Monday, October 14, 2013
ပြည်မြို့ ရွာဘဲရပ်ကွက်အုပ်ချုပ်ရေးမှုးမှ မဲစနစ်ဖြင့်ချပေးထားသော ဖုန်းဆင့်ကဒ်များအား မှန်ကန်မှုမရှိ ပွင့်လင်းမြင်သာမှုမရှိသည့်အပေါ် နိုင်ငံတော်သမ္မတကြီးထံတိုင်ကြားစာပေးပို့ခဲ့
ပြည်မြို့ ရွာဘဲရပ်ကွက်အုပ်ချုပ်ရေးမှုးမှ မဲစနစ်ဖြင့်ချပေးထားသော ဖုန်းဆင့်ကဒ်များအား မှန်ကန်မှုမရှိ ပွင့်လင်းမြင်သာမှုမရှိသည့်အပေါ် နိုင်ငံတော်သမ္မတကြီးထံတိုင်ကြားစာပေးပို့ခဲ့
******************************************************************************************************************
2013 ခုနှစ် ဇူလိုင်လ(၅)ရက်နေ့ နှင့် 2013 ခုနှစ် (၁၀)လပိုင်း (၇)ရက်နေ့ ရက်စွဲပါ စာအရသိရှိခဲ့ရသည်။
အထက်ဖော်ပြပါ တင်ပြတိုင်ကြားရခြင်းအကြောင်းကိစ္စနှင့် စပ်လျဉ်း၍ ပဲခူးတိုင်းဒေသကြီး(နောက်) ပြည်ခရိုင် ပြည်မြို့ ရွာဘဲနယ်မြေ မှုယာပင်ရပ် ကျွန်းတော(၃)လမ်း (အဘ)ဦးသန်းမြင့် ၇/ပမန(နိုင်) ၁၂၅၈၉၄ ဦးဇော်လင်း မှ ရိုသေစွာ
တင်ပြတိုင်ကြားအပ်ပါသည်။
(၂၅.၅.၂၀၁၃)စနေနေ့ နံနက်(၈း၁၀)မိနစ် မှ နေ့လည်(၂း၃၀)မိနစ် အထိရွာဘဲနယ်မြေအုပ်ချုပ်ရေးမှုးရုံးတွင် ဆင့်ကဒ်အရေအတွက်(၄၅၀)ကဒ်အား မဲစနစ်ဖြင့်ဖြန့်ဝေမည်ဟု ရပ်ကွက်အုပ်ချုပ်ရေးမှုး ဦးဝင်းကြိုင်မှ မိုက်ဖြင့်တရားဝင်ကြေ
ငြာခဲ့ပါသည်။ ၄င်းနေ့တွင် ဆင့်ကဒ်မဲပေါက်သော ရပ်ကွက်နေပြည်သူဦးရည်မှာ(၄၃၄)ဦးသာရရှိခဲ့ပါသည်။ မဲမဖောက်ပဲကျန်သည့်(၁၆)ကဒ်မှာ မရိုးမသားသောစိတ်ထားဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှုးမှ ထိန်ချန်ကွယ်ဝှတ်ထားခဲ့ပါသည်။ ၄င်း
တို့၏ ချန်ထားသော ဆင့်ကဒ်(၁၆)ကဒ်အား (၂၆.၅.၂၀၁၃)တနင်္ဂနွေနေ့တွင် ဆင့်ကဒ်မဲပေါက်သူ စာရင်းတွင်မပါဝင်သော နာမည်များဖြင့်ဖြည့်စွက်ကြေငြာထားသည်ကို ထူးခြားစွာမြင်တွေ့ခဲ့ရသည်။
ထိုနည်းတူစွာ (၂၅.၆.၂၀၁၃)ရက်နေ့ အဂါင်္နေ့ မနက်(၈း၁၅)မိနစ်မှ ညနေ(၃း၁၅)မိနစ်အထိ မဲစနစ်ဖြင့် ဆင့်ကဒ်အရေအတွက်(၄၃၀)ကဒ်ကို မဲဖောက်ပေးမည်ဟု မိုက်နှင့်တရားဝင်ကြေငြာခဲ့ပါသော်လည်း အမှန်တကယ် ဆင့်ကဒ်မဲပေါက်
သူ လူဦးရည်မှာ(၃၈၅)ကဒ်သာမဲပေါက်ခဲ့ကြပါသည်။ကျန်ရှိနေသော ဆင့်ကဒ်များမှာ ပွဲစားများလက်သို့ရောက်ရှိသွားသည်ဟုသိရှိခဲ့ရပါသည်။ ထို့အပြင်ဆင့်ကဒ်မဲပေါက်သူ ရပ်ကွက်နေပြည်သူများထံမှ အလှုငွေတောင်းခံခြင်းများကို ရပ်
ကွက်အုပ်ချုပ်ရေးမှုး နှင့် တာဝန်ရှိသူတို့မှ ပေါ်ပေါ်လွင်လွင်စနစ်တကျတောင်းခံနေပါသည်။
ဆင့်ကဒ်လျှောက်ထားသူသည် မှတ်ပုံတင်မိတ္ထူနှင့် အိမ်ထောင်စုဇယားမိတ္ထူအားပူးတွဲ၍ စာရင်းပေးရပါသည်။ ဆင့်ကဒ်မဲပေါက်သောအခါ မှတ်ပုံတင်နံပါတ်(၁)လုံးလွဲနေ၍ ပယ်မဲဟုအကြောင်းပြခါ ဆင့်ကဒ်ထုတ်ပေးခြင်းမရှိခဲ့ပါ ၄င်းတို့
ပယ်သည့် ဆင့်ကဒ်မှာ မှောင်ခိုဈေးကွက်သို့ ရောက်ရှိသွားသည်ကို ရပ်ကွက်နေပြည်သူများအားလုံးသိကြပါသည်။ မှတ်ပုံတင်နှင့် အိမ်ထောင်စုဇယားအား စီစစ်ရေးမှတ်သော တာဝန်ရှိသူတို့၏ လွဲမှားခြင်းကြောင့် ၄င်းတို့၏တာဝန်သာဖြစ်
ပါသည်။ ၄င်းတို့တာဝန်ယူရမည့်ကိစ္စအား ရည်ရွယ်ချက်ရှိရှိဖြင့် လစဉ်လွဲမှားမှုများကိုပြုပြင်ဆောင်ရွက်နေကြပါသည်။
ရပ်ကွက်အုပ်ချုပ်ရေးမှုး ဦးဝင်းကြိုင်သည် ရပ်ကွက်နေပြည်သူတို့၏ ကျန်းမာရေးထိခိုက်ဆုံးရှုံးနစ်နာမှုရှိလျှင် ကာကွယ်စောင့်လျှောက်ပေးရမည့် တာဝန်ရှိပါသည်။ ပြည်သူတို့မှ ရပ်ကွက်အတွင်း စည်းကမ်းမဲ့မွေးမြူထားသော တိရိစ္ဆာန်များ
၏ အညစ်အကြေးများ နှင့် အနံ့ဆိုးများကြောင့် ကျန်းမာရေးထိခိုက်ရ၍ ရပ်ကွက်အုပ်ချုပ်ရေးမှုးထံသို့ စာဖြင့်၎င်း နှုတ်ဖြင့်၎င်း ပေးပို့တိုင်ကြားလာမှုအပေါ် တာဝန်ယူဆောင်ရွက်ပေးခြင်း မရှိခဲ့ပါ။ မိမိ၏တာဝန်မဟုတ်သော သဘောမျိုးဖြင့်
ရပ်ကွက်နေပြည်သူတို့၏ အခွင့်အရေးများကို ကာကွယ်ပေးခြင်းမရှိဘဲ မျက်ကွယ်ပြုနေသူဖြစ်ပါတယ်။
သို့ဖြစ်ပါသောကြောင့် နိုင်ငံတော် သမ္မတကြီး၏ နိုင်ငံတော်ပြုပြင်ပြောင်းလည်းရေး၊တရားဥပဒေစိုးမိုးရေး၊အဂတိလိုက်စားမှုပပျောက်ရေး၊ဆင်းရဲမွဲတေမှုလျော့ချရေး၊စသည့်ကိစ္စများကို အဓိကဆောင်ရွက်နေချိန်တွင် ပြည်မြို့ ရွာဘဲရပ်ကွက်
အုပ်ချုပ်ရေးမှုး ဦးဝင်းကြိုင်မှ တရားဥပဒေအား မထေမဲ့မြင်ပြုလုပ်နေလျှက်ရှိနေပြီး ရပ်ကွက်အုပ်ချုပ်ရေးမှုး၏ တာဝန်ဝတ္တရားများကို မျက်ကွယ်ပြုလျှက် တာဝန်မဲ့ပျက်ကွက်နေပါသောကြောင့် နိုင်ငံတော်အကြီးအကဲများ နှင့် သက်ဆိုင်ရာ
လူကြီးမင်းများမှ အရေးယူဆောင်ရွက်ပေးပါရန် လေးစားစွာဖြင့် တင်ပြတိုင်ကြားအပ်ပါသည်။
တိုင်ကြားသူများ....... ဦးဇော်လင်း(၇/ပမန(နိုင်) ၁၂၅၈၉၄) ကျွန်းတော(၃)လမ်း ရွာဘဲနယ်မြေ ။ ဦးသောင်းမြင့်(၇/ပမန(နိုင်) ၁၄၄၆၄၀) ရွှေဟင်္သာအနောက်ပေါက် မှုယာပင်ရပ် ။ ဦးမြင့်ကြိုင်ဦး(၇/ပတတ(နိုင်) ၀၀၀၇၆၃) မင်္ဂလာဦး
ရွာဘဲနယ်မြေ ။ ဦးဟန်ထွန်း(၇/ပမန(နိုင်) ၀၅၂၄၆၇) ကျွန်းတောရပ်ကွက် ရွာဘဲနယ်မြေ ။ ဒေါ်နှင်းနွယ်နွယ်စိုး(၇/ပမန(နိုင်) ၀၄၆၇၅၉) တို့မှ ပြည်မြို့ ရွာဘဲရပ်ကွက်အုပ်ချုပ်ရေးမှုးမှ မဲစနစ်ဖြင့်ချပေးထားသော ဖုန်းဆင့်ကဒ်များအား
မှန်ကန်မှုမရှိ ပွင့်လင်းမြင်သာမှုမရှိသည့်အပေါ် နိုင်ငံတော်သမ္မတကြီးထံတိုင်ကြားစာပေးပို့ခဲ့ကြပါသည်။ ပြည်သတင်း..........
No comments:
Post a Comment