Monday, November 11, 2013

တာပွန် ဓာတ်မှန်ဆောင် ၉၅ ရာခိုင်နှုန်း ပြီးစီး

နတ်တလင်း နိုဝင်ဘာ ၉

ပဲခူးတိုင်းဒေသကြီး နတ်တလင်းမြို့နယ် တာပွန်တိုက်နယ် ဆေးရုံဝင်းအတွင်း တည်ဆောက်နေသော ဓာတ်မှန်ဆောင်သည် ၉၅ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း တာပွန်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ဦးက ပြောကြားသည်။ ဓာတ်မှန်(100 KV)ကို နိုင်ငံတော်အစိုးရမှ ထောက်ပံ့ပြီး ဓာတ်မှန်ဆောင် ဆောက်လုပ်ရာတွင် တိုင်းဒေသကြီးအစိုးရက သိန်း ၅၀ ကူညီခဲ့ပြီး ဒေသခံပြည်သူများက ၉၃ သိန်းထည့်ဝင်၍ စုစုပေါင်း ၁၄၃ သိန်း ကုန်ကျခံကာ ဆောက်လုပ်ထားခြင်းဖြစ်သည်။ ဓာတ်မှန်ဆောင်ဖွင့်လှစ်ပြီးပါက ဒေသခံကျေးရွာအုပ်စု ၂၅ အုပ်စုမှ ပြည်သူများ နတ်တလင်းမြို့သို့ သွားရောက်ပြီး ဓာတ်မှန်ရိုက်ခြင်း၊ ရောဂါရှာဖွေခြင်းများကို အချိန်မကုန်စေဘဲ မိမိဒေသတွင် ကုသဆောင်ရွက်နိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

KM10112013
Pyay City

No comments:

Post a Comment