ရုပ်သံမီဒီယာ ဥပဒေပေါ်ပေါက်လာမှသာ ရုပ်သံလိုင်းသစ်များကို
ခွင့်ပြုသွားမည်
******************************
(2.9.2013)
ရုပ်သံလိုင်းအသစ်များကို ရုပ်သံမီဒီယာ ဥပဒေပေါ်ပေါက်လာမှသာ ဥပဒေနှင့်
အညီ ထုတ်လွှင့်ခွင့်ပြုသွားမည်ဟု ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး
ဦးရဲထွဋ်က "သြဂုတ်လ (၂၉) ရက်နေ့က ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်မှာ
ပြုလုပ်တဲ့မြန်မာ/ တောင်ကိုးရီးယား ရုပ်သံလွှင့်ဌာနများယဉ်ကျေးမှု
ဖလှယ်ဆွေးနွေးပွဲမှာ ပြော ကြားသွားတာဖြစ်ပါတယ်။ ဒါကြောင့်အသစ်ဝင်
လာမယ့် ရုပ်သံမီဒီယာတွေအနေနဲ့ ရုပ်သံမီဒီယာဥပဒေပြဌာန်းပြီးတဲ့
ပေါ်ထွက်လာမယ့် BroadcastCouncil က ချမှတ်တဲ့ တင်ဒါစည်း မျဉ်း
တွေအတိုင်း ၀င်ပြိုင်သွားရမယ်လို့ ဆိုပါတယ်။ ရုပ်သံမီဒီယာ ဥပဒေ
ပေါ်ပေါက်လာပါက မြန်မာ့အသံနဲ့ ဖက်စပ်လုပ်ကိုင်နေတဲ့ ရုပ်သံလိုင်းတွေကို
အဆိုပါ ဥပဒေနဲ့ အညီစာချုပ်ပြင်ဆင်မှုတွေ ပြုလုပ်သွားဖို့ရှိတယ်" ဟု
ပြောသည်။ ရုပ်သံလိုင်းသစ်များကို ခွင့်ပြုရာ၌ ပြည်ပမှဝင်ရောက်လာမည့်
ရုပ်သံမီဒီယာများထက် ပြည်တွင်းရုပ်သံမီဒီယာများကို ဦးစားပေးခွင့်ပြု
သွားမည်ဟု သိရသည်။ လက်ရှိတွင် ရုပ်သံမီဒီယာ ဥပဒေကြမ်းကို
ပြန်ကြားရေးဝန်ကြီးဌာနက ဦးဆောင်ပြီး ရေးဆွဲနေဆဲဖြစ်ကြောင်း
သတင်းရရှိသည်။.ပြည်သတင်း (Sky Net) မှ ကူးယူဖော်ပြသည်။
No comments:
Post a Comment