Saturday, December 14, 2013

ဘုရားကြီးစေတီ(အေဒီ(၆-၇)ရာစု)



ဘုရားကြီးစေတီ(အေဒီ(၆-၇)ရာစု)
**********************

ဘုရားကြီးစေတီသည် သရေခေတ္တရာပျူခေတ်တွင် တည်ထားခဲ့သော စေတီတစ်ဆူဖြစ်ပြီး
ဘောဘောကြီးစေတီနှင့်တစ်ခေတ်တည်းတွင်တည်ထားခဲ့သောစေတီတော်မြတ်ကြီး ဖြစ်
သော်လည်း ဘောဘောကြီးဘုရားထက် တည်ထားမှုနောက်ကျပါသည်။  မြန်မာနိုင်ငံအတွင်း
စေတီဘုရားများတည်ထားကိုးကွယ်မှုသမိုင်းတွင် အစောဆုံးထဲ၌ တစ်ဆူအပါအ၀င်ဖြစ်ပါသည်။
ဘောဘောကြီးစေတီ နှင့် သွင်ပြင်လက္ခဏာ ကွဲပြားလာပြီး မျက်မှောက်ခေတ် မြန်မာစေတီတော်
များ၏ ရှေ့ပြေးပုံစံအဖြစ် ဘုရားကြီးစေတီတော်ကိုတည်ထားခဲ့ဟန်တူပါသည်။ အစဉ်အလာပြော
ဆိုမှုများ နှင့် မြန်မာရာဇ၀င် ကျမ်းအချို့တွင် ဒွတ္တပေါင်မင်းကြီးတည်ထားခဲ့သော ကောင်းမှုတော်
စေတီ(၉)ဆူအနက် ဘုရားကြီးစေတီ တစ်ဆူပါဝင်ခဲ့ပါသည်ဟုဆိုပါသည်။ ဘုရားရှင်၏ ဓါတ်တော်
တစ်ဆူ၊လင်္ကျာ ခြေမတော်မှ ဖြစ်သော ခြေသဲတော်ကို ထည့်သွင်းဌာပနာကာ (မဟာစေတီ)ဟုသမုဒ်
၍ တည်ထားခဲ့ကြောင်း စေတီတော်တည်ထားစဉ်က ဖြေးဖြေးဆေးဆေး တည်ထားခဲ့သောကြောင့်
(ဆေးဆေးစေတီ)ဟု၎င်း အလွန်ကြီးမားသောကြောင့် (မဟာစေတီဘုရား)ဟု၎င်းခေါ်ဝေါ်ခဲ့ဘူးပါသည်။
 နောင်အခါတွင် (ဘုရားကြီး ဘုရား)ဟုပြောင်းလည်းခေါ်ဝေါ်ခဲ့ပါသည်။

ခေတ်အဆက်ဆက်က မင်း နှင့် ပြည်သူတို့က ထိမ်းသိမ်းစောင့်ရှောက်လျှက်ရှိခဲ့ကြပြီး ယခုအခါမှာတော့
ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများ နှင့် ဂေါပကအဖွဲ့တို့မှ အနီးကပ် ထိမ်းသိမ်းစောင့်လျှက်ရှိပါသည်။
ထို့အပြင် ယဉ်ကျေးမှုဝန်ကြီးဌာန၊ရှေးဟောင်းသုသေသနဦးစီးဌာနတို့မှလည်း ထိမ်းသိမ်းစောင့်ရှောက်လျှက်
ရှိသည့် မြန်မာ့ယဉ်ကျေးမှု အမွေအနှစ် ပြည်မြို့ရဲ့ အထင်ကရစေတီတော်မြတ်ကြီးတစ်ဆူဖြစ်ပါကြောင်း
(ပြည်သတင်း)မှ ကိုကျော်ဝင်းခိုင်(ပြည်သတင်းလူငယ်) နှင့် (ပြည်သတင်း)မှ ကိုပြည့်ဖြိုး(pyae phyo pyay)
တို့မှ ဘုရားကြီးစေတီတော်အတွင်းရှိ သမိုင်းကျောက်စာတိုင်မှ ကူးယူဖော်ပြအပ်ပါသည်။

ကိုကျော်ဝင်းခိုင်(ပြည်သတင်းလူငယ်)...၀၉၄၀၁၆၁၆၃၂၃
ကိုပြည့်ဖြိုး      (pyae phyo pyay)   ....၀၉၄၃၀၄၇၈၆၂



ပြည်သတင်း

https://www.facebook.com/pyaynews

ပြည်အရောင်းအ၀ယ်

https://www.facebook.com/groups/pyaymarket

ပြည်သတင်းများ ဆုံဆည်းရာ

https://www.facebook.com/groups/670687089615364

No comments:

Post a Comment