ရွှေတောင် ဒီဇင်ဘာ ၂၆
ကျေးလက်နေပြည်သူများ အသိပညာဗဟုသုတတိုးပွားရေး၊ လူမှုစီးပွားဘ၀များ ဖွံ့ဖြိုးတိုးတက်စေရေး ရည်ရွယ်ချက်ဖြင့် ပြည်ခရိုင် ရွှေတောင်မြို့နယ် ထန်ကုန်းအုပ်စု ဥယျာဉ်ကျေးရွာ ရွှေအိုးစာကြည့်တိုက်ဖွင့်ပွဲကို ဒီဇင်ဘာ ၁၈ ရက် နံနက် ၉ နာရီခွဲက အဆိုပါ ကိုယ့်အားကိုယ်ကိုးစာကြည့်တိုက် ၌ ကျင်းပသည်။ ဖွင့်ပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန
မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးဆင့်က စာကြည့်တိုက်
ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် သန်းခေါင်စာရင်းအကြောင်း သိကောင်းစရာများကို
ဟောပြောသည်။ ယင်းစာကြည့်တိုက်မှာ အလျား ၁၈ ပေ၊ အနံ ၉ ပေ၊ အမြင့် ၉ပေရှိ
သွပ်မိုး၊ အုတ်ကာ၊ အုတ်ခင်းဖြစ်ပြီး သုတ၊ ရသစာအုပ်စာစောင် ၃၀၀၊
ဗီရိုတစ်လုံး၊ စာအုပ်စင်တစ်ခု၊ စားပွဲတစ်လုံး၊ ဖိုင်ဘာခုံ
လေးလုံးတို့ပါဝင်ပြီး ကျေးရွာနေပြည်သူများ၏ လှုဒါန်းငွေကျပ်
ရှစ်သိန်းဖြင့် ဆောက်လုပ်ခဲ့ကြောင်း သိရသည်။
KM2712
ကျေးလက်နေပြည်သူများ အသိပညာဗဟုသုတတိုးပွားရေး၊ လူမှုစီးပွားဘ၀များ ဖွံ့ဖြိုးတိုးတက်စေရေး ရည်ရွယ်ချက်ဖြင့် ပြည်ခရိုင် ရွှေတောင်မြို့နယ် ထန်ကုန်းအုပ်စု ဥယျာဉ်ကျေးရွာ ရွှေအိုးစာကြည့်တိုက်ဖွင့်ပွဲကို
KM2712
No comments:
Post a Comment