Thursday, November 14, 2013

15.11.2013 ရက်နေ့တွင် ဗုဒ္ဓမြတ်စွယ်တော် ရင်ပြင်တော်ပေါ်လှည့်လည်အပူဇော်ခံမည်


(၁၁၄) နှစ်ပြည့်၊ ဗုဒ္ဓမြတ်စွယ်တော် ဖွင့်လှစ်အပူဇော်ခံပွဲ ၁၃၇၅-ခု၊ တန်ဆောင်မုန်းလဆန်း (၁၃) ရက်နေ့ ရင်ပြင်တော်ပေါ်လှည့်လည်ပွဲ အခမ်းအနားအစီအစဉ်ကို အောက်ပါ အစီစဉ် (၇) ရပ်ဖြင့် ပြုလုပ်မည်ဖြစ်ကြောင်း သိရှိရပါသည်။

သို့ဖြစ်ပါသဖြင့် ဘုရားဖူး သူတော်စင်အပေါင်း ကုသိုလ်ပွားများနိုင်ရန် ပြည်သတင်းမှ စုံစမ်းတင်ပြအပ်ပါသည်။
အစီအစဉ် (၁) မြတ်စွယ်တော်တိုက်အတွင်းရှိ အပူဇော်ခံပုလ္လင်တော်မှ ဒေသအာဏာပိုင်အဖွဲ့အစည်းများနှင့် ဂေါပကအဖွဲ့များဦဆောင်၍ ပန်းရထားပေါ်သို့ ပင့်ဆောင်ပေးရန်။
(က) ရှေ့ဆုံးမှပန်းကြဲအဖွဲ့၊ (ခ) ပန်းဖလားကိုင်၊ (ဂ) စိန်စေတီပင့်ဆောင်ရေးအဖွဲ့

အစီအစဉ် (၂) စိန်စေတီတင်ထားသော ပန်းရထားရှေ့တွင် အိန္ဒူအမျိုးသမီးများအဖွဲ့မှ အုန်းသီးခွဲ မီးပူဇော်ရန်။

အစီအစဉ် (၃) အလှည့်ကျဝေယျဝစ္စအဖွဲ့ (၆) ဖွဲ့မှ ရွှေကြိုး၊ ငွေကြိုးဆွဲ လက်ယာရစ် (၃) ကြိမ်ပူဇော်ရန်။

အစီအစဉ် (၄) ဝေပုလ္လကာရီ အမျိုးသမီးအဖွဲ့မှ ပန်းကြဲရန်။

အစီအစဉ် (၅) အိန္ဒူအမျိုးသမီးအဖွဲ့မှ ပန်းကြဲရန်။

အစီအစဉ် (၆) ၀ါတွင်းနိဗန်ဆော်အဖွဲ့မှ အောင်စည်အောင်မောင်းနှင့် စည်တော်အက လှည့်လည်ဖျော်ဖြေရန်။

အစီအစဉ် (၇) သာသနာ့အလံကိုင်၊ ရွှေယပ်ကိုင်၊ ရွှေထီးကိုင်၊ ထီးဖြူကိုင်နှင့် လည်းကောင်းအဖွဲ့များရှေ့ဆုံးတွင် အချက်ပြအလံကိုင်တို့မှ ဦးဆောင်၍ ဘုရားဖူးလာ ပြည်သူများဖူးမျှော် ကြည်ညို သဒ္ဒါပွားများနိုင်ရန်အတွက် လက်ယာရစ် (၃) ပတ်၊ လှည့်လည်၍ အိုးစည် ဒိုးပတ်ဝိုင်းများဖြင့် စည်ကားသိုက်မြိုက်စွာ အပူဇော်ခံပါမည်။

ပြည်သတင်း

https://www.facebook.com/pyaynews

No comments:

Post a Comment