု၊ နှစ်-စီးပွားရေးတည်ဆောက်မှု၊ သုံး-ငြိမ်း ချမ်းရေး ဖော်ဆောင်မှု ဆိုတဲ့ ကိစ္စကြီးသုံးရပ်ကို အာပေါက်အောင် အော်ရှင်းနေတာကို ကျုပ်ပြိုင် ပြောနေတာ မဟုတ်ပါဘူး။ ဒီအကျဉ်းထောင်ငရဲခန်းတွေကိစ္စ၊ နိုင်ငံရေးအကျဉ်းသားတွေကိစ္စဆိုတာတွေကလည်း သမ္မတ ကြီး ရဲ့ ကိုယ်ပိုင်ကိစ္စ၊ သမ္မတကြီး ဝိဂြိုလ်ပြုသလို မည်သည့်နိုင်ငံမှာမှ မကြုံဖူးသေးသော ဧရာမကိစ္စကြီး ဖြစ်ပေသဗျာ။

မကြုံဖူးတာတွေ ဘာတွေဆိုတာ အသာထား။ ပြသနာအညွန့်အညှောက်ပွားပေါက်ပုံက အံ့စရာဗျ။ ဒီရက်ပိုင်းမှာပဲ ကမ္ဘာ့စာနယ်ဇင်းအဖွဲ့ကြီးတစ်ခုဖြစ်တဲ့ ‘နယ်စည်းမခြားသတင်းထောက်များ’ က သမ္မတကြီးဆီ တောင်းဆိုစာပို့ထားတယ် မဟုတ်လား။ အကျဉ်းထောင်တွေမှာ အသက်နဲ့ကိုယ် အိုးစား ကွဲခဲ့ရသူတွေ (စာရေး ဆရာ မောင်သော်က၊ မုံရွာတင်ရွှေ စတဲ့ ပုဂ္ဂိုလ်ကျော်တွေ) ရဲ့ ဖြစ်ကြောင်းကုန်စင်ကို စုံစမ်းရေးဝင်ခိုင်းနေပြီ မဟုတ်လား။
`
ကဲ . . . ဒီတော့ သမ္မတကြီးရဲ့မနည်းမနောကိုလူချောအသစ်အဟောင်းတွေရဲ့ အဆစ်တောင်း၊ အညစ်ဖောင်း၊ ကလစ်ပြောင်း အကြံဥာဏ်တွေကိုဘေးချိတ်ထားလိုက်ပါဗျာ။ ဖိုးအိုဝမ်း (ပုဒ်မ ၄၀၁) တွေ၊ တစ်မျိုးပိုဆန်းတွေ (ပုဒ်မ ၁၈) မေ့ထားလိုက်ပါဗျာ။

ကျုပ်တို့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေ၊ လူ့အခွင့်အရေးတိုက်ပွဲဝင်တွေ၊ ဒီမိုကရေစီအရေး တော်ပုံတပ်သားတွေ တမ်းတ၊ တိုက်တွန်း၊ တောင်းဆိုနေကြတဲ့ အစစ်အမှန်လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ကြီး ကိုသာ ထုတ်ပြန်ကြေညာတော် မူလိုက်ပါတော့ဗျား။ ။

ဟံသာဝတီဦးဝင်းတင်
Read More...

Facebook Status အတွက်လက်ရာမြောက်စာသားလှလှဖန်တီးနည်း

Leave a Comment

Facebook Status အတွက်လက်ရာမြောက်စာသားလှလှဖန်တီးနည်း
*******************************************

Text Art လို့ခေါ်မလား တော့မသိဘူး သူကစာသားတွေကို အသုံးပြုပြီးတော့ ပုံစံဖော်တာကိုးကျတော်အရင်
တုန်းကတော့ chat box မှာစာသားအလှပို့တာကိုရေးဘူးပါတယ် ဒီမှာဖတ်နိုင်ပါတယ်ဒါပေမယ်ဒီဟာနဲယှဉ်
လိုက်တော့ဘာမှကိုမဟုတ်တော့တာပါ အခုကျတော်နမူနာပြပါမယ်ကြည့်လိုက်ပါဦး

___________________________________o88888o
_________________________88o_____o88888888
_______________________o888o___o8888888888
_______o888ooo________o8888o_888888888888
__ooo8888888888888___88888888888888888888
___*88888888888888o_88888888888888888888
___o8888888888888__88888888888888888888
__o8888888888888__88888888888888888888
___88888888888*__888888888888888888*
______*88888*___888888888888888*
_______888888__88888888888888*
______o88888888888888888888*
____o888888888888888888888888888888888888888oo
___8888888888888888888888888888888888888888888o
_o8888888888888888888888888888888888888888888*
888888888888888888888888888888888888888888**
*8888888888888888888888888888888**
_*88888888888*_88888
__8888888888*___*8888
__8888888888_____88888o
__*888888888o_____88888o
___88888888888_____*8888o
___*888888888888o___*8888o
____*8888888888888o___*888o
_____*88888888888888____8888
_______8888888888888o____*888
________888888888888______*888o
_________8888888888*_______*8888
_________*8888888888oo______*888
__________*8888888888888o
___________*88888888888888o
____________*888888888888888o
______________88888888___8888o
_______________8888888_o88888
_______________*8888888888*
_________________8888888*
__________________88888888888o
___________________88888888__*o
____________________8888888o
_____________________8888888
______________________8888888
______________________*8888888
______________________888888888oo
______________________888__888888o
_____________________o88___88888
_____________________*_____8888
__________________________o88

´´´´´´´´´´´´´´´´´´´´´´¶¶¶¶¶¶¶¶¶
´´´´´´´´´´´´´´´´´´´´¶¶´´´´´´´´´´¶¶
´´´´´´¶¶¶¶¶´´´´´´´¶¶´´´´´´´´´´´´´´¶¶
´´´´´¶´´´´´¶´´´´¶¶´´´´´¶¶´´´´¶¶´´´´´¶¶
´´´´´¶´´´´´¶´´´¶¶´´´´´´¶¶´´´´¶¶´´´´´´´¶¶
´´´´´¶´´´´¶´´¶¶´´´´´´´´¶¶´´´´¶¶´´´´´´´´¶¶
´´´´´´¶´´´¶´´´¶´´´´´´´´´´´´´´´´´´´´´´´´´¶¶
´´´´¶¶¶¶¶¶¶¶¶¶¶¶´´´´´´´´´´´´´´´´´´´´´´´´¶¶
´´´¶´´´´´´´´´´´´¶´¶¶´´´´´´´´´´´´´¶¶´´´´´¶¶
´´¶¶´´´´´´´´´´´´¶´´¶¶´´´´´´´´´´´´¶¶´´´´´¶¶
´¶¶´´´¶¶¶¶¶¶¶¶¶¶¶´´´´¶¶´´´´´´´´¶¶´´´´´´´¶¶
´¶´´´´´´´´´´´´´´´¶´´´´´¶¶¶¶¶¶¶´´´´´´´´´¶¶
´¶¶´´´´´´´´´´´´´´¶´´´´´´´´´´´´´´´´´´´´¶¶
´´¶´´´¶¶¶¶¶¶¶¶¶¶¶¶´´´´´´´´´´´´´´´´´´´¶¶
´´¶¶´´´´´´´´´´´¶´´¶¶´´´´´´´´´´´´´´´´¶¶
´´´¶¶¶¶¶¶¶¶¶¶¶¶´´´´´¶¶´´´´´´´´´´´´¶¶
´´´´´´´´´´´´´´´´´´´´´´´¶¶¶¶¶¶¶¶¶¶¶

အောက်ကနေရမှာသွားရောက်ဖန်တီးနိုင်ပါတယ်။

>>> http://fsymbols.com/ <<<

Tips For MM

https://www.facebook.com/pyaynews
Read More...

ပြည်သတင်းမိဘပြည်သူများအတွက်ဘောလုံးသတင်းများကို အချိန်နဲ့ တပြေးညီဖတ်ရှုနိုင်မယ့် Application လေးဖြစ် ပါတယ်ဗျာ။

Leave a Comment

ဘောလုံးသတင်းများကို အချိန်နဲ့ တပြေးညီဖတ်ရှုနိုင်မယ့် Application လေးဖြစ် ပါတယ်ဗျာ။ သတင်းတွေကိုတော့ အင်တာနက်လေးဖွင့်ပြီး 5မိနစ် 10မိနစ်လောက် ဆွဲပြီးတာနဲ့ Offline ပြန် ဖတ်နိုင်မှာဖြစ်ပါတယ်။ ဒီကောင်လေးကတော့ သတင်းတင်မဟုတ်ဘဲ ဘောလုံးပွဲ High Light တွေကိုလည်း ကြည့်ရမှာဖြစ်ပါတယ်။ High Light တွေကိုကြည့်ဖို့ကတော့ Link လေးပေး ထားပါတယ်။ အင်တာနက်ကွန်န ရှင်နဲ့ ၀င်ကြည့်ရုံပါဘဲဗျာ။ အခု Screen Shoot ရိုက်ပြထားတာကတော့ ကျွန်တော့ဖုန်းနဲ့ အဆင်ပြေလို့နမူ နာရိုက်ပြီး တင်ပေးလိုက်တာပါ။ မည်သည့် Android OS မှာမဆို အဆင်ပြေပြေ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

Download >>> http://www.sharebeast.com/ubzcvggkycmt

Pyae Phyo (MMiTD)

https://www.facebook.com/pyaynews

Read More...

Facebook Like Page