သတင်းအမှန် (ရေကြည်တော်များ စေတီတော်မှ ကျလျှက်ရှိ)
***************************************
ပဲခူးတိုင်းဒေသကြီး(နောက်) သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် ရုံးချောင်းကျေးရွာအုပ်စု သင်္ခရိုင်ကျေးရွာ ဘော်ဘင်ဆည်အနီး
ရှိ ရတနာသင်္ခ၊သင်္ခရိုင်၊သစ္စာပေါင်းကူး အောင်ဆုထူးစေတီတော်မြတ်ကြီးမှ ဒီဇင်ဘာ(၂)ရက်နေ့တွင် ရွှေသင်္ကန်းကပ်လှုပူဇော်ရန်အတွက်
မတည်အလှုရှင် ဗိုလ်ကြီး နေမင်းစမ်း (ငြိမ်း) နှင့် ကြို့ပင်ကောက်မြို့ ဒေသခံ ကိုသူရလွင် အပါအ၀င် သူငယ်ချင်း(၄)ဦးတို့မှ အဆိုပါစေ
တီတော်မြတ်ကြီးအား ပြုပြင်မွန်းမံနေစဉ် ဒီဇင်ဘာ(၄)ရက်နေ့ နံနက်(၇း၀၀)အချိန်ခန့်တွင် အဆိုပါစေတီတော်မြတ်ကြီး၏ (၂'')ပေပတ်
လည်ရှိ ဌာပနာပေါက် အနီးမှ ရေကြည်တော်များ အလိုအလျောက်စီးဆင်းပမ်းထွက်လျက်ရှိကြောင်းဒေသခံခံ တစ်ဦးမှ ပြည်သတင်း
သို့ပြောကြားခဲ့သည်။
စေတီတော်မြတ်ကြီး၏ အမြင့်ပေမှာ (၂၇)တောင်ညာဏ်တော်အမြင့်ရှိပြီး ယခုဆိုလျှင် နေ့ညမပျက် ရပ်နီးရပ်ဝေးများမှ ဘုရားဖူးရင်း
ရေကြည်တော်များ ခံယူခြင်းများကို တစ်နေ့လျှင်လူဦးရည်ပေါင်း(၁၀၀)ခန့် လာရောက်စီတန်း ပြီးရေကြည်တော်များ အားမိမိတို့လိုအပ်
ရာ သုံးစွဲရန်အတွက်ယူဆောင်သွားကြကြောင်း နှင့် အဆိုပါရေကြည်တော်အား နူတ်ခမ်းဖြင့်အနည်းငယ်ထိပြီး အရသာခံကြည့်ပါက အနည်း
ငယ် ခါးပြီး ၀မ်းထဲသို့ရောက်ပါက ချိုသရောင်ရောင်ဖြစ်နေလျှက်ရှိကြောင်း အဆိုပါရေကြည်တော်များခံပြီးသူ တစ်ဦးမှ ပြည်သတင်းသို့
ပြောကြားသွားခဲ့သည်။....
ပြည်သတင်း
https://www.facebook.com/pyaynews
ပြည်အရောင်းအ၀ယ်
https://www.facebook.com/groups/pyaymarket
ပြည်သတင်းများ ဆုံဆည်းရာ
https://www.facebook.com/groups/670687089615364
www.pyaynews.blogspot.com

No comments:
Post a Comment