Sunday, October 13, 2013

ကျိန်စာသင့် နှလုံးသား ............................. {ငါလိုယောင်္ကျားပြဿဒါးမရှိ}..........



ကျိန်စာသင့် နှလုံးသား
@@@@@@@@@@@@
************************

ဒွတ္တဘောင်မင်းကြီးနှင့် ပန်ထွာမင်းသမီး
တို့ ၏ ဘ၀ ဖြစ်စင်ကို ဖိုးဦးတောင် ဘုရားတွင် ညအိပ်ခဲ့၍သိရှိခဲ့ရသမျှ မိမိ
တတ်စွမ်းသမျှဖြစ် ရေးသားတင်ဆက်လို
က်ပါတယ် ဗုဒ္ဓ ပွင့်တော်မူပြီးချိန် ဘိုး
တော် အဉ္စနမင်းဖြိုးခဲ့သည့် သက္ကရာစ်
၁၀၅ နှစ်တွင် ယခု ဖိုးဦးတောင် နေရာတွ
င် ဘီးလူးတို့ ပျော်စံနေကြပြီး ရော ဝတီ
မြစ်တွင် နဂါးမင်း ရှိလေ၏ ဘီးလူး နဂါး
တို့ သည် ဗုဒ္ဓ ဘုရားရှင်ကိုဖူးခဲ့ရပုံအား
မုတိတာပွားပြောနေသည်ကို ဖိုးဦးတောင်
မြေ တွင်ကျက်စားနေသော မြေအောက်
ပွေးဖိုး ပွေးမ များကြားလေ၏ ထိုအခါ
ပွေးဖို ပွေးမတို့ သည် တယောက်ကိုတ
ယောက် ဘုရား ရှင်ကိုတွေ့ ရှိပါက တွေ့ သူက ပြောကြရန် သစ္စာပြုလေ၏ ဘု
ရား ရှင်သည် ဒုတိယ အကြိမ် ဖိုးဦးတော
င်သို ကြွလာခဲ့ရာ ပွေးဖိုသည် ဖူးမျှော်ရလေ၏ ပွေးမသည်အစာရှာထွက်သွား၍ ရှာမတွေ့ ၍ မပြောပြလိုက်ရဘဲ ပွေးမ သည် ထိုသည်ကိုအငြိုးပြု၍ တန့် ကြီး
တောင် ဘုရားနေရာတွင် ဘုရားရှင်အား ဖူးမြင်ရသော် ဘ၀ ဘ၀တွေမှာ တိုင်းခြားရေမြေသာနေရပါလို၏ ဟုဆုပန်လေ၏ ထိုအခြင်းအရာကိုသိ
သောပွေးဖို သည် နောင် ဘ၀ ဘ၀ များတွင် သူ၏လက်အောက် ဘ၀ ဖြင့်
တိုင်းခြားရေမြေ ခြားလေသော်လည်း
ပေါင်းစုံပါလို၏ဟု ဆုပန်လေ၏ နောင်အခါ သရေခေတ္တရာ ပြည်ကြီးတွင် ပွေးဖို သည် ဒွတ္တဘောင်
မင်းကြီး ဖြစ်လေ၏ ပွေးမ သည် ဗိသနိုး
ပြည်ရှင် ပန်ထွာ ဘုရင် မ ဖြစ်လေ၏
====================
မှားခဲ့ဆုတောင်း ဆုခြွေတောင်းလို့ 
တိုင်းခြားပြည်နေ သရေခေတ္တရာမြေ
ဗသနိုး ပန်ထွာ ဥပက္ခာကြောင့်
ဝေးခဲ့သစ္စာ ဆိုခဲ့ပါကြား
ပြုရက်အားသည် အို ပန်ထွာ
ငါမှာ ချစ်အား စိန်စီထားလို့ 
ရှာမရမြေအောက် ဘုရားရှင်ရောက်
ဆုကြီးပန်ခြွေ ချစ်ခဲ့လေလည်း
မင်းမှား သစ္စာ ပြုရက်တာက
ငါမှာလွမ်းမြဲ လွမ်းနေဆဲမို့ 
စုံရစေကြောင်း စစ်ကြေလောင်းလို့ 
ရန်ပယ်ချောင်းလေး ခြားနေပြီ
ပြုရက်ကျိမ်စာ ဥပက္ခာကြောင့်
နှလုံးသားမှာ သင့်ခဲ့ပါပြီ
{ငါလိုယောင်္ကျားပြဿဒါးမရှိ}
 

No comments:

Post a Comment