Thursday, December 12, 2013
မင်းကြီးတောင်ခြေ ဆောက်လုပ်ရေးဝန်းရှေ့တွင် ယဉ်တိုက်မှုဖြစ် လူသေဆုံး
မိုးမေတ္တာ နာရေးကူညီမှုအသင်း - ပြည်
ဒီကနေ့ ညနေ ( ၃း၀၀ ) နာရီမှာ အမှတ် ( ၂ ) ရဲဌာနကနေပြီး အသင်းသို့ ဖုန်းဖြင့်အကူအညီတောင်းခံလာပါတယ်။ မင်းကြီးတောင်ခြေ ရန်ကုန် - ပြည်လမ်း ဆောက်လုပ်ရေးဝန်းရှေ့တွင် ဆိုင်ကယ်မတော်တဆတိမ်းမှောက်မူဖြင့် လူတစ်ဦးအားဆေးရုံသို့ ပို့ ပေးပါရန် အကူအညီတောင်းခံလာပါတယ်။ ထို့ ကြောင့် မိုးမေတ္တာနာရေးကူညီမူအသင်းပြည်မှ အမူဆောင်များနှင့် တာဝန်ကျအသင်းသား/ သူများက အခင်းဖြစ်ပွားရာနေရာသို့ သွားရောက်ခဲ့ကြပါသည်။ အသင်းမှရောက်ရှိသွားချိန်တွင် ထိုလူနာ၏ အသက်မှာဆုံးရှူးသွားပြီဖြစ်ပါသည် မတော်တဆထိခိုက်မူဖြစ်ပြီး မကြာမီသေဆုံးသွားကြောင်းကိုလည်းအနီးပတ်ဝန်းကျင်မှ ရှင်းပြကြပါသည်။ မျက်နှာတစ်ခုလုံးသွေးများဖြင့်ပေကျန်ပျက်စီးလျှက်ရှိပြီး အသင်းမှ အသင်းသားများက ထိုအမည်မသိလူနာ၏ ရုပ်အလောင်းအား ပလတ်စတစ်အကြည်စဖြင့် စနစ်တကျထုပ်ပိုးပြီး အသင်းကားပေါ်သို့ တင်ဆောင်ကာ ပြည်သူ့ ဆေးရုံကြီး အအေးခန်းဌာနသို့ ပို့ ဆောင်ကူညီကုသိုလ်ယူခဲ့ကြပါသည်။ မကြာမီ သက်ဆိုင်ရာဌာနများ၏ စုံစမ်းမူကြောင့် သေဆုံးသူ၏ အမည်မှာ ကိုတင်ဌေးဦး အသက် ( ၃၇ )နှစ် ရွှေကြားအင်း ( ၂ )ရပ်ကွပ် တောင်တွင်းကြီးမြို့ တွင်နေထိုင်သူဖြစ်ကြောင်းလည်းသိရပါသည်။ ထိုကဲ့သို့  ယာဉ်မတော်တဆတိုက်ခိုက်မူများကြောင့် အသက်ဆုံးရှူံးရမူများမှာ ( ၂၀၀၀) ပြည့်နှစ်နောက်ပိုင်းများတွင် အဆိုးရွားဆုံးကြုံတွေ့ ခံစားလာနေရပါသည်။ ယာဉ်မတော်တဆတိုက်ခိုက်မူများဟာ ကပ်ရောဂါတစ်ခုလို လူသားတို့ ၏ မဆင်မခြင်မူများနှင့် မသိနားမလည်မူများကြောင့် လူသားကမ္ဘာကို ခြိမ်းခြောက်စပြုလာနေပါသည်။ မျှော်လင့်မထားသော ဖြစ်ရပ်ဆိုးများဖြင့် ဆုံးရှူံးပျောက်ကွယ်သွားရသော လူသားဘ၀များဟာ အင်မတန်နှမြောစရာကောင်းလှပြီး ကျန်ရစ်သူမိသားစုများ၏ ကြေကွဲဝမ်းနည်းမူများသည်လည်း ရေးသားပြစရာ စကားလုံးများပင်ရှိနိုင်မည်မထင်တော့ပါ။ ထို့ ကြောင့် ထိုသို့  မမျှော်လင့်သော ဖြစ်ရပ်ဆိုးများဖြင့် နောက်ထပ်မကြုံတွေ့  မခံစားလိုပါကြောင်း။ ။
မိုးမေတ္တာ နာရေးကူညီမှုအသင်း - ပြည်
ပြည်သတင်း
https://www.facebook.com/pyaynews
ပြည်အရောင်းအ၀ယ်
https://www.facebook.com/groups/pyaymarket
ပြည်သတင်းများ ဆုံဆည်းရာ
https://www.facebook.com/groups/670687089615364
No comments:
Post a Comment