န၀င်း ချောင်းလေး သက်သေတည်
န၀င်း ချောင်းလေး သက်သေတည်
***************************
ရေလျှံကာ မြေလျှံသလိုပ
အခြွေရံမဲ့ ဘဝ
ကာရန်မဲ့ ည
အိမ်အောက်မှာရေကဖွေး
ဝမ်းရေတဲ့ပူ လွမ်းရေးကတပူဆင့်
အလွမ်းရင်နင့်လို့ နင်ပြန်မလာ
န၀င်းမှာ ရေကကြီး
ချောင်းငယ်ရယ် ကွယ်ကာပျောက်
ရေဖွေးလိုရောက်
ထိုင်ကာလေ ချစ်ခဲ့ဘူးတဲ့
ငိုင်ကာလေလွမ်းတဲ့ ကမ်း
ခုတော့ ချောင်းငယ်ရယ်
မြစ်ပြင်ဖြစ် ရင်နင့်လို့ ငို
မင်းပြန်လာ ချောင်းကလေးက
သက်သေတည် ငါလွမ်းသမျှ
ခက်ပွေလီ ချစ်နေကြောင်း
န၀င်းချောင်းကသက်သေတည်....
(ဓည၀တီ စိုးပိုင် )
No comments:
Post a Comment