Wednesday, September 4, 2013

Sorryဆိုတိုင်း မရပါ။ Aung Soe


 Sorryဆိုတိုင်း မရပါ။

တစ်ခါတုန်းက မြန်မာစကားပြောရင် ဒဏ်ငွေအရိုက်ခံရတဲ့ ကျောင်းမှာ ထမင်းစားကျောင်းဆင်းအပြီး
ကျောင်းတက်ခေါင်းလောင်းထိုးလို့
ပြန်တက်ချိန်မှာ ကျောင်းသား၊ကျောင်းသူတွေ အပြေးအလွှား
ကိုယ့်ကျောင်းခန်းကို ပြေးအသွားမှာ ကျောင်းသူချောချောဘိုကပြားမလေးတစ်ယောက်က မအူမ
လည်ကျောင်းသားသစ်တစ်ယောက်ကို မတော်တဆ၀င်တိုက်မိတယ်တဲ့။

ကျောင်းသူလေးက သူမ၀င်တိုက်မိလိုက်တဲ့ ကျောင်းသားလေးကို ပြာပြာသလဲ “ Sorry,Sorry ” လို့ တောင်းပန်လိုက်တယ်တဲ့။

ကျောင်းသားသစ်လေးက ကောင်မလေးက လှလွန်းတော့ ရင်ထဲမှာ ညိသွားတာပေါ့နော်။

ဒါနဲ့ နောက်တစ်နေ့ မုန့်စားကျောင်းဆင်းပြီး ပြန်တက်ချိန်မှာ ကောင်လးက သူ့ကျောင်းအဆောင်ပြေး
ဝင်ရင်းနဲ့ အရင်နေ့က တိုက်မိတဲ့ ကောင်မလေးနဲ့လည်း ဆုံရော မတော်တဆပုံစံမျိုးနဲ့ ၀င်တိုက်လိုက်
ရင်း ကောင်မလေးပါးလေးကို “ ရွှတ်” ကနည်း မွှေးလိုက်သတဲ့ဗျာ။ ပြီးတော့ ပြာပြာသလဲနဲ့ Sorry Sorry လို့ တောင်းပန်လိုက်သတဲ့။

ဒီမှာတင် ကောင်မလေးက ကောင်လေးပါးကို“ ဖြန်း”ကနည်းနေအောင် တအားရိုက်လိုက်သတဲ့။

အရိုက်ခံလိုက်ရတော့ ကောင်လေးက နင်ငါ့ကို ၀င်တိုက်တုန်းကတော့ Sorry ဆိုလို့ပြောလိုက်တော့
ကောင်မလေးက“ ဟဲ့ သေချင်းဆိုးရဲ့ Sorry ဆိုတိုင်း ကျေနပ်ရမှာလားဟဲ့ ” တဲ့ဗျာ။

ဒီလိုပါဘဲ လက်တွေ့ဘ၀ထဲမှာလည်း Sorry လုပ်လို့မရတာ့ဘဲ Estoppel ဖြစ်သွားတာတွေကြီးပါ ဘဲနော်။

No comments:

Post a Comment