Thursday, September 26, 2013

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ထံ လူဇင်ဘတ်နိုင်ငံ သံအမတ်ကြီးနှင့် မွန်ဂိုလီးယားနိုင်ငံ သံအမတ်ကြီးတို့ ခန့်အပ်လွှာများ ပေးအပ်



နေပြည်တော် စက်တင်ဘာ ၂၅
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ထံ ဗန်ကောက်မြို့ အခြေစိုက် လူဇင်ဘတ်နိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘော တူပြီးဖြစ်သော မစ္စတာ မတ်ခ်သေးလ်သည် ယနေ့ နံနက် ၁၁ နာရီတွင် နိုင်ငံတော် သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ ၎င်း၏သံ အမတ်ခန့် အပ်လွှာ ကို ပေးအပ် သည်။
ထို့အတူ နံနက် ၁၁ နာရီခွဲတွင် မွန်ဂိုလီးယားနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူပြီး ဖြစ်သော မစ္စတာ ချီမီဒေါ့ခ်ျ ဘတ်ဒူးမရားသည် ၎င်း၏ သံအမတ် ခန့်အပ်လွှာကို နိုင်ငံတော် သမ္မတထံ ပေးအပ် ခဲ့သည်။
သံအမတ် ခန့်အပ်လွှာ ပေးအပ်ပွဲ အခမ်းအနားများသို့ ပြည်ထောင်စု ဝန်ကြီး ဦးစိုးမောင်၊ ဒုတိယ ဝန်ကြီး ဦးသန့်ကျော်နှင့် ညွှန်ကြားရေးမှူးချုပ် ဦးသူရိန်သန့်ဇင်တို့ တက်ရောက်ခဲ့ကြသည်။

No comments:

Post a Comment