Sunday, September 8, 2013

၁၁၃ ကြိမ်မြောက် ပေါင်းတည်မြို့ ဗုဒ္ခမြတ်စွယ်တော်လှည့်လည်ပူဇော်ကန်တော့ခံမည်







၁၁၃ ကြိမ်မြောက် ပေါင်းတည်မြို့ ဗုဒ္ခမြတ်စွယ်တော်လှည့်လည်ပူဇော်ကန်တော့ခံမည့်ပွဲတော်ကြီးကို
၁၃၇၅-ခုနှစ် တော်သလင်းလဆန်း၁၂.ရက်(၁၆.၉.၂၀၁၃)တနင်္လာနေ့ညနေ ၄ နာရီ ၃၀ မီးနစ် အချိန်
စတင်ဖွင့်လှစ်အပူဇော်ခံမှာဖြစ်ပါသဖြင့်ဖွင့်လှစ်အပူဇော်ခံရန်(၈)ရက်သာလိုပါတော့သည်။
တော်သလင်းလဆန်း(၉)ရက်(၁၃.၉.၂၀၁၃)နေ့မှစတင်ပြီးဖျော်ဖြေရေးအဖွဲ့ယိမ်းကားများမှပွဲတော်လာ
ဘုရားဖူးပရိသတ်များကို အကပဒေသာများ တေးသံသာများဖြင့် ပေါင်းတည်မြို့အတွင်းလှည့်လည်ဖျော်ဖြေသွားမည်ဖြစ်ပါသည်။အခမဲ့ဇာတ်ပွဲ(၃)ခုမှ(၁၂)(၁၃)(၁၄)
(၁၅)ရက်များတွင်မိုးအလင်းကပြဖျော်ဖြေပါမည်။ လဆန်း (၁၃)ရက်နေ့၊နေ့လည်(၁)နာရီတွင်
မင်္ဂလာစည်တော်ယွန်းပြီး၊ဒေ၀ါဝင်း၊ရာဇာဝင်းခင်းလျှက်၊ပရိတ်သင်းပေါင်းများစွာတို့ကပရိတ်တော်များ
ရွတ်ဖတ်ပူဇော်လိုက်ပါ၍ဆင်တော်မင်္ဂလာဖြင့်ပင့်ဆောင်ခါ၊နိပါတ်အဖွဲ့များမှမြန်မာ့ရိုးရာမပျက် နွားလှည်းများကိုအလှတန်ဆာဆင်ပြီးဇာတ်တော်နိပါတ်များခင်း၍လိုက်ပါပူဇော်ခြင်း။ယိမ်းအဖွဲ့(၇)ဖွဲ့မှ
ယိမ်းအကပဒေသာများ၊တေးသံသာများဖြင့်လိုက်ပါပူဇော်ခြင်းများဖြင့်(၁၁၃)ကြိမ်မြောက်ဗုဒ္ခမြတ်စွယ်
တော်လှည့်လည်ပူဇော်ကန်တော့ခံပွဲတော်ကြီးကိုကျင်းပသွားမည်ဖြစ်ပါသည်။
ဆင်တော်မင်္ဂလာရပ်နားစခန်း(၉)ခုတွင်တစ်နေရာလျှင်(၁၅)မီးနစ် ရပ်နားအပူဇော်ခံမှာဖြစ်ပါသည်။
ရပ်နားအပူဇော်ခံနေချိန်တွင် ယိမ်းအဖွဲ့များမှဖျော်ဖြေမှုအစီအစဉ်များဖြင့်ဖျော်ဖြေသွားမည်ဖြစ်ပါသည်။
ညနေ(၅)နာရီအချိန်အထိလှည့်လည်အပူဇော်ခံသွားမည်ဖြစ်ပါသည်။
တော်သလင်းလဆန်း(၁၄)ရက်နေ့ မြတ်စွယ်တော်ရတနာအားစိန်ကြုတ်တော်မှဖွင့်လှစ်ပြီိးနောက်
ပကတိမြတ်စွယ်တော်အတိုင်းအပူဇော်ခံမည်ဖြစ်ပါသည်။၎င်း(၁၄)ရက်နေ့တွင်မြတ်စွယ်တော် အခမ်းအနား စီစဉ်မှုအဖွဲ့ယိမ်းမှဆက်လက်ပူဇော်ကန်တော့ပန်းဆင်ပြီး တေးသံသာများ၊အကပဒေသာ
များဖြင့်ဖျော်ဖြေပေးမှာဖြစ်ပါသည်။တော်သလင်းလပြည့်ည(၁၀)နာရီအချိန်တွင်နှစ်ပါတ်လည်စံမြန်းရာ
ရွှေကျောင်းတော်မဟာသို့ပြန်လည်ပင့်ဆောင်သွားမည်ဖြစ်ပါကြောင်းရပ်နီး/ရပ်ဝေး ဘုရားဖူးပရိသတ်
အပေါင်းတို့အားအသိပေးအပ်ပါသည်။(အခြားကောဠဟာလ…မမှန်စကားမယုံကြပါရန်)

No comments:

Post a Comment