" မလွဲဧကန် အမှန်တစ်နေ့ သင်လည်း အိုရမည် "
ခေတ္တရာဘိုးဘွားရိပ်သာတွင် လှူဒါန်းနိုင်ရန်
ခေတ္တရာဘိုးဘွားရိပ်သာတွင် အဘိုး အဘွားများကို ကျွေးမွေးချိန် (၃) ကြိမ် သတ်မှတ်ထားပါသည်။
အဘိုး/ဘွား အရေအတွက်မှာ အဘိုး (၂၀) နှင့် အဘွား (၃၀) လက်ခံ ကျွေးမွေးထားပြီး ဂီလာနဆောင်ထားရှိကာ ဂီလာန အဘိုးအဘွားများလည်း လက်ခံထားရှိပါသည်။
အာရုံတနပ်စာအတွက် လှူဒါန်းနိုင်ရန် အလှူရှင်တစ်ဦးသတ်မှတ်ထားပြီး
တန်ဖိုးအားဖြင့် ၁၅၀၀၀ိ/ မှ ၂၀၀၀၀ိ/
နေ့နှင့်ည နှစ်နပ်ပေါင်းကို အလှူရှင်တစ်ဦး သတ်မှတ်ထားပြီး
တန်ဖိုးအားဖြင့် ၃၅၀၀၀ိ/
မိမိလှူလိုသည့် နေ့ရက်တွင် အချိန်တိုက်နေပါက လှူဒါန်းနိုင်ရန် နှစ်မျိုးရှိပါသည်။
နေ့လည် ၁ နာရီ ၃၀ မိနစ်တွင် နေ့လည် ဖြည့်စွက်အဟာရကို ကျွေးမွေးနိုင်ပြီး
တန်ဖိုးအားဖြင့် ၁၅၀၀၀ိ/ မှ ၂၀၀၀၀ိ/
သို့တည်းမဟုတ် မိမိကိုယ်တိုင် လှူဒါန်းလိုသည့် ဆေးဝါး၊ အသုံးအဆောင်များ၊ အ၀တ်အထည်များ စသည်ဖြင့်
ကိုယ်တိုင်ကိုယ်ကျ လာရောက်လှူဒါန်းနိုင်ပါသည်။
တစ်လခြင်း ပျမ်းမျှစာရင်းအရ ကုန်ကျငွေ ၂၅ သိန်းနှင့် ၃၀ ကြားရှိပြီး တစ်နှစ်ပျမ်းမျှကုန်ကျငွေ ၂၅၀ သိန်းနှင့် ၃၀၀ ကြားရှိပါသည်။ အဆိုပါကုန်ကျစရိတ်များကို နိုင်ငံတော်မှ ပံပိုးမှု တစိတ်တစ်ပိုင်းနှင့် မြို့သူမြို့သား နယ်သူနယ်သားများ၏ စေတနာဖြင့် ရပ်တည်နေနိုင်ခြင်းဖြစ်ပါသည်။
တစ်လလျှင် အစိုးရ ပံပိုးငွေ ၂၀၁၃ တွင် ၄၀ သိန်းရရှိပြီး ကျန်ကုန်ကျစရိတ်များမှာ ရပ်ဝေး ရပ်နီးအလျှင်ရှင်များ၏ စေတနာဖြင့် ရပ်တည်နေနိုင်ခြင်းဖြစ်ပါသည်။
ရည်ရှည်ရပ်တည်နိုင်ရေးအတွက် အစုရှယ်ယာငွေပဒေသဘင်များ ဖွဲ့စည်းပြီး ပုဂလိကဘဏ် (၅) တွင် သိန်း (၃၀၀) အပ်နှံထားရှိပြီး နှစ်စဉ် တစ်နှစ်လျှင် အကျိုးအမြတ် ၄၀ သိန်းမှ ၅၀ ကြားရရှိပါသည်။ အဆိုပါ ငွေပဒေသဘင်တွင်လည်း အစုရှယ်ရာ ငွေပဒေသဘင်အဖြစ်ပါဝင်လှူဒါန်းနိုင်ပြီး တစ်စုလျှင် ၁၈၀၀၀ိ/ နှုန်းဖြင့် လှူဒါန်းနိုင်ပါသည်။
ခေတ္တရာဘိုးဘွားရိပ်သာသည် ၁၉၈၅ မှ စတင်ဖွင့်လှစ်ခဲ့ပြီး " မလွဲဧကန် အမှန်တစ်နေ့ သင်လည်း အိုရမည် " ဆောင်ပုဒ်အတိုင်း ရပ်တည်လာသည်မှာ ယခုဆိုလျှင် နှစ်ပေါင်း ၂၈ နှစ်တိုင်ခဲ့ပါပြီ။
ပြည်သတင်မှ မိတ်ဆွေအပေါင်း ခေတ္တရာဘိုးဘွားရိပ်သာတွင် လှူဒါန်း ကုသိုလ်ပြုနိုင်ရန် တိုက်တွန်းလိုက်ရပါသည်ခင်ဗျာ။
သီရိခေတ္တရာဘိုးဘွားရိပ်သာ
ပြည်-အောင်လံလမ်း၊ လေယာဉ်ကွင်းအနီး၊ ပြည်မြို့။
၀၅၃-၂၈၅၈၉ / ၀၉-၄၉၀၅၀၀၈၈၀
ဦးတင်စော (အုပ်ချုပ်ရေးမှုး)
၇/ပမန(နိုင်) ၀၅၅၉၀၅
ပြည်သတင်း
https://www.facebook.com/pyaynews
ပြည်အရောင်းအ၀ယ်
https://www.facebook.com/groups/pyaymarket
ပြည်သတင်းများ ဆုံဆည်းရာ
https://www.facebook.com/groups/670687089615364
No comments:
Post a Comment