အမျိုးသားမှတ်ပုံတင်ကဒ်ပြုလုပ်ခြင်းနှင့် နိုင်ငံရေးပါတီဝင်ကဒ် ပြုလုပ်ခြင်းတို့ကို ကွဲကွဲပြားပြားသိရှိနားလည်စေရန်
**********************************************
မှတ်ပုံတင်ထုတ်ပေးမည်ဟုဆိုကာ ဓါတ်ပုံရိုက်သွားပြီးလက်မှတ်အတုများထိုးထားသည့် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီဝင်ကဒ်များထုတ်ပေးပြီး
*****************************************************
ပဲခူးတိုင်းဒေသကြီး(နောက်)ပြည်ခရိုင် ပြည်မြို့နယ် ၀က်ထီးကန်အုပ်စုအတွင်းရှိ န၀င်းကွက်သစ်(၂)လမ်း အိမ်အမှတ်(၁)နေထိုင်သူ ဦးကျော်ရွှေမှ မှတ်ပုံတင်ထုတ်ပေးမည်ဟုဆိုကာ ဓါတ်ပုံရိုက်သွားပြီးလက်မှတ်အတုများထိုးထားသည့်
ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီဝင်ကဒ်များထုတ်ပေးထားသည်ဟုဆိုကာ ပြည်သတင်းသို့ အခုလိုပြောကြားခဲ့ပါသည်။
(ကျွန်တော့နာမည်က ဦးကျော်ရွှေပါ မှတ်ပုံတင်နံပါတ်က ၈/အလလန(နိုင်)၁၀၁၇၃၇ ကိုင်ဆောင်ထားတဲ့သူပါ ပြည်မြို့နယ် ၀က်ထီးကန်အုပ်စုအတွင်းရှိ န၀င်းကွက်သစ်(၂)လမ်း အိမ်အမှတ်(၁)နေထိုင်သူပါ ကျွန်တော်တို့မိသားစုတွေမှာ
မှတ်ပုံတင်မရှိလို့ဆိုပြီး ကျွန်တော့အမျိုးနဲ့ သမီးက ကြံ့ခိုင်ရေးက ၀က်ထီးကန်စည်းရုံးရေးမှုး ကိုထွန်းဦးကို မှတ်ပုံတင်အကြောင်းမေးမိုတာကစခဲ့တာပါ အဲမှာ ကိုထွန်းဦးက အိမ်ထောင်စုဇယားပါရင် ကျွန်တော်တို့ ကြံ့ခိုင်ရေးက အခမဲ့
မှတ်ပုံတင်ပြုလုပ်ပေးပါတယ်လို့ပြောပါတယ် နောက်နေ့တော့ သူကဓါတ်ပုံတွေလာရိုက်ပါတယ် ကျွန်တော့အမျိုးသမီးနဲ့ သမီးကဓါတ်ပုံအရိုက်ခံပါတယ် ကျွန်တော့ကိုလည်းဓါတ်ပုံရိုက်ဖို့ပြောတယ် ကျွန်တော်ကမလိုဘူးရပါတယ် ကျွန်
တော့မှာ မှတ်ပုံတင်ရှိပါတယ်လို့ပြောတယ်အတင်းရိုက်ယူသွားပါတယ် ဘာလုပ်မလို့လည်းလို့မေးတော့ သူက လိုလိုမယ်မယ်ရိုက်ယူထားတာပါလို့ပြောသွားတယ် ဒါနဲ့ကျွန်တော်လည်းမပြောခဲ့တော့ဘူးပေါ့ ကျွန်တော်တို့မိသားစုတွေဟာ
ဘယ်ပါတီဝင်မှလည်းမဟုတ်ပါဘူး စိတ်လည်းမ၀င်စားဘူးဒါ့ကြောင့်ဒီတိုင်းပဲနေခဲ့ကြပါတယ် လအနည်းငယ်လောက်မှာတော့ ကျွန်တော်အိမ်မရှိခိုက် မှတ်ပုံတင်ဆိုပြီးလာပေးသွားတယ် ဒါနဲ့ကျွန်တော်ခရီးကပြန်အရောက်ကြည့်လိုက်တော့
မှတ်ပုံတင်မဟုတ်မှန်းသိခဲ့ရတယ် မှတ်ပုံတင်အတုတွေပဲဟုစိတ်ထဲတွေးနေမိပါတယ် ကျွန်တော်ကလည်းအိမ်ကိုလာပေးတော့ ဘယ်သူတွေသိလည်းလို့မေးတယ် ကျွန်တော့အမျိုးသမီးကသူ့ကိုပေးခဲ့တာပါလို့ဖြေတာပေါ့ နင်ကိုဘာတွေပြောသွား
သေးလည်းဆိုတော့ အမျိုးသမီးက ဒီကဒ်ပေးသွားတုန်းကတော့ ဒီကဒ်ရှိရင် တရုတ်မှာပိုက်ဆံချေးယူလို့ရတယ်လို့ပြောသွားတယ် ခရီးသွားတိုင်းလည်းယူသွားပါလို့လဲ ကိုထွန်းဦး(စည်းရုံးရေးမှုး)ကမှာသွားတယ်လို့ပြောတယ် ဒါနဲ့ကျွန်မလည်း
တရုတ်မှာတောင်ငွေချေးလို့ရတယ်ဆိုတော့ ယူထားမိပါတယ်လို့ ပြန်ပြောပါတယ် အဲနောက်ပိုင်းသတိမထားမိဘူး နီးစပ်ရာတွေမေးကြည့်တော့လည်း တချို့က ကျွန်တော်တို့လိုပဲအဖြစ်အပျက်ချင်းတွေ တူနေတယ် တချိုးအိမ်နီးနားချင်းကလူတစ်
ယောက်ဆိုရင် ဘယ်ချိန် ဘယ်နေ့က သူ့ဓါတ်ပုံခိုးရိုက်သွားမှန်းတောင်မသိရဘူး ကဒ်လာပေးတော့ သူ့ကဘယ်ပါတီမှစိတ်ဝင်စားဘူး ကဒ်ကိုပြန်ပေးလိုက်ရတာတွေလည်းရှိပါတယ် အဲနောက်ပိုင်းဒီလိုအဖြစ်တွေတူနေတာကများလာတော့သေ
သေချာချာစဉ်းစားမိလို့ ချောင်ထိုးထားတဲ့ကဒ်တွေကိုပြန်ကြည့်တော့ ကျွန်တော်တို့လက်မှတ်မထိုးထားခဲ့တဲ့ ကိုင်ဆောင်သူ၏လက်မှတ်နေရာမှာ လက်မှတ်အတုတွေထိုးထားတယ် အဲဓါတ်ပုံလာရိုက်သွားတာက ၂၀၁၃ခုနှစ် ဇူလိုင်လလောက်က
ပါ ရိုက်ပြီး(၂)လခန့်ကြာမှလာပေးတာပါဟု ၀က်ထီးကန်အုပ်စုအတွင်းရှိ န၀င်းကွက်သစ်(၂)လမ်း အိမ်အမှတ်(၁)နေထိုင်သူ ဦးကျော်ရွှေမှ ပြည်သတင်းကိုပြောကြားခဲ့ပါသည်။)
ကိုသန်းဇော် အိမ်အမှတ်(၁၆၂) ၀က်ထီးကန်အုပ်စုအတွင်းရှိ န၀င်းကွက်သစ်(၂)လမ်း နေထိုင်သူမှ ပြည်သတင်းကိုယခုလိုပြောကြားခဲ့.........
ဓါတ်ပုံရိုက်သွားတာလည်းမသိလိုက်ရဘူး အဲဒိကဒ်လာပေးတော့ အိမ်ကလေးတွေကိုပေးသွားတာ ကျွန်တော်လည်းသိသိချင်း ဘယ်ပါတီကိုမှစိတ်မ၀င်စားဘူး ပါတီလည်းမ၀င်ဘူး အခုဝင်ပြီးသားဆိုလည်း ပြန်ထွက်တယ်ဗျာဟုပြောပြီး
ကဒ်ကိုပြန်ပေးလိုက်ရတယ် အဲဒိအဖြစ်က လွန်ခဲ့တဲ့(၅)ရက်လောက်ကပါ ကျွန်တော့ကျေနပ်မှုမရှိဘူး အဲလိုကြီးခိုးကြောင်ခိုးဝှတ်တော့ ဓါတ်ပုံမရိုက်သင့်ဘူးပေါ့ဗျာ ကျွန်တော့ကိုခွင့်တောင်းရမယ် ကျွန်တော်စိတ်ပါရင်ခွင့်ပြုမှာပေါ့ အခုဟာက
ကျွန်တော့ခွင့်ပြုချက်မရဘဲ အကုန်လုပ်သွားတယ် ဟု ကိုသန်းဇော် အိမ်အမှတ်(၁၆၂) ၀က်ထီးကန်အုပ်စုအတွင်းရှိ န၀င်းကွက်သစ်(၂)လမ်း နေထိုင်သူမှ ပြည်သတင်းကိုပြောကြားသွားသည်။
အဆိုပါ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီအသင်းဝင်ကဒ်ပြားများတွင် .....
၁။ ဦးကျော်ရွှေ၊ပါတီဝင်အမှတ်(၃၂၀၂၄၂၃၃)၊မှတ်ပုံတင်အမှတ်(၈/အလလန(နိုင်)၁၀၁၇၃၇)၊အသိအမှတ်ပြုရက်စွဲ..(၂၄.၆.၂၀၁၃)
၂။ ဒေါ်လုံးကြည် ၊ပါတီဝင်အမှတ်(၃၂၀၂၄၂၈၂)၊မှတ်ပုံတင်..(လျှေက်ထားဆဲ)၊အသိအမှတ်ပြုရက်စွဲ...(၂၄.၆.၂၀၁၃)
၃။ ဒေါ်ဝေေ၀လွင်၊ပါတီဝင်အမှတ်(၃၂၀၂၄၂၈၃)၊မှတ်ပုံတင်...(လျှောက်ထားဆဲ)၊အသိအမှတ်ပြုရက်စွဲ..(၂၄.၆.၂၀၁၃) တို့ပဲဖြစ်ကြပါတယ် အဆိုပါကိစ္စနှင့်ပက်သတ်ပြီး ၀က်ထီးကန်အုပ်စုအတွင်းရှိ န၀င်းကွက်သစ်(၂)လမ်း အိမ်အမှတ်(၁)နေထိုင်သူ ဦးကျော်ရွှေမှ
ဒီကိစ္စအား ပါတီမှတာဝန်ရှိလူကြီးများမှ အမြန်ဆုံးလာရောက်ဖြေရှင်းပေးပါရန် ပြည်သတင်းသို့ပြောကြားသည်။ ပြည်သတင်း.
အထက်ဖော်ပြပါ သတင်းကိစ္စနှင့်ပက်သတ်ပြီး ပဲခးတိုင်းဒေသကြီး(နောက်)ပြည်ခရိုင် ပြည်မြို့နယ် ၀က်ထီးကန်တိုက်နယ် ပြည်ခိုင်ဖြိုးပါတီ စည်းမှုး..ဦးဇော်ဇော် မှ ယခုလိုပြန်လည်တင်ပြထားကြောင်းသိရသည်။

ပြည်မြို့နယ်၊ ၀က်ထီးကန်အုပ်စု အတွင်းမှ အိမ်ထောင်စုဇယား မရှိကြ၍ အိမ်ထောင်စုဆိုင်ရာ အရေးကိစ္စများတွင်အခက်အခဲရှိနေသူ ပြည်သူများသို့ ဖြည့်ဆည်းဆောင်ရွက်ပေးခြင်းအဖြစ်
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြု သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်မှ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း စီစဉ်၍ အိမ်ထောင်စုဇယား(၃၃၆)စောင်အား (အခမဲ့) ထုတ်ပေးနိုင်ခဲ့ပါသည်။ ဤသည်မှာ ပြည်သူလူထု လက်အတွင်း ရှိနေရမည့် အိမ်ထောင်စုဇယား လိုအပ်ချက်ကို ပြည်ခိုင်ဖြိုးပါတီမှ တတ်နိုင်သည့် ဘက်မှ ဖြည့်ဆည်းကူညီပေးသည့် ဆောင်ရွက်ချက်ဖြစ်ပါသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင်ခြင်းနှင့်ပါတီဝင်ကဒ် ပြုလုပ်ခြင်းမှာ နိုင်ငံရေး
ပါတီတစ်ရပ်ဖြစ်သည့် ပြည်ခိုင်ဖြိုးပါတီသို့ ယုံကြည်မှု၊ အားပေးထောက်ခံမှုဖြင့် ပါတီဝင်လိုသူသည် ပါတီဝင်ခွင့် လျှောက်လွှာပါ အချက်အလက်များ(ကိုယ်ရေးအချက်များ)ကို မိမိဆန္ဒဖြင့် ရေးဖြည့်ခြင်း၊ ထုတ်ပေးမည့် ပါတီဝင်ကဒ်ပေါ်တွင် မိမိဓါတ်ပုံကို ကပ်၍ မြို့နယ်ပါတီမှ တဆင့်တိုင်းဒေသကြီးပါတီသို့ ဆက်လက်တင်ပြပြီး တိုင်းပါတီမှ ပါတီဝင်ကဒ်နှင့် ပါတီဝင် အသိအမှတ်ပြုလွှာ ထုတ်ပေးခြင်း တို့ကို ဆက်လက်စီစဉ် ဆောင်ရွက်ခြင်း ဖြစ်ပါသည်။ ဤသည်မှာ ပါတီဝင်ခြင်း ကိစ္စ ဖြစ်ပါသည်။
ပြည်ခိုင်ဖြိုးပါတီသို့ ၀င်ရောက်ခဲ့ပြီးမှ နယ်မြေစည်းရုံးရေးအဖွဲ့ထဲမှ ပုဂ္ဂိုလ်ရေး အဆင်မပြေမှုများ ဖြစ်သည့်အတွက် အိမ်ထောင်စုဇယား ပြုလုပ်ခြင်း နှင့် ပါတီဝင်ခြင်းတို့ကို ရောထွေးပြောဆိုလျှက် ပြည်ခိုင်ဖြိုးပါတီအပေါ် သိက္ခာ ကျဆင်းအောင် သတင်းမီဒီယာများကို မမှန်မကန်၊ မပြည့်မစုံ ပြောဆိုရှင်းပြပြီး မီဒီယာမှတဆင့် ပြည်သူများ အထင်အမြင်လွဲမှားအောင် မပြုသင့်ပါကြောင်း ပြန်လည် အသိပေးအပ်ပါသည်။ ဟုသတင်းရရှိခဲ့ပါသည်။...ပြည်သတင်း...
ပြည်သတင်း
https://www.facebook.com/pyaynews
ပြည်အရောင်းအ၀ယ်
https://www.facebook.com/groups/pyaymarket
ပြည်သတင်းများ ဆုံဆည်းရာ
https://www.facebook.com/groups/670687089615364

No comments:
Post a Comment