Sunday, November 17, 2013

နတ်တလင်း မြို့နယ် အတွင်းရှိ တောင်သူ လယ်သမားများနှင့် တွေ့ဆုံပွဲ ကျင်းပ

နတ်တလင်း နိုဝင်ဘာ ၁၅

ပဲခူးတိုင်းဒေသကြီး နတ်တလင်းမြို့နယ်အတွင်းရှိ တောင်သူလယ်သမားများနှင့် တွေ့ဆုံပွဲ အခမ်းအနားကို နိုဝင်ဘာ ၁၃ ရက် မွန်းလွဲပိုင်းက နတ်တလင်းမြို့နယ် ရွှေလင်းခန်းမ၌ ကျင်းပရာ နိုင်ငံတော်အနေဖြင့် ပြည်သူ့အကျိုးရှေးရှုပြီး ပြုပြင်ပြောင်းလဲမှုများအား ဆောင်ရွက်လျက်ရှိရာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု၊ စီးပွားရေးပြုပြင်ပြောင်းလဲမှုနှင့် အုပ်ချုပ်ရေးပြုပြင် ပြောင်းလဲမှုများအား ဆောင်ရွက်ခဲ့ပြီး ယခုအခါ ပြည်သူကိုဗဟိုပြုသည့် ပြည်သူ့အုပ်ချုပ်ရေးစနစ်ကို အကောင်အထည်ဖော်လျက်ရှိရာ လူမှုစီးပွား ဘ၀ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များက ဖွဲ့စည်းပေးထားသည့် ဆပ်ကော်မတီများနှင့်ပူးပေါင်းဆောင်ရွက်၍ တောင်သူလယ်သမားများ၊ အလုပ်သမားများ၏ အဓိကလိုအပ်ချက်များအား ထိထိမိမိနှင့် လျင်လျင်မြန်မြန်ဆောင်ရွက် ပေးရန်ဖြစ်ပါကြောင်း၊ တောင်သူ လယ်သမားများအနေဖြင့်လည်း အခက်အခဲများ၊ အဆင်မပြေမှုများရှိပါက ဆွေးနွေးပေးစေလိုပါကြောင်း အလုပ်သမားရေးရာနှင့် တောင်သူလယ်သမားရေးရာ ဆပ်ကော်မတီ ဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်ကျော်ဝင်းက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသော နတ်တလင်းမြို့နယ်အတွင်းရှိ တောင်သူလယ် သမားကိုယ်စားလှယ်များက ဆွေးနွေးတင်ပြကြသည့်ကိစ္စများကို ဆပ်ကော်မတီဥက္ကဋ္ဌ ဒုတိယ၀န်ကြီး ဦးကျော်ကျော်ဝင်း၊ ပဲခူးတိုင်းဒေသကြီး စိုက်ပျိုးရေးနှင့်မွေးမြူရေးဝန်ကြီး ဦးတင်စိုးနှင့်ဆပ်ကော်မတီ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ကဏ္ဍအလိုက်ပြန်လည်ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။ ယင်းနောက် စကိုင်းနက်ကုမ္ပဏီမှ စကိုင်းနက်ရုပ်သံဖမ်းစက်အစုံ ၂၀၊ AIG ကုမ္ပဏီမှ တောင်သူလယ် သမားများ စမ်းသပ်သုံးစွဲရန် Organic ဓာတ်မြေသြဇာ ဧက ၃၀ စာနှင့် ဒုတိယ၀န်ကြီး ဦးကျော်ကျော်ဝင်းက ဆိုလာမီးအိမ်များကို ပေးအပ် လှူဒါန်းခဲ့ကြောင်း သိရသည်။

KM1611
Pyay City

No comments:

Post a Comment