Sunday, September 15, 2013

ကမ္ဘာ့အထင်ကရမှတ်တမ်းစာရင်းဝင် အဖြစ် အတည်ပြုသတ်မှတ်လိုက်သည့် မဟာလောကမာရဇိန်ဘုရားဝင်းအတွင်းရှိကျောက်စာချပ်များ


ကမ္ဘာ့အထင်ကရမှတ်တမ်းစာရင်းဝင် အဖြစ် အတည်ပြုသတ်မှတ်လိုက်သည့် မဟာလောကမာရဇိန်ဘုရားဝင်းအတွင်းရှိကျောက်စာချပ်များ

မန္တလေးမြို့ရှိ ကျောက်တော်ကြီးဘုရား၏အေ၇ှ့ဖက် တွင်မဟာလောကမာရဇိန် ကုသိုလ်တော် ဘုရား တည်ရှိပါသည်။ အဆိုပါ ကုသိုလ်တော်ဘုရားသည် မင်းတုန်းမင်းကြီးက ၁၂၃၃ ခုနှစ်တွင် တည်ထားခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါဘုရားအတွင်းတွင် နောင်သာသနာအဓွန့်ရှည်ရေးနှင့် ပိဋိကတ် သုံးပုံ တွင်အမှားအယွင်းမရှိစေရေးအတွက် ကုန်းဘောင်မင်းဆက် ရတနာပုံ မြို့တည် နန်းတည် မင်းတုန်းမင်းကြီးမှ ကျောက်ပြား၇၂၉ချပ်ပေါ်တွင်ပိဋိကတ်သုံးပုံ
ကျောက်စာ ရေးထိုး၍စိုက်ထူခဲ့ပါသည်။

အဆိုပါကုသိုလ်တော်ဘုရားတွင်စိုက်ထူထားသော ကျောက်ချပ်များကြောင့် World largest book အဖြစ် အခြားနိုင်ငံများအထိထင်ရှားကျော်ကြားခဲ့ပါသည်။
ကုသိုလ်တော်ဘုရားကို ရှေးဟောင်းသုတေသနဦးစီးဌာနက ယူနက်စကို မှသတ်မှတ်သည့် Memory of the World Register list (ကမ္ဘာ့အထင်ကရမှတ်တမ်းစာရင်းဝင် )တွင်ပါဝင်သတ်မှတ်နိုင်ရေးအတွက် ၂၀၁၁ ခုနှစ်မှ စတင်ကြိုးစားခဲ့ရာ ၂၀၁၃ ခုနှစ်၊ ဇွန်လ ၂၁ ရက်နေ့က ယူနက်စကိုမှ Memory of the World Registerlistတွင်အတည်ပြုထည့်သွင်းခဲ့ပါသည်။ ယခုအခါ မဟာလောကမာရဇိန် ကုသိုလ်တော်ဘုရားသည် ကမ္ဘာ့ အမွေအနှစ်မှတ်တမ်းစာရင်းဝင်ဖြစ်လာသည်နှင့်အမျှ အနာဂတ်တွင် လာရောက်လေ့လာသော စူးစမ်းသော ကမ္ဘာလှည့ှ် ခရီးသွားဧည့်သည် အများ အပြားနှင့်စည်ကားလာတော့မည်မှာအမှန်ပင်ဖြစ်ပါသည်။
မြန်မာနိုင်ငံသူ နိုင်ငံသားများက ပို၍ မြတ်နိုးတန်ဖိုးထားကာ ထိန်သိမ်းစောင့်ရှောက်ရတော့မည် ဖြစ်ကြောင်း
ရေးသားတင်ပြလိုက်ရပါသည်။

News BY MMK
Post by Ko Arkar Kyaw


Ref: Mandalay, Historical Sites of Burma

No comments:

Post a Comment