Monday, September 2, 2013

သိပ္ပံ နှင့်နည်းပညာဝန်ကြီးဌာန လက်အောက်ရှိ တက္ကသိုလ်များကို ရွေးချယ်ပြီး နိုင်ငံတကာအဆင့်မြှင့်တင်ရန် ဆောင်ရွက်နေ


သိပ္ပံ နှင့်နည်းပညာဝန်ကြီးဌာန လက်အောက်ရှိ တက္ကသိုလ်များကို
ရွေးချယ်ပြီး နိုင်ငံတကာအဆင့်မြှင့်တင်ရန် ဆောင်ရွက်နေ

**********************************************
(2.9.2013, Monday)

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန လက်အောက်ရှိ တက္ကသိုလ်များအားလုံးကို
အဆင့်မြှင့်တင်ရန် အခက်အခဲ ရှိနေခြင်းကြောင့် တက္ကသိုလ်အချို့ကို
ရွေးချယ် ပြီး နိုင်ငံတကာအဆင့်မီလာစေရန် ကြိုးပမ်းနေကြောင်းသိပ္ပံ နှင့်
နည်းပညာ ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာ ကိုကိုဦးက
ပြောကြားခဲ့သည်။ သိပ္ပံနှင့်နည်းပညာ ၀န်ကြီး ဌာန လက်အောက်ရှိ
တက္ကသိုလ်များတွင် စက်ပစ္စည်းကိရိယာများ ဖြည့်ဆည်းနိုင်ရန် အခက်အခဲ
ရှိနေပြီး တရုတ်နိုင်ငံ နှင့် ပူးပေါင်း တည်ဆောက်မည့် ဓာတ်ခွဲခန်းသည်
ကျောင်းသား၊ ကျောင်းသူများအတွက် အထောက်အပံ့ဖြစ်စေမည်
ဖြစ်ကြောင်း တရုတ်နိုင်ငံနှင့် နည်းပညာပူးပေါင်းဆောင်ရွက်မှု ဆွေးနွေးပွဲတွင်
ဝန်ကြီးကပြော ကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ သိပ္ပံနှင့်နည်းပညာ
ဝန်ကြီးဌာန လက်အောက်တွင် နည်းပညာတက္ကသိုလ် ၃၂ ခု၊ လေကြောင်း၊
အာကာသပညာတက္ကသိုလ်တစ်ခုနှင့် ကွန်ပျူတာတက္ကသိုလ် ၂၅ ခုတို့ရှိ
နေပြီး လွန်ခဲ့သော ပညာသင်နှစ်က ကျောင်းသား၊ ကျောင်းသူ
တစ်သောင်းကျော်ကို လာမည့်ပညာသင်နှစ်အတွက် ငါးထောင်ကျော်ကို
ဝင်ခွင့်လျှော့ချ လက်ခံခဲ့ ကြောင်း သိရှိရသည်။.ပြည်သတင်း (Sky Net) မှ ကူးယူဖော်ပြသည်။

No comments:

Post a Comment