Tuesday, October 15, 2013

ပြည်မြို့ ရွှေဘုန်းပွင့် စာကြည့်တိုက်နှင့် ယဉ်ကျေးမှုပြတိုက် ကမ္ဘာလှည့် ခရီးသည်များ လာရောက်လေ့လာ


ကမ္ဘာလှည့် ခရီးသည်များ ပြည်ြမို့သို့ လာရောက်သည့်အခါတိုင်း ရွှေဘုန်းပွင့် စာကြည့်တိုက်နှင့် အတူ ပူးတွဲဖွင့်လှစ်ကာ သရေခေတ္တရာ၏ ယဉ်ကျေးမှုလက်ရာများကအစ စုဆောင်းရှာဖွေရရှိသမျှသော ရှေးဟောင်းယဉ်ကျေးမှု ပစ္စည်းများပြသထားသည့် ယဉ်ကျေးမှုပြတိုက်ကို လာရောက် လေ့လာကြသည်။

ယနေ့အထိ ရှာဖွေပြသ ထိန်းသိမ်းထားသော ပစ္စည်းများမှာ ခေတ်အားဖြင့် အစောဆုံး ပစ္စည်းများတွင် သရေခေတ္တရာခေတ်ဆိုင်ရာ ကြေးသွန်းဘုရားများ၊ ကျောက်ရုပ်တုများ၊ ပျူစာပါ အုတ်ချပ်များ၊ ပျူအမျိုးသမီး ဦးခေါင်းရုပ်ကြွင်းများ၊ အုတ်ခွက်ဘုရားများ၊ ဆင်စွယ်ကမ္မဝါ၊ စာပလွေ၊ စာချွန်တော်၊ မြေဆေးတံ ပုံစံအမျိုးမျိုး စသည်ြဖင့် ကြည့်ရှု လေ့လာဖွယ်ရာများ များလှသည်။ ရှေးဟောင်း ပစ္စည်းအမျိုးအစားပေါင်း ၄၉၉ မျိုးရှိသည်ဟု သိရသည်။

ပြည် အောက်တိုဘာ ၁၄

မောင်ရွှေဝင်း(ပြည်)

Pyay City


No comments:

Post a Comment