Wednesday, October 2, 2013

တို့  ပြည် ဆိုတဲ့  ပျူမြို့ တော်ကို အလည်တစ်ခေါက် လာရောက်စမ်းစေချင်



Page တစ်‌ခုမှကူးယူ‌ဖော်‌ပြပါတယ်‌
စာသား‌‌တော်‌‌တော်‌‌ကောင်းပါတယ်‌
ပျူမြို့ တော် သို့ 
အလည်တစ်ခေါက်

တို့  ပြည် ဆိုတဲ့ 
ပျူမြို့ တော်ကို
အလည်တစ်ခေါက်
လာရောက်စမ်းစေချင်

ရွေဆံတော်ရယ်
ဖူးခိုက်လို့  ရဟန်းသံဃာ တို့ ဖြင့် 
ဘာသာ ရောင်ဝါ ထွန်းလင်းရာ

ဧရာဝတီရယ်အလှ မှာတော့ 
ညနေ နေညိုရင်ဖြင့် 
မယ်မဒီ ပျိုကညာတို့ 
ရေချိုးဆင်းရာ မြစ်ဆိပ်မှာ
နတ်သမီး ငါးရာတို့ ဆင်းသက်လာ
ဆော့ မြူးတယ် ထင်ရပါ့ 
ပြည်သူတို့ ရဲ့  အလှတွေ စုပုံရာ ဒေသ

ပြည်သူ ပြည်သားတို့ နှယ်
ဧည့်ဝတ်ရယ် ကျေပွန်စမ်းပါ့ 
မနောဖြူ စိတ်တောသူလို
ပျူငှာစွာ ယဉ်ကျေးလွန်းရယ်ပါ့ 
ထာဝရအပြုံးနဲ့ ဆီးကြိုတတ်လွန်းလို့ ရယ်

ပြည်ထမင်းသုပ်
နတ်သုဒ္ဓါ တမျှ စွဲမက်စေရပါတဲ့ 
နိုင်ငံကျော်တဲ့ လက်ရာရယ်
ပြည်မလိုင်ခဲ လေးမှမစားရရင်
လူဖြစ်ရကြိုးမနပ်ဘူး ဆိုတဲ့ မြို့ 
လတ်ဆတ်တဲ့ သစ်သီးဝလံတွေနဲ့ 
စိမ်းမြမြ စပါးခင်းတွေ
လေယူရာယိမ်း ဟိမ်းနေတဲ့ မြို့ ပေါ့

လည်စရာ တွေ အပြည့် 
မြစ် အနောက်ဆီ ဧရာဝတီ တံတားရဲ့ 
ဟိုတစ်ဖက်ကမ်း ကူးလွားထားတဲ့ ဟန်
မင်းကြီးတောင် ပေါ်ကိုတက်
ဘယ် ပုဂံသွားတော့ မလည်း
ဧရာဝတီ နဲ့ တောင်စွယ်နေကွယ်တဲ့ ရှူခင်းရယ်
ကြည်နူးစရာ ကောင်းလိုက်တာမှ
ပန်ချီကားတစ်ချပ် သဖွယ် ဖန်ဆင်းထားသလိုပါ့ 
ပြီးတော့ 
အုပ်စီးလို့ မြင်ရတဲ့ မြို့ အလှနဲ့ 
စိမ်းမြမြ တော့အုပ်တို့ ရဲ့ လေသင်းချူသံရနံ့ မှာ
ရုန်းထွက်လို့ ရနိုင်မယ် မထင်

လာခဲ့ စမ်းပါ
အနောက်ရယ် ဧရာဝတီ
အရှေ့ ရယ် ဆံတော်နဲ့ 
သံဃာတော်တွေ လွှမ်းခြုံစွာ
ခံထည်ကြည်ညိုလွန်းပါတဲ့ 
ဗောဗောကြီး ဗောဗောလေး
ဘုရားကြီး ဘုရားမာ မြို့ တော်ကို ၀န်းရံလို့ 
သာသနာ ရောင်ဝါထွန်းတဲ့ 
တို့ ပြည်ဆိုတဲ့ မြို့ 
အလည်တစ်ခေါက် လာရောက်စမ်းစေချင် ....
မိုးခရန် (ပြည်)
https://www.facebook.com/pyayfriends?ref=profile

No comments:

Post a Comment