၂၀၁၄ ခုနှစ်သန်းခေါင်စာရင်းဆိုင်ရာ ဟောပြောဆွေးနွေးပွဲကို မြို့လှကျေးရွာတွင်ပြုလုပ်
**************************************************
၂၀၁၄ ခုနှစ်လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းဟောပြောပွဲကို ၂၀၁၃ ခုနှစ် နိုဝင်ဘာလ (၃၀)ရက်နေ့က ပြည်မြို့နယ် ဗြူးကုန်းကျေးရွာအုပ်စု မြို့လှ ကျေးရွာအတွင်းရှိ မူလွန် အလက ကျောင်းအတွင်းကျင်းပပြုလုပ်ခဲ့ကြောင်းသတင်းရရှိခဲ့ပါသည်။ အဆိုပါဟောပြောပွဲတွင် ဗြူးကုန်းအုပ်ချုပ်ရေးမှ အဖွင့်အမှာစကားပြောကြားပြီး ပြည်မြို့နယ် လ၀ကဦးစီးဌာနမှုး ဦးဇော်ဇော်ဦး မှ သန်းခေါင်စာရင်း ကောက်ယူခြင်းအကြောင်း သန်းခေါင်စာရင် ကောက်ယူမည့်အချိန်ရရှိမည့်အကျိုးကျေးဇူးများ နှင့် သန်းခေါင်စာရင်အသိပညာများကို အကျယ်တ၀င့် တက်ရောက်လာသူများကိုရှင်းလင်းပြောကြားခဲ့ပြီး သန်းခေါင်စာရင်းကောက်ယူရာတွင် မေးမြန်းမည့် မေးခွန်း(၄၁)ချက်အား ရှင်းလင်းပြောကြားသွားပြီး မှန်မှန်ကန်ကန်ဖြေဆိုပေးပါရန်နှင့် တက်ရောက်လာသူများအား သဘောက်ပေါက်နားလည်စေရန် ရှင်းလင်းပြောကြားသွားကြောင်းသတင်းရရှိခဲ့ပါသည်။
အဆိုပါအခမ်းအနားကို မနက် (၁၀း၃၀)မိနစ်အချိန်မှာစတင်ခဲ့ပြီး မြို့နယ်ဦးစီးမှုး ဦးဇော်ဇော်ဦး နှင့် နောက်ပါဝန်ထမ်း(၄)ဦး၊ကျေးရွာအုပ်ချုပ်ရေးမှုး၊အထောက်အကူပြုအဖွဲ့များ ၊ဒေသခံပြည်သူလူထု (၁၅၀)ကျော်တက်ရောက်ခဲ့ပြီး အဆိုပါအခမ်းအနားကို နေ့လည်(၁၂း၃၀)မိနစ်အချိန်တွင် ပြီးဆုံးသွားကြောင်းသတင်းရရှိခဲ့ပါသည်။....
နောက်ဆက်တွဲသတင်း
***************
နောက်ဆက်တွဲသတင်းအနေနဲ့ (၁.၁၂.၂၀၁၃)ရက်နေ့ မနက်(၁၀း၃၀)မိနစ်အချိန်မှ နေ့လည်(၁၂း၃၀)အချိန်အထိ ပြည်မြို့နယ် အုတ်ဆွဲကျေးရွာအတွင်းရှိ အလကကျောင်းတွင် အထက်ဖော်ပြပါအတိုင် ကျင်းပပြုလုပ်ခဲ့ပြီး တက်ရောက်သူအင်အား(၁၅၀)ခန့်တက်ရောက်ခဲ့ကြောင်းသတင်းရရှိခဲ့ပါသည်။..
ပြည်သတင်း https://www.facebook.com/pyaynews
ပြည်အရောင်းအ၀ယ် https://www.facebook.com/groups/pyaymarket
ပြည်သတင်းများ ဆုံဆည်းရာ https://www.facebook.com/groups/670687089615364
www.pyaynews.blogspot.com

No comments:
Post a Comment