Wednesday, September 11, 2013

မြန်မာပြည်က... လဘက်ရည်ဆိုင်တွေ၊ စားသောက်ဆိုင်တွေ၊ ဟော်တယ် တည်းခိုခန်းတွေ မှာ ဆိုင်းဘုတ်လေးတွေချိတ်ထားတာ တွေ့တွေ့နေရတယ် "WIFI FREE" တဲ့



-free လား"

မြန်မာပြည်က...
လဘက်ရည်ဆိုင်တွေ၊ စားသောက်ဆိုင်တွေ၊ ဟော်တယ် တည်းခိုခန်းတွေ မှာ ဆိုင်းဘုတ်လေးတွေချိတ်ထားတာ တွေ့တွေ့နေရတယ်
"WIFI FREE" တဲ့
'WIFI အလကားသုံးနိုင်တယ်' လို့ ဆိုလိုကြတယ်။

WIFI FREE ရဲ့ အဓိပ္ပာယ်ဟာ Wifi အလကားရသည် လို့ ဆိုလိုပါတယ်ဆိုရင်....
အနောက်နိုင်ငံတွေရဲ့ နေရာအချို့မှာ ရေထားတဲ့...
Gun Free ဆိုတာ သေနတ်အလကားရပြီလို့ ဆိုလိုတာလား?
Tobacco Free ဆိုတာ ဆေးလိပ်/ဆေးရွက်ကြီး အလကားရပြီလို့ ဆိုလိုတာလား?

တကယ်တော့ မဟုတ်ပါဘူးဗျာ
ကျနော်တို့ မြန်မာတွေက မြန်မာလိုတွေးပြီး မြန်မာလိုရေးကြလို့ ဆန့်ကျင်ဖက် အဓိပ္ပာယ်တွေ ထွက်ကုန်တာပါ
တကယ်တမ်း ဝိုင်ဖိုင်-အလကားရသည် ဆိုရင် FREE WIFI လို့ ရေးရပါမယ်။
WIFI FREE လို့ ရေးရင် အဲဒီနေရာမှာ WIFI မရှိဘူး၊ WIFI သုံးလို့မရဘူးလို့ အဓိပ္ပာယ်ထွက်ပါတယ်။

ဝန်ခံပါရစေ ကျနော် အင်္ဂလိပ်စာ အများကြီး မသိပါ။
ကိုယ်သိသလောက် ပြန်မျှဝေတာပါ......
Sky King ဖုန်းနှင့်ဆော့ဝဲအကြောင်းလေ့လာမယ်

No comments:

Post a Comment