Wednesday, September 25, 2013

ပြည်မြို့သူ ပြည်မြို့သားများနှင့် ခံစားချက်ချင်း ထပ်တူညီမည် ထင်မိပါသည် လောင်းကစားနဲ့ ပတ်သက်ပြီး အဖမ်း အဆီးတွေ တော်တော်များနေတယ် ၁ လုံး ၂ လုံး ၃ လုံး ၊ အကြွေစေ့ရုံတွေ အကုန်လုံးကို



ပြည်မြို့သူ ပြည်မြို့သားများနှင့် ခံစားချက်ချင်း ထပ်တူညီမည် ထင်မိပါသည်
***********************************************

ခုရက်ပိုင်း ပြည်မြို့မှာ လောင်းကစားနဲ့ ပတ်သက်ပြီး အဖမ်း အဆီးတွေ တော်တော်များနေတယ် ၁ လုံး ၂ လုံး ၃ လုံး ၊ အကြွေစေ့ရုံတွေ အကုန်လုံးကို ငြိမ်နေတာ ပြည်မြို့သူ မြို့သားတွေလည်း သတိထားမိမှာပေါ့ ။

ဒါတွေနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်ရင်ထဲ မရှင်းတာလေးတွေ ပြောချင်တာလေးတွေ သိချင်တာလေးတွေကလဲ များလာတယ်။ fb ပေါ်မှာလည်း စာမရေးဖြစ်တာ ကြာပြီ ခုတော့ အလုပ်အားနေတာနဲ့ ရင်ဖွင့်လိုက်ဦးမယ်ဗျ။
ကျွန်တော် ဟိုးအရင်ကတည်းက ဖေဖေ အခု အလုပ်ထွက်လိုက်တဲ့ အချိန်ထိ အမှုတွေကို computer ရိုက်ပေးရတာ ဆိုတော့ အမှု အသွားအလာတွေ အမှု ဖွဲ့စည်း တည်ဆောက်ပုံတွေ ဥပဒေပုဒ်မတွေ တရားသူကြီးတို့ ရဲတို့ရဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့ မစိမ်းဘဲ ယဉ်ပါးနေမိတယ်။ အခုလို လောင်းကစားတွေ ဖမ်းဆီးတယ်ဆိုတော့ ကျွန်တော်တို့ ပြည်သူတွေ ကျေနပ်မိတာပေါ့ ။
အဲ့ဒီမှာ ကျွန်တော်နဲ့ ထပ်တူ ခံစားမိတဲ့ ပြည်သူတွေ သိချင်မိတာလေးတော့ ရှိမယ်ထင်တယ် ဘာလဲဆိုတော့ ဘယ်သူတွေကို ဖမ်းမလဲ ဆိုတာဗျ အဓိကချုပ်ကိုင် လုပ်ဆောင်နေတဲ့ အချုပ်တွေကို ဖမ်းမှာလား ဒါမှ မဟုတ် ဆင်းရဲလွန်းလို့မှ တစ်နေ့ ၀မ်းစာအတွက် ကော်မရှင်စားလေး ရောင်းနေရသူတွေ ၊ ရသလောက်လခလေးနဲ့ နေ့စားသဘောမျိုး လုပ်နေရသူတွေ ၊ မာဆက်လို ဟာမျိုးဆိုရင် နာမည်ခံထား ပေးရတဲ့ မန်နေဂျာလေးတွေကိုပဲ ဖမ်းမလား ၊ ဒါမှ မဟုတ် ငါတို့တော့ ဘယ်နေ့ ဘယ်အချိန်မှာ အဖမ်းပြမှ ဖြစ်မယ်ဆိုတာလေးတွေနဲ့ ညှိနှိုင်း ဖမ်းမလား ဆိုတာတွေက စိတ်ဝင်စားစရာပါ ။

ဒါက ကျွန်တော် ရဲတွေ အာဏာပိုင် အဖွဲ့ အစည်းတွေကို စော်ကားတာ မဟုတ်ပါဘူး ကျွန်တော့်အသိမိတ်ဆွေ တော်တော်များများထဲမှာကို ဦးဦးရဲတွေ အများကြီးပါ။ ကျွန်တော်ကြုံတွေ့ဖူးတဲ့ အမှု တော်တော်များများမှာ ဆင်းဆင်းရဲရဲ နုံနုံအအ ကော်မရှင်စားလေးတွေ လခစား နေ့စား အလုပ်သမားလေးတွေ နာမည်ခံ မန်နေဂျာလေးတွေကို ပဲ ဖမ်းဆီးရုံးတင်တာလေးတွေ တွေ့နေရတော့ သူတို့ ဘ၀လေးတွေကို သနားမိလို့ ပါ။

ပြည်သူများ အနေနဲ့လည်း လောင်းကစားတွေ ဖမ်းဆီး နှိပ်ကွပ်တာကို အားပေးပါတယ် ကျေနပ်ပါတယ် ဒါပေမယ့်လည်း အဓိက အချုပ်ကိုမှ မဖမ်းဆီးဘူး ဆိုရင် ဘာများ ထူးလာဦးမှာလဲဗျာ....

(ပြည်မြို့သူ ပြည်မြို့သားများလည်း ကျွန်တော့်လိုပဲ သိချင်တာလေးတွေကို စောင့်ကြည့်ကြပေလိမ့်ဦးမည်ဟု ထင်ပါသည် ၊ ကျွန်တော့် ခံစားချက်နှင့်လည်း ထပ်တူကျမည်ဟု ထင်မိပါသည်)

Kyaw Kyaw Ko

ပြည်သတင်းမှ Kyaw Kyaw Ko ၏ စာသားများကို ပြန်လည်ကူးယူ ဖော်ပြလိုက်ပါသည်။

No comments:

Post a Comment