ပြည် ၊ အောက်တိုဘာ- (၁၀)
ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ် အမှတ်(၃) နယ်မြေ ရဲစခန်းပိုင်ရဲစခန်း အရှေ့သုံးမိုင်ခန့်အကွာ အနောက်ရွာသစ်အုပ်စု ပျဉ်းပင်ကိုင်း၇ွာအနီး အောင်မြင်ဗာဟု ကာကွယ်တောအတွင်း အင်ကြင်းကျောက်များ သယ်ဆောင်ကြောင်း သတင်းအရ ပြည်မြို့နယ် သစ်တောဦးစီးဋ္ဌာနမှ တောအုပ်ကြီး ဦးမြင့်သန်းနှင့်အဖွဲ့၊ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် ဇော်လွင်ထွန်းနှင့်အဖွဲ့၊ ပျဉ်းပင်ကိုင်းကျေရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်နှင့်အဖွဲ့တို့သည် အောက်တိုဘာ ၇ ရက် မွန်းလွဲ ၁ နာရီက စုံစမ်းရှာဖွေစဉ် ပျဉ်းပင်ကိုင်းရွာအနီး လှည်းလမ်းတွင် အောင်အောင် (၂၈) နှစ်၊ အောင်ကြည်စိုး( ၄၅) နှစ်၊ နန်းဝေ (၂၃) နှစ်၊ ကျော်နိုင် (၂၄) နှစ်၊ ၀င်းထွန်း (၂၇) နှစ်၊ ခင်မြ (၅၇) နှစ် ၊ ဖိုးအေး (၂၁) နှစ်နှင့် ၀င်းဇော်ထွန်း (၂၃) နှစ် အနောက်ရွာသစ်အုပ်စု ပျဉ်းပင်ကိုင်းရွာနေသူ ရှစ်ဦးတို့သည် အင်ကြင်းကျောက် ရှစ်တုံး၊ ၈၅ ပိဿာခန့်ကိုလှည်းနှစ်စီးဖြင့် သယ်ဆောင်လာသည်ကိုတွေ့ရှိခဲ့သည်။

အဆိုပါ အဖွဲ့သည်သတင်းအရ ဆက်လက်စုံစမ်းခဲ့ရာ ပြည်မြို့နယ် အမှတ်(၃) နယ်မြေ ရဲစခန်းအပိုင် တီတွဒ်ကျေးရွာ အနီး ပြည်- အောင်လံ ကားလမ်းမပေါ်တွင် ရပ်ထားသော ၈င / ၂၉၄၄ လိုက်ထရပ် မိုးပြာရောင်ယာဉ်ပေါ်မှ အင်ကြင်းကျောက်တုံး ၂၁ တုံး ၊ ပိဿာ ၂၅၀ အား ယာဉ်မောင်းမောင်မြင့် (၄၂) နှစ် တရော်ကုန်းကျေးရွာ အောင်လံမြို့နေသူ နှင့်အတူ ထပ်မံတွေ့ရှိခဲ့ပြီး အဆိုပါအင်ကြင်း ကျောက်တုံးစုစုပေါင်း ၂၉ တုံး၊ ၃၃၅ ပိဿာ ၊ ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၃၅၀၀ ခန့်အား အောင်မြင်ဗာဟုကာကွယ်တောအတွင်းမှ ရရှိကြောင်း သိရပြီး ထိုအင်ကြင်းကျောက်များကို သစ်တောဦးစီးဋ္ဌာနသို့ သယ်ဆောင်သွားပြီး အင်ကြင်းကျောက်များလက်ဝယ် တွေ့ရှိသူ ဦးမောင်မြင့်ပါ ကိုးဦးအား သစ်တောဦးစီးဋ္ဌာနသစ်တော ဥပဒေဖြင့် အရေးယူနိုင်ရေး စီစဉ်လျက်ရှိသည်။
ပြည့်သဲမောင် (ပြည်)
No comments:
Post a Comment