Tuesday, September 17, 2013
ပေါင်းတည်မြို့ ဗုဒ္ဓမြတ်စွယ်တော်လှည့်လည်အပူဇော်ခံပွဲကြီး
ပေါင်းတည်မြို့ ဗုဒ္ဓမြတ်စွယ်တော်လှည့်လည်အပူဇော်ခံပွဲကြီး
***************************************
17.9.2013..
၁၃၇၅ ခုနှစ် (၁၁၃)ကြိမ်မြောက် ပဲခူးတိုင်းဒေသကြီး(နောက်) ပြည်ခရိုင် ပေါင်းတည်မြို့ ဗုဒ္ဓမြတ်စွယ်တော်လှည့်လည်အပူဇော်ခံပွဲကြီးကို တော်သလင်းလဆန်း(၁၂)ရက်နေ့ မှ (၁၅)ရက်နေ့အထိကျင်းပသွားမည်ဟုသတင်းရရှိခဲ့ပါသည်။
၁၃၇၅ ခုနှစ် တော်သလင်းလဆန်း(၁၂) ရက်နေ့ ညနေ(၅)နာရီတိတိအချိန် မြတ်စွယ်တော်ရတနာစိန်ကြုတ်ကို ပူဇော်ခံမည့် ရွှေကျောင်းဆောင်ပေါ်သို့ ပင့်ဆောင်ခဲ့ပါသည်။
၁၃၇၅ ခုနှစ် တော်သလင်းလဆန်း(၁၃) ရက်နေ့ နေ့လည်(၁)နာရီတိတိအချိန် မြို့ပေါ်သို့ ဆင်ရတနာ ဖြင့်ပင့်ဆောင်ပြီး အရံဆင်ရတနာတစ်စီးခြံရံလျက် (ဇာတ်၊နိပါတ်၊ယိမ်း)အကမျိုးစုံဖြင့် လှည့်လည်အပူဇော်ခံခဲ့ပါသည်။
၁၃၇၅ ခုနှစ် တော်သလင်းလဆန်း(၁၄) ရက်နေ့ နံနက်(၈)နာရီတိတိအချိန် မြတ်စွယ်တော်ရတနာကို စိန်ကြုတ်တော်မှ ဖွင့်လှစ်၍ ပကတိအတိုင်း အပူဇော်ခံပါမည်။
၁၃၇၅ ခုနှစ် တော်သလင်းလဆန်း(၁၅) ရက်နေ့ ည(၁၀)နာရီတိတိအချိန် မြတ်စွယ်တော်ရတနာစိန်ကြုတ်ကို ပိတ်၍ နှစ်ပါတ်လည်စံမြန်းရာ ဂန္ဓကုဋိတိုက် သို့ပြန်လည်ပင့်ဆောင်ပြီးလျှင် မြတ်စွယ်တော်ပွဲတော်ကြီး ကျင်းပပြီးစီးကြောင်း
ကြေငြာပါမည် ဟုသတင်းရရှိခဲ့ပါသည်။ ယနေ့၁၃၇၅ ခုနှစ် တော်သလင်းလဆန်း(၁၃) ရက်နေ့ မှာ ပေါင်းတည်မြို့ ဗုဒ္ဓမြတ်စွယ်တော်လှည့်လည်အပူဇော်ခံခဲံသည့် လမ်းများမှာ ဘုရားကြီးတိုက်မှ ဘုရားကြီးလမ်း၊မှတ်တိုင်လမ်း၊အတွင်းလမ်း၊
ဦးမောင်ရင်ကျောင်းလမ်း၊မှတ်တိုင်မိန်းလမ်း၊၄၁.လမ်း၊၃၈.လမ်း၊၃၇.လမ်း၊၃.လမ်း၊၂.လမ်း၊ပြည်ရန်ကုန်လမ်း၊အရှေ့လမ်း၊၁၉.လမ်း၊တာပွန်လမ်း၊၁၁.လမ်း၊မြို့မဈေးကြီးဈေးပတ်လမ်း(၇.လမ်း၊၆.လမ်း၊၅.လမ်း)၊ပြည်ရန်ကုန်လမ်း၊ဘုရားကြီးလမ်း မှ
စွယ်တော်တိုက်မှာ ပေါင်းတည်မြို့ ဗုဒ္ဓမြတ်စွယ်တော်အားအပူဇော်ခံခဲ့ကြောင်းသတင်းရရှိခဲ့ပါသည်။ အဆိုပါပေါင်းတည်မြို့ ဗုဒ္ဓမြတ်စွယ်တော်မြို့တွင်းသို့အပူဇော်ခံ အဖူးမျှော်ခံပင့်ဆောင်လာခဲ့ရာမှာ ယိမ်းကား(၇)စီးဖြင့်ဖျော်ဖြေတင်ဆက်မှု့များကို
တွေ့ရှိခဲ့ရပါသည်။အဆိုပါ ပေါင်းတည်မြို့ ဗုဒ္ဓမြတ်စွယ်တော်အပူဇော်ခံပွဲကြီးတွင် လဆန်း(၁၂ ၊ ၁၃ ၊ ၁၄ ၊ ၁၅)ရက်နေ့များတွင်( စန္ဒာလင်း မင်္ဂလာဆိုင်း)ဖြင့်ဧည့်ခံခြင်း၊မြို့နယ်အားကစားခန်းမကြီး ညပိုင်းတွင် မြ၀တီရုပ်မြင်သံကြားဌာနမှ (ရှုမ၀ အငြိမ့်)ဖြင့်
မိုးအလင်း(အခမဲ့)ကပြသွားမှာဖြစ်ပြီး ပေါင်းတည်ဘူတာရှေ့ ၄.လမ်းတွင်လည်း (နှင်းဆီရင်ခွင်ဦးသဘင်)ဇာတ်အဖွဲ့မှ ကြည့်ချင်ပွဲဖြစ် မိုးအလင်း အခမဲ့ ကပြသွားမည်ဟုသတင်းရရှိခဲ့ပါသည်။ပြည်သတင်း.........
No comments:
Post a Comment