ပုဒ်မ(၁၈)နှင့်ပတ်သက်၍
ကိုပြည့်လွင်(ခ)ဖြူဖွေး(Generation Wave)ပြည်....နှင့်
ကိုကျော်ဝင်းခိုင်(ပြည်သတင်းလူငယ်..အွန်လိုင်း)ပြည်...တို့တွေ့ဆုံမေးမြန်းဆွေးနွေးခြင်း
*****************************************************
၁။ မေး...ကိုဖြူဖွေး(Generation Wave)ပြည် ..အနေနဲ့ ငြိမ်းချမ်းစွာစုဝေးခွင်နှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေထဲမှ ဘာ့ကြောင့် ပုဒ်မ(၁၈)ကို ဆွေးနွေးလိုတာလည်း..၊၊၊
၁။ဖြေ...ပဲခူးတိုင်းအနောက်ခြမ်းမှာ ပုဒ်မ(၁၈)နဲ့ တရားစွဲဆိုခံထားရသူများပြားနေလို့ ကျွန်တော်တို့ ပြည်သူများအနေနဲ့ ဥပဒေကိုပြင်ဆင်ဖို့မတတ်နိုင်တာကြောင့် အခုလိုဆွေးနွေးလိုခြင်းဖြစ်ပါတယ်.....
၂။မေး..ကိုဖြူဖွေး(Generation Wave)ပြည်..အနေနဲ့ရော ပြည်သူများအနေနဲ့ပါ ဥပဒေကိုပြင်ဆင်ဖို့မတတ်နိုင်သောကြောင့်ဆိုတဲ့စကားကိုရှင်းပြပေးစေလိုပါတယ်..၊၊၊
၂။ဖြေ..အခုလက်ရှိလွှတ်တော်မှာ ပြည်သူ့အသံကို အဓိကထားပြီး ဥပဒေတွေကို ပြင်ဆင်ဖို့ ဆောင်ရွက်နေပါတယ် ဒါ့ကြောင့် ကျွန်တော်တို့ဆွေးနွေးတဲ့ အသံကို လွှတ်တော်ကကြားပြီး ပြင်ဆင်နိုင်ဖို့ ရည်ရွယ်တာကို ပြောဆိုခြင်းပါ..၊၊
၃။မေး..ကိုဖြူဖွေး(Generation Wave)ပြည်..အနေနဲ့ ဒီပုဒ်မ(၁၈)အပေါ် ဘယ်လိုထင်မြင်ယူဆပါသလည်း(သို့)ဘယ်လိုဆောင်ရွက်ပေးစေချင်တာလည်း.။
၃။ဖြေ..လွှတ်တော်မှာ ဒီဥပဒေနဲ့ ပတ်သက်ပြီး မဆွေးနွေးခင်မှာ တရားစွဲဆိုမှုတွေ လျှော့ချဖို့အတွက် ဥပဒေမှာပါတဲ့အတိုင်း သက်ဆိုင်ရာ တာဝန်ရှိသူတွေက ဥပဒေ နှင့်အညီ ဆောင်ရွက်ပေးစေလိုတာပါ...။
၎။မေး..ဥပဒေမှာပါတဲ့အတိုင်ဆိုတာကရော ဘာကိုပြောတာပါသလည်း.ပြီးတော့ ..တာဝန်ရှိသူတွေက ဒီပုဒ်မ(၁၈)နဲ့ပတ်သက်လို့ ဘယ်လိုဆောင်ရွက်ပေးစေလိုတာလည်း.။
၎။ဖြေ..ဥပဒေမှာပါတဲ့အတိုင်းဆိုတာက ငြိမ်းချမ်းစွာစုဝေးခွင့် နှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့် နည်းဥပဒေ အခန်း(၄) ခွင့်ပြုမိန့်ထုတ်ပေးခြင်းနှင့် ငြင်းပယ်ခြင်း မှာပါတဲ့ ပုဒ်မ(၅)အရ နိုင်ငံတော်လုံခြုံရေး တရားဥပဒေစိုးမိုးရေးရပ်ရွာ
ချမ်းသာယာရေး သိုပမဟုတ် ပြည်သူတို့၏ကိုယ်ကျင့်တရား အလို့ငှာ ပြဌာန်းထားသည့် ဥပဒေ များနှင့် အဆန့်ကျင်လျှင် ခွင့်ပြုမိန့် ထုတ်ပေးရန် ငြင်းပယ်ခြင်းမပြုရဆိုတဲ့ စကားရပ်ကိုဆိုလိုတာပါ...တာဝန်ရှိသူတွေက
ဒီပုဒ်မ(၁၈)နဲ့ပတ်သက်လို့ ဘယ်လိုဆောင်ရွက်ပေးစေလိုတာလည်း ဆိုတဲ့မေးခွန်းကတော့...တာဝန်ရှိသူတွေအနေနဲ့ ငြိမ်းချမ်းစွာစုဝေးခွင် နှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့် ပြုရန် ငြင်းပယ်သည့်အမိန့်မှာပါတဲ့ ငြင်းပယ်ရသည့်အကြောင်းအရင်းတွင်
ပုဒ်မ(၅)အရ ငြင်းပယ်ခြင်းမျိုးမတွေ့ခဲ့ရသေးပါဘူး ဒါ့ကြောင့် ပုဒ်မ(၅)အရ ငြင်းပယ်ခြင်းမျိုးကိုပဲ တာဝန်ရှိသူများအနေနဲ့ ဆောင်ရွက်ပေးစေလိုတာပါ....။
၅။မေး..ကိုဖြူဖွေး(Generation Wave)ပြည်..အနေနဲ့ကရော ပုဒ်မ(၁၈)နဲ့ ပတ်သက်ပြီး တရားစွဲဆိုခံရတာမျိုးရော ရှိခဲ့ဘူးပါသလား....
၅။ဖြေ...ကျွန်တော့အနေနဲ့ကတော့ ပုဒ်မ(၁၈)နဲ့တရားစွဲဆိုခံရခြင်းမျိုးတော့မရှိခဲ့သေးပါဘူး ဒါပေမဲ့ 28.1.2013 ခုနှစ်က ပေါင်းတည်မြို့နယ် ပေါက်အိုင်ကြီးကျေးရွာ ဘုန်းတော်ကြီးကျောင်းမှာ ဖွင့်လှစ်တဲ့ လယ်ယာကိစ္စနှင်.ကျေးလက်ဖွင်.ဖြိုးရေး
သင်တန်းကိုပေါင်းတည်မြို.နယ် အုပ်ချုပ်ရေးမှုးမှ တားမြစ်ခဲ့ပါတယ် ပုဒ်မ(၁၈)အရတားတာလားမေးတော့ မဟုတ်ပါဘူး တိုင်းဒေသကြီးဝန်ကြီးချုပ်ရဲ့ ညွှန်ကြားချက်ကြောင့် လို့ပြောပါတယ် ဒါဆိုတိုင်းဒေသကြီးဝန်ချုပ်ရဲ့ ညွှန်ကြားစာကိုပြပါဆိုတော့
ပြခွင့်မရှိဘူးလို့ပြောပါတယ် ဒါဆိုလည်း ကျွန်တော်တို့ဆက်လုပ်မယ်ပြောဆိုပြီးဆက်လက်လုပ်ဆောင်ခဲ့ပ်ါတယ် အဲဒိကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်နဲ့ ပြည့်ဖြိုးမောင်(CPRCG) တို့ကို အမှုဖွင့်ပြီး တရားစွဲဆိုထားကြောင်း (1.2.2013)ရက်နေ့မှာ အကြောင်း
ကြားစာရောက်လာပါတယ် အဲစာထဲမှာ (8.2.2013)ရက်နေ့တွင် ပေါင်းတည်မြို့နယ်တရားရုံးတွင် လာရောက်တရားရင်ဆိုင်ရန် အတွက်လည်းပါခဲ့သည်။ ကျွန်တော်တို့ နှစ်ယောက်ကို ပုဒ်မ(၁၇၂)ဖြင့် တရားစွဲဆိုထားကြောင်းကိုလည်းထိုစာမှသိခဲ့ရပါတယ်။
(12.6.2013)ရက်နေ့တွင် ပေါင်းတည်မြို့နယ်တရားသူကြီး မှ အပြစ်ရှိကြောင်းအမိန့်ချမှတ်ခဲ့ပါတယ်။..ပြည်သတင်း..
...........................................................................................................
အောက်ဖော်ပြပါပုံမှာပြည်မြို့မှာ မီးဆန္ဒပြခဲ့လို့ ပုဒ်မ(၁၈)ဖြင့်တရားရင်ဆိုင်ခဲ့ရပါတယ်
၂၀၁၂ ခုနှစ် ပြည်လျှပ်စစ်တောင်းဆိုမှုမှာ မေလ(၂၂)ရက်နေ့က စတင်၍ မေလ(၂၄)ရက်နေ့တွင် အာဏာပိုင်များမှ အကြမ်းဖက်ရိုက်နှက်ဖမ်းဆီးခဲ့ပြီး ပြည်မြို့ခံ(၆)ဦးအား ခေါ်ယူစစ်ဆေးစဉ် အကျဉ်းချကာ ပုဒ်မ(၁၈)ဖြင့် တရားစွဲဆိုခံရသည်။

No comments:
Post a Comment