Thursday, November 14, 2013

လက်ပံတန်းတွင် ရထားကြိတ်သေဆုံး

ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့နယ်တွင် နိုဝင်ဘာ ၉ ရက် ည ၈ နာရီခန့်က ဒုရဲအုပ် ကျော်မင်းဟန် တာဝန်မှူး တာဝန်ထန်းဆောင်နေစဉ် လက်ပံတန်းမြို့နယ် ကျွန်းပင်ကောက်ကျေးရွာအနီး ရထားလမ်းတွင် လူတစ်ဦး ရထားကြိတ်၍ သေဆုးံ နေကြောင်းသတင်းအရ သိုက်ဝါးချောင်းအုပ်စု အုပ်ချုပ်ရေးမှူး ဦးသောင်းစိန်၊ ရာအိမ်မှူး ဦးသိန်းလှိုင်တို့နှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးရာ ရထားလမ်း မိုင်တိုင်အမှတ် ၈၀/၁၉ နှင့် ၈၀/၂၀ ကြားတွင် သိုက်ဝါးချောင်းကျေးရွာနေ အောင်ကျော်မင်း (၃၉နှစ်) စိတ်မနှံ့သူကို လက်ပံတန်းဘူတာမှ ည ၇ နာရီ ၄၆ မိနစ်တွင်ထွက်ခွာလာသော ရန်ကုန် -ပုဂံ စက်ခေါင်းအမှတ် DF 2053 (၆၁) အဆန်ရထား ကြိတ်မိဲပီး ခန္ဒာကိုယ်နှစ်ပိုင်းပြတ် သေဆုံးနေကြောင်း တွေ့ရသဖြင့် ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/ မဟုတ် စုံစမ်း စစ်ဆေးပေးရန် ဒုရဲအုပ်ကျော်မင်းဟန်က တရားလိုပြုလုပ်တိုင်တန်းသဖြင့် အမှုစစ်စခန်းမှူး ဒုရဲမှူးစန်းမြင့်က စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လက်ပံတန်း နိုဝင်ဘာ ၁၃

သန့်ဇော်ဦး (iprd)

Pyay City

No comments:

Post a Comment