သရေခေတ္တရာ မှ တူးဖော်တွေ့ ရှိခဲ့သော ပျူ အနုပညာသည် ကြေးရုပ် ၅ရုပ်
သရေခေတ္တရာ ဘုရားမာ စေတီတော် အနီးတွင် သုတေသနပြု တူးဖော်ခဲ့ရာ ဗုဒ္ဒ ကြေးဆင်းတုတော်(၅)ဆူ နှင့် ကြေးခေါင်းလောင်း (၁) လုံး တွေ့ ရတယ်။ ထို ကြေးခေါင်းလောင်းအတွင်းမှ အနုပညာကြေးရုပ် ကလေး(၅) ရုပ်ပါလာတယ်၊၊ ကြေးကလေးများမှာ ပုလွေမှုတ်နေဟန်၊ ဗုံတီးနေဟန်၊ ခွတ်ခွင်းတီးနေဟန်၊ ကခုန်နေဟန်၊ အထုပ်တထုပ်ကို ကျောပိုးပြီး ကနေသော လူရွင်တော်လေး စသည့် ၅ ရုပ်ကိုတွေ့ ခဲ့ရတယ်၊ ထို (၅) ထဲမှ လူရွင်တော် အရုပ်ကလေးမှ လွဲပြီး ကျန်လေးရုပ်ဟာ အခိုးခံခဲ့ရတယ်၊၊ နိုင်ငံရပ်ခြားသို့ အရောင်းခံခဲ့ရပါတယ်၊၊
အမေရိကန်နိုင်ငံသားသန်းကြွယ် သူဌေးကြီး မစ္စတာ ရောဗတ် အယ်လ်စမစ် က နိုင်ငံ တနိုင်ငံတွင်ရှိ ရှေးဟောင်းပစ္စည်း အရောင်းဆိုင် တစ်ဆိုင်မှ အမေရိကန်ဒေါ်လာ (၅)သိန်း ဖြင့်ဝယ်ယူပြီး စုဆောင်း ထားပါတယ်၊၊ ဒေါက်တာ နိုင်ပန်းလှ ရဲ့ ဆောင်းပါး ကို တွေ့ သောအခါမှ မြန်မာနိုင်ငံ သရေခေတ္တရာ ပျူမြို့ ဟောင်းမှ ပျောက်ဆုံးခဲ့သော အရုပ်ကလေးများ ဖြစ်ကြောင်း သိရပြီး ကိုယ်တိုင်လာရောက်ကာ မြန်မာနိုင်ငံသို့ ပြန်လည် လှူတန်း သွားခဲ့ပါတယ်၊
ယခု အခါ ထို ပျု အနုပညာရှင် အရုပ်ကလေးများကို အမျိုးသားပြတိုက်တွင် လေ့လာနိုင်ပါတယ် ၊၊
ထို အရုပ်ကလေးများကို တွေ့ ရှိခဲ့သောကြောင့်
-ပျူလူမျိုးတို့  ၏ အနုပညာကို သမိုင်းမှတ်တမ်းတင်နိုင်ခဲ့ပါတယ်။
-ပျူ လူမျိုးတို့ ၏ တူရိယာ ပစ္စည်းများ နှင့် အက ကို လေ့လာတွေ့ ရတယ်၊၊
-ပျူ လူမျိုးတို့ ၏ ၀တ်စားဆင်ယင်ပုံ ကို တွေ့ မြင်ရတယ်၊၊
-ပျူလူမျိုးတို့ ၏ ကြေးသွန်း အတတ်ပညာ ကို လေ့လာနိုင်တယ်။
ပျူ လူမျိုးတို့ အကြောင်း လေ့လာရာတွင် အဖိုးမဖြတ်နိုင်သော သမိုင်းဝင် အထောက်အထား တစ်ရပ် အဖြစ် တွေ့ မြင်နိုင်ပါတယ်၊၊

No comments:
Post a Comment