တန်ဆောင်တိုင် ဗုဒ္ဓပူဇနိယ ပွဲတော်နှင့် မြတ်စွယ်တော် ဖွင့်လှစ် ပူဇော်ခံ ပွဲညှိနှိုင်း စည်းဝေး
ပြည် အောက်တိုဘာ ၁၅
နှစ်စဉ် ကျင်းပမြဲဖစ်သော ဗုဒ္ဓပူဇနိယ တန်ဆောင်တိုင် ပွဲတော်ကို နိုဝင်ဘာ ၁ဝ ရက်မှ ၁၉ ရက်အထိ အစဉ်အလာမပျက် အေးချမ်းသာယာ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရန်အတွက် ပထမအကြိမ် ပွဲတော်ကျင်းပရေး ဦးစီးကော်မတီ ညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာ ၁၃ ရက် မွန်းလွဲ ၁ နာရီက ရွှေဆံတော်စေတီရှိ ကျားပျံမကောက် ဓမ္မာရုံ၌ ကျင်းပသည်။ အခမ်းအနားတွင် ပွဲတော် ကျင်းပရေး ဦးစီးကော်မတီ ဥက္ကဋ္ဌ ခရိုင် အုပ်ချုပ်ရေးမှူး ဦးအံ့မော်က အမှာစကား ပြောကြားသည်။ ထို့နောက် ဦးစီးကော်မတီ ဒုတိယ ဥကဋ္ဌ္က ပြည် တက္ကသိုလ် ပါမောက္ခချုပ် (ငြိမ်း) ရွှေဆံတော် ဂေါပက ဦးမြဝင်းက ကျင်းပရေးဦးစီး ကော်မတီများ ဖွဲ့စည်းထားခြင်း နှင့် လုပ်ဆောင်ရမည့် လုပ်ငန်းတာဝန်များကို ရှင်းလင်းပြောကြားသည်။ ယင်းနောက် လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေး၊ မြတ်စွယ်တော်ဖွင့်လှစ် ပူဇော်ခံရေးနှင့် ရင်ပြင်တော်ပေါ်သို့ လှည့်လည် ပူဇော်ခံရေး၊ ကျန်းမာရေး၊ သတင်းနှင့် ပြန်ြကားခြင်း ၊ သယ်ယူပို့ဆောင်ရေး၊ အခမ်းအနား ပြင်ဆင်ရေး၊ ဆွမ်းဆန်စိမ်း လောင်းလှူ၊ ဘုရားအနေကဇာတင်၊ ဆွမ်းတော်ကြီးကပ်၊ ဆီမီးပူဇော်၊ ဝတ်ရွတ်ပူဇော်ရေး၊ ကြိုဆိုဧည့်ခံချက်ပြုတ် ကျွေးမွေးရေး၊ ဖျော်ဖြေရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများကို တာဝန်ရှိသူများက ရှင်းလင်း တင်ပြကြရာ ယင်းတင်ပြချက်များအပေါ် ကျင်းပရေးဦးစီး ကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေမှူး ဦးအံ့မော်က လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
MAL16102013
Pyay City

No comments:
Post a Comment