Sunday, October 13, 2013

စိုက်ပျိုးရေးသုံး ဆေးဘိုးငွေများအား ပေးဆပ်ခြင်းမရှိသောကြောင့် တရားစွဲဆို



စိုက်ပျိုးရေးသုံး ဆေးဘိုးငွေများအား ပေးဆပ်ခြင်းမရှိသောကြောင့် တရားစွဲဆို
--------------------------------------------------------------------------------

ပဲခူးတိုင်းဒေသကြီး(နောက်) ပြည်ခရိုင် ရွှေတောင်မြို့နယ် တရားရုံးတွင် စိုက်ပျိုးရေးသုံး ဆေးဘိုးငွေများအား ပေးဆပ်ခြင်းမရှိသောကြောင့် တရားစွဲဆို ထားကြောင်းသတင်းရရှိခဲ့ပါသည်။

မတ်ပဲသီးနှံသုံး စိုက်ပျိုးရေးဆေးဘိုး ငွေများအားသီးနှံ ရာသီကျော်လွန်ချိန်အထိ ပြန်လည်ပေးချေခြင်းမရှိသည့်အတွက် ရွှေတောင်မြို့နယ်၊မယားမာန်ကျေးရွာအုပ်စု၊မယားမာန်ကျေးရွာနေ ကိုလင်း(ဘ)ဦးအောင်မင်း ၏
သားဖြစ်သူအား တရားမကြီးမှုအမှတ်(၁၁၂/၂၀၁၃) ဖြင့်ရွှေတောင်မြို့နယ် တရားရုံးတွင် တရားစွဲဆိုထားကြောင်း သမ္မန်စာအရသိရှိရသည်။ ကိုလင်းဆိုသူ အားစိုက်ပျိုးရေးသုံးဆေး များကိုသာမကဘဲ မတ်ပဲကြိုတင်ငွေများကို
လည်း၊အကြိမ်ကြိမ်လာရောက်တောင်းယူခဲ့ပြီး မတ်ပဲသီးနှံအား ပေးသွင်းခြင်းမရှိဘဲ ရှောင်တိမ်းနေခဲ့ကြောင်း တရားလိုဖြစ်သူ ဦးသန်းအောင်ဇော်မှ ပြည်သတင်းသို့ ပြောကြားခဲ့သည်။

မတ်ပဲကြိုပေးငွေလဲ မပေးဘူးဗျာ ဆေးဖိုးငွေလဲမပေးဘူး အရင်က ပုဒ်မ(၄၀၆)နဲ့ အမှုဖွင့်ဖမ်းဝရမ်းထုတ်တုန်းကလဲ သူ့အဖေကမယားမာန်ရွာကအုပ်ချုပ်ရေးမှုးဖြစ်နေတော့ သတင်းကိုကြိုရမှာပေါ့ အဲဒိတုန်းက တရားရုံးမှာလဲ သူ့သားဒီ
မှာမရှိကြောင်းပဲပြောခဲ့တယ် ဘာမှတာဝန်ယူမှုမရှိဘူး ကျေးရွာအုပ်ချုပ်ရေးမှုးဆိုပြီး ယုံကြည်လို့ သူသားကိုပေးခဲ့တာပါ အခုလဲ ဆေးဖိုးငွေက သိန်း(၄၀)ကျော် ရှိသေးတယ် အခုချိန်ထိအကျိုးနဲ့အကြောင်းအဆိုးအကောင်းကို တွေ့ဆုံပြီး
ပြောတာမျိုးမရှိခဲ့ဘူး ကိုယ်သားသမီးရဲ့ ပြဿနာကိုတောင် တာဝန်မယူနိုင်ရင် အဲဒိရပ်ရွာ ကောင်းရာကောင်းကြောင်းဘာလုပ်ပေးနိုင်မှာမိုလို့လဲ ဟုကိုသန်းအောင်ဇော်က ပြည်သတင်းသို့ ပြောခဲ့သည်။

စက်တင်ဘာ(၂၇)ရက်တွင် တရားမကြီးမှုအမှတ်(၁၁၂)ဖြင့် တရားပြိုင် ကိုလင်းအား တရားရုံးတော်သို့လာရောက်၍ဖြေရှင်းရန် ငြင်းချက်ထုတ်ရန် သမ္မာန်စာကိုလည်း သတင်းစာများတွင် ထည့်သွင်းဖော်ပြထားပြီးဖြစ်ကြောင်း ယခုအချိန်အထိ
တရားပြိုင်မှ ရုံးတော်သို့ လာရောက်ဖြေရှင်းခြင်းမရှိသေးကြောင်း တရားလို ကိုသန်းအောင်ဇော်မှ ပြည်သတင်းသို့ပြောကြားခဲ့သည်။

No comments:

Post a Comment