Friday, October 4, 2013

မိုးမေတ္တာနာရေးကူညီမှုအသင်း(ပြည်)အား နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အထူးနိဗ္ဗာန်မော်တော်ယာဉ်(၁)စီးကို ဥက္ကဌ ဦးကျော်သူကိုယ်တိုင်လာရောက်လှုဒါန်း



မိုးမေတ္တာနာရေးကူညီမှုအသင်း(ပြည်)အား နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အထူးနိဗ္ဗာန်မော်တော်ယာဉ်(၁)စီးကို ဥက္ကဌ ဦးကျော်သူကိုယ်တိုင်လာရောက်လှုဒါန်း
******************************************************************************************************
4.10.2013
ဒီကနေ့ 4.10.2013 ရက်နေ့ မနက်(၈း၀၀)အချိန်ခန့်တွင် ပြည်မြို့ န၀ဒေးနယ်မြေ ရွှေပေါက်ပင်ကျောင်းတိုက် တွင်မိုးမေတ္တာနာရေးကူညီမှုအသင်း(ပြည်)အား နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အထူးနိဗ္ဗာန်မော်တော်ယာဉ်(၁)စီးက
နာရေးကူညီမှုအသင်း(ရန်ကုန်)ဥက္ကဌ ဦးကျော်သူကိုယ်တိုင်လာရောက်လှုဒါန်းသွားကြောင်းသတင်းရရှိခဲ့ပါသည်။

ပဲခူးတိုင်းဒေသကြီး(နောက်)ပြည်ခရိုင် ပြည်မြို့ ရတနာမာန်အောင်ကျောင်းတိုက်အတွင်းရှိ မိုးမေတ္တာ ပရဟိတလှုငယ်သွေးအလှုများအသင်း(ပြည်) အနေဖြင့် ပြည်မြို့ပေါ်နှင့် ပြည်မြို့အနီးဝန်းကျင်ရှိ ပြည်သူလူထုတို့၏
နာရေးကိစ္စများကို တဖက်တလမ်းမှ တတ်အားသရွေ့ ကူညီဖေးမမှုပေးနိုင်ပါရန် မိုးမေတ္တာနာရေးကှုညီမှုအသင်း(ပြည်)အမည်ပြောင်းလဲ၍ လက်ရှိဆောင်ရွက်လျှက်ရှိသော လှုမှုရေးလုပ်ငန်းများအပြင် နာရေးကိစ္စများကိုပါ
တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ထိုကဲ့သို့ မိုးမေတ္တာနာရေးကှုညီမှုအသင်း(ပြည်) အားနာရေးကိစ္စများဆောင်ရွက်နိုင်ရန်အတွက် အထူးမော်တော်ယာဉ်(၁)စီးကို လှုမှုရေးအသင်းများ၏ မိခင်သဖွယ်အားထားနေရသော
နာရေးကူညီမှုအသင်း(ရန်ကုန်) မှ လှူဒါန်းပေးခဲ့ပါသည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)ဥက္ကဌ ဦးကျော်သူ မှ....

ထူးထူးမထူးထူး နိဗ္ဗာန်ယာဉ်က နိဗ္ဗာန်ယာဉ်ပါပဲ ကျွန်တော်တို့က မိုးမေတ္တာနဲ့လက်တွဲပြီး ပြည်မြို့မှာ သုခဖြစ်အခမဲ့ဆေးခန်း၊ပညာရေး၊သဘာဝဘေးနဲ့ အခုနာရေးကူညီမှု ပရဟိတလုပ်ငန်းတွေကိုပါတိုးချဲ့သွားနေမှုတွေကို
ကျွန်တော်ကိုယ်တိုင် တိုက်တွန်းပေးခဲ့ပါတယ် မြို့တစ်မြို့ နယ်တစ်နယ် ကပရဟိတအသင်းအဖွဲ့အချင်းချင်း ရိုင်းပင်းကူညီကြပြီး ပရဟိတလုပ်ငန်းတွေကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်သွားနိုင်စေဖို့ကိုပါရည်ရွယ်ခဲ့ပါတယ်
(သေသောသူသည်သုဿန်သို့သက်သက်သာသာသွားသည်)ဆိုတဲ့အတိုင်း နာရေးကူညီမှုတွေပေးနေခဲ့တာပါ (၆.ရက်၊၇.ရက်၊၈.ရက်)နေ့တွေ နေပြည်တော်မှာ အသင်းအဖွဲ့ဆိုင်ရာ ဥပဒေကိုဆွေးနွးမယ် ပထမဦးဆုံး တွေ့
ဆုံဆွေးနွေးပွဲဆိုပြီးခေါ်တယ် ကျွန်တော်တို့အသင်းနဲ့ အဆင်မပြေမှုတွေကြုံရတယ် ဒါနဲ့ ကျွန်တော်လဲ ဖေ့ဘုတ်မှာမေးခွန်းတွေမေးခဲ့ပါတယ် အခုချိန်ထိမဖြေကြသေးပါဘူး အဲအကြောင်းနဲ့ပတ်သတ်ပြီးစာရေးတင်လိုက်ပါတယ်

မန်မာပြည်သူ လူထုတို့အတွက် အနစ်နာခံ ပေးဆပ်နေကြသည်ဟု ကမ္ဘာနှင့် မြန်မာမှာပါ ပြောဆိုပြီး အရပ်ဘက် အဖွဲ့အစည်းများဥပဒေ ပေါ်ပေါက်လာရေးအတွက် ကြိုးစားပမ်းစား အကောင်အထည်ဖော် ဆောင်ရွက်နေကြသော အဖွဲ့အစည်း (သို့) အုပ်စုတစ်စုအတွင်းရှိ သူတို့အား ကျွန်တော် မေးမြန်းလိုသည်မှာ -

• သင်တို့သည် ဗြဟ္မစိုရ် တရားလေးပါး၏ အဓိပ္ပါယ်နှင့် အနှစ်သာရကို သိရှိပါသလား ??

• သင်တို့သည် ရောဂါဝေဒနာ ခံစားနေသူတစ်ဦးအား ကိုယ်တိုင်ကိုယ်ကျ ကယ်တင်ဖူးပါသလား ??

• သင်တို့သည် ကျောင်းသားလူငယ်လေး တစ်ဦးတစ်ယောက်အား အသိပညာ၊ အတတ်ပညာရပ်များအား ဆုံးခန်းတိုင် စီစဉ်ဆောင်ရွက် ပေးဖူးပါသလား ??

• သင်တို့သည် ကွယ်လွန်သွားသူ တစ်ဦး၏ နာရေးကိစ္စရပ်အား ကိုယ်တိုင်ကိုယ်ကျ ထမ်းပိုး သင်္ဂြိုဟ်ပေးမှု လုပ်ဆောင်ပေးဖူးပါသလား ??

• သင်တို့သည် ရန်သူမျိုးငါးပါးကြောင့် ဒုက္ခပင်လယ်ကြီးထဲမှာ နစ်မွန်းနေသူအပေါင်းတို့အား ကိုယ်တိုင်ကိုယ်ကျ သွားရောက်၍ ထိထိမိမိ အားပေးကူညီ လှူဒါန်းမှုမျိုး လုပ်ဖူးပါသလား ??

• သင်တို့သည် မြန်မာပြည်သူ လူထုအပေါင်းအား မြန်မာပြည်သူ လူထုတို့ လှူဒါန်းထားသော အလှူငွေ (ငွေကြေး)တို့ဖြင့် “အများပြည်သူအတွက် အများပြည်သူကောင်းမှု” ဟူ၍ ကိုယ်ကျိုးမပါဘဲ လိပ်ပြာသန့်စွာ ပေးဆပ်မှုမျိုး လုပ်ဖူးပါသလား ??

• သင်တို့သည် မိမိတို့ ကူညီလှူဒါန်း ဆောင်ရွက်ပေးမှု အပေါင်းတို့အပေါ် ရဲဝံ့စွာ သစ္စာဆို အမျှပေးဝေရဲပါသလား ??

• သင်တို့သည် ဒုက္ခရောက် ပြည်သူ လူထုတို့အား စွန့်လွှတ်အနစ်နာခံ ပေးဆပ်နေကြသော လူမသိ သူမသိ မထင်မရှား ဗြဟ္မစိုရ် လူသားများ (သို့) လူမှုရေး အသင်းအဖွဲ့ငယ်များထံသို့ သွားရောက်ခြေချပြီး သူတို့နှင့်အတူ ထပ်တူခံစားဖူးပါသလား။

အထက်ပါ အချက် (၈) ချက်လုံးဖြင့် ပြီးပြည့်စုံသော အဖွဲ့အစည်း (သို့) အုပ်စုတစ်စုမှ အရပ်ဘက် လူ့အဖွဲ့အစည်းဥပဒေအား ဦးဆောင်ဆွေးနွေး တင်ပြမည်ဆိုပါက ကျွန်တော် ဘာမှ မပြောလိုတော့ပေ။

မြန်မာပြည်သူ/သားတို့အတွက်၊ မြန်မာ့ (ပြည်တွင်း)လူမှုရေးအဖွဲ့အစည်းများအတွက် ရင်လေးစွာဖြင့်

လိပ်ပြာသန့်စွာဖြင့် လူမှုရေးသစ္စာဆိုရဲတဲ့
....ကျော်သူ...................................

ဆိုတဲ့စာသားတွေပါ အားလုံးသော အသင်းအဖွဲ့တွေ ဗြဟ္မစိုရ် တရားနဲ့ညီဖို့လိုပါတယ် လို့ နာရေးကူညီမှုအသင်း(ရန်ကုန်)ဥက္ကဌ ဦးကျော်သူမှ အမှတ်တရစကားပြောကြားသွားခဲ့ပါသည်။....

မိုးမေတ္တာနာရေးကူညီမှုအသင်း(ပြည်) ဥက္ကဌ ဦးစိုးနိုင်ဝင်း မှ ယခုလိုပြောကြား....

အရင်ကဆိုရင် သွေးလူဒါန်းမှု၊သဘာဝဘေးတွေ၊ဆောင်ရွက်လာခဲ့ပါတယ် ကျန်းမာရေးတွေလည်းပါတယ် (၃)နှစ်တာအချိန်ကာလမှာ ပညာရေးတွေ၊ကျန်းမာရေး၊သဘာဝဘေး၊ သွေးကူညီမှုအဲနောက်ပိုင်း အခုဆိုရင်
နာရေးကူညီမှုတွေကိုပါ လုပ်ဆောင်သွားနိုင်တော့မှာဖြစ်ပါတယ် အခုလိုပရဟိတလုပ်ငန်းတွေထဲကတစ်ခုဖြစ်တဲ့ နာရေးကူညီမှုတွေကိုပါတိုးချဲ့ဆောင်ရွက်လုက်ကိုင်နိုင်တော့မှာပါ လူငယ်တွေရဲ့တက်ကြွတဲ့ခြေလှမ်းတွေနဲ့
လူသားအားလုံးရဲ့ နောက်ဆုံးခရီးကို ကျွန်တော်တို့ မိုးမေတ္တာနာရေးကူညီမှုအသင်း(ပြည်)မှ လိုက်ပါပို့ဆောင်နိုင်တော့မှာပါဟု...မိုးမေတ္တာနာရေးကူညီမှုအသင်း(ပြည်) ဥက္ကဌ ဦးစိုးနိုင်ဝင်း မှပြောကြားသွားသည်။

မိုးမေတ္တာနာရေးကူညီမှုအသင်း(ပြည်) အတွင်းရေးမှုး ဦးညီညီအောင်မှ ယခုလိုပြောကြား...

ပြည်သူတွေကို ကျွန်တော်တို့အသင်က သွေးလှုဒါန်းမှုတွေနဲ့စတင်ခဲ့ပါတယ် ပြည်ခရိုင်အတွင်းမှာဆိုရင် ရေတွင်းပေါင်း(၃၀)လောက်ကို တူးဖော်လှုဒါန်းမှုအကူအညီတွေကိုပါ ပေးခဲ့ပါတယ် အခုဆိုရင်ကျွန်တော်တို့အသင်းအနေနဲ့
သွေးလှုဒါန်းမှု၊ကျန်းမာရေးတွေ၊အခမဲ့ပညာရေးတွေ၊အခမဲ့ဆေးခန်း၊နာရေးကူညီမှုတွေကိုပါတစ်တွဲတည်းပရဟိတလုပ်ငန်းတွေကို အကောင်အထည်ဖော်ဆောင်နေပါပြီ အားလုံးသော အကူအညီတွေကို နာရေးကူညီမှုအသင်း(ရန်ကုန်)
မှလိုအပ်တာမှန်သမျှတွေကိုအကူအညီပေးခဲ့သည့်အပြင် အတူတူလက်တွဲကာ ရေဘေး၊ကျန်းမာရေး၊သဘာဝဘေး၊အကူအညီတွေကိုရယူပြီးလုပ်ဆောင်ခဲ့ကြပါတယ် ပြည်မြို့မှာ နာရေးကူညီမှုအသင်းရှိပါတယ် အခမဲ့ဆေးခန်းရှိပါတယ်
ပရဟိတလုပ်ငန်းတွေလုပ်နေကြတဲ့အသင်းအဖွဲ့တွေရှိပါတယ် ဒါတွေကို ကျွန်တော်တို့က ပြိုင်ပြီးလုပ်နေတာမဟုတ်ပါဘူး အဲလိုအသင်းတွေနဲ့ လက်တွဲ့ပြီး ကျွန်တော်တို့တွေက တတ်နိုင်သမျှ ၀င်ရောက်အားဖြည့်ပေးနေခဲ့တာပါ လက်
ရှိဒီနေ့လှုဒါန်းသွားတဲ့ အထူးနာရေးနိဗ္ဗာန်ယာဉ်ကို အကြမ်းသုံးလို့မဖြစ်သေးပါဘူး စမ်းသပ်တာကာလ(၃)လအတွင်းမှာ လူကြီးလူငယ် ဘာသာမရွေး အသုံးပြုသွားမှာပါ အဲဒိစမ်းသပ်တာကာလ(၃)လကျော်သွားရင်တော့ အသက်ကြီး
(၇၀)နှင့်အထက်တွေနဲ့ သံဃာတော်တွေအတွက်ပဲ အသုံးပြုသွားတော့မှာပါ နောက်ပိုင်းမှာလည်း နာရေးကားများရရှိဖို့အစီအစဉ်လည်းရှိပါသေးတယ်။ ဒီနေ့လှုဒါန်းသွားတဲ့ အထူးနာရေးကားအတွက်လည်း နာရေးကူညီမှုအသင်း(ရန်ကုန်)
ရုံးမှ အသင်းသူ/သား များနဲ့ ဥက္ကဌ ဦးကျော်သူကိုကျေးဇူးအထူးတင်မိပါတယ် ဒီကားကို ပြည်မြို့အတွက်တင်မဟုတ်ပဲ ပေါင်းတည်၊ထုံးဖို၊ပေါက်ခေါင်း အဲလိုသွားေ၇ာက်ကူညီနိုင်မဲ့ ပြည်မြို့အနီးဝန်းကျင်မှ မြို့တွေမှာလည်း အခုလှုဒါန်းသွား
တဲ့နာရေးအထူးကားကို အသုံးပြုသွားမှာပါဟု မိုးမေတ္တာနာရေးကူညီမှုအသင်း(ပြည်) အတွင်းရေးမှုး ဦးညီညီအောင်မှပြောကြားသွားခဲ့ပါသည်။

အဆိုပါအခမ်းအနားကို အစီအစဉ်(၇)ဖြင့်ကျင်းပပြုလုပ်သွားပြီး အဆိုပါအခမ်းအနားများအောင်မြင်စွာပြီးဆုံးပြီးတဲ့နောက် နေ့လည်(၂း၀၀)နာရီအချိန်မှာ မြို့သစ် (၁/၃)လမ်းမှ ဦးကွန်း(၇၃)နှစ် ၊ နေ့လည်(၃း၀၀)နာရီအချိန်မှာ ရွှေလက်လှရပ်ကွက်
ဦးတင်ဝင်း(၆၅)နှစ် ၊ ညနေ(၄း၀၀)နာရီအချိန်မှာ မြို့သစ်၊အနောက်မြို့ပါတ်(၈)လမ်းမှ ဦးပညာစက္က(၁၀၀)နှစ် (သံဃာတော်) တို့ကို နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူကိုယ်တိုင် ယနေ့လှုဒါန်းခဲ့သော နာရေးအထူးနိဗ္ဗာန်ယာဉ်ကား
မောင်၍ နာရေးကူညီမှုအသင်း(ရန်ကုန်) ၊ မိုးမေတ္တာနာရေးကူညီမှုအသင်း(ပြည်) နှင့် ရွှေတောင်၊ပေါင်းတလည်၊ထုံးဖို အစရှိသောအခြားမြို့နယ်များမှ နာရေးကူညီမှုအသင်းသူ/သား များပါ အဆိုပါနာရေး(၃)ခုအား လိုက်ပါပို့ဆောင်ခဲ့ကြောင်း သတင်း
ရရှိခဲ့ပါသည်။ ။ပြည်သတင်း....

No comments:

Post a Comment