တိုင်းပြည်တိုးတက်မှသာ...
-------------------------
တစ်ခါပြောခဲ့ဖူးပါတယ်..
အမျိုးကို ချစ်ရင်..ဘာသာကိုချစ်ရင်.၊
ကိုယ့်ဘာသာကိုယ် ခိုင်မာအောင်..
ကိုယ့်တရားကိုယ်ရှာ ပြီး..
ဘုရားရဲ့တရားတော်အတိုင်း သမာဓိခိုင်ခိုင်နဲ့
ဘ၀ကို အသက်မွေးဖို့ပါ...၊
ပြီးရင်....
တိုင်းပြည်..တိုးတက်အောင်လုပ်..၊
ကြိုးစား..၊ သူများနိုင်ငံက တစ်ပြန်လောက်အားထည့်ရင်.
ကိုယ်က သူ့ထက်အဆများစွာအားထည့်..၊
ကိုယ့် လူမျိုးအချင်းချင်း...
အဂတိတရားတွေ ၊ အချောင်လိုက်တဲ့စိတ်တွေ.၊
အနိုင်ကျင့်တာတွေ၊ အမြတ်ထုတ်တာတွေ
ကတုံးပေါ်ထိပ်ကွက်တာတွေ..၊
အားနည်းတဲ့သူကို နှိပ်ကွပ်ချင်တာတွေ..
ဒါတွေကို ရှောင်.၊
ခရိုနီစိတ်ဓာတ်တွေကို ဖယ်ရှား..၊
ဒီလို နဲ့ တိုင်းပြည်က ချမ်းသာသွားရင်
ဒေသတွင်းမှာ လက်မထောင်သွားရင်.
ဘာဖြစ်မလဲ...
ရာဇ၀င်မှာပဲကြည့်...
အမျိုးဘာသာကို စောင့်ရှောက်နိုင်တဲ့..
ဘယ်မင်းတရား မဆို..
သူတို့ ခေတ်တွေမှာ...တိုင်းပြည်တိုးတက်ခဲ့ပြီး..
ချမ်းသာလွန်းကြတဲ့..ရွှေထီးဆောင်းဘုရင်တွေကြီးပဲလေ..
မွဲနေတဲ့ ဘုရင်...တစ်ပါးမှမပါဘူး..၊
ဒိတ်ဒိတ်ကြဲ ဘုရင်တွေချည်းပဲလေ...၊
မွဲနေတဲ့ ခေတ်ကဘုရင်တွေမှာ.... ဘာသာသာသနာ..
သေချာစောင့်ရှောက်နိုင်တာ များရှိလို့လားဗျာ...။
မှတ်ထားဗျ...
ရာဇ၀င်မှာ ဗုဒ္ဓသာသနာကို ထွန်းလင်းတောက်ပစေခဲ့တဲ့
မြန်မာဘုရင်တွေအားလုံးဟာ..
ချမ်းသာကြွယ်ဝပြီး..
ဒေသတွင်းမှာ သြဇာကြီးမားလှတဲ့ အင်ပါယာတွေကို ..
ပိုင်ဆိုင်ကြတာချည်းပဲ..၊
ဒါမှ...အမျိုးချစ်တာအစစ်ဗျ...၊
မျက်ကန်းမဟုတ်ဘူး...၊
တိုင်းပြည်ကိုအရင်တည်ဆောက်တယ်..
ပြီးတော့ ကိုးကွယ်ရာ..ဘာသာ သာသနာ..၊
စေတီတွေ ၊ ရေတွင်းရေကန်တွေ..၊တန်ခိုးကြီးဘုရားကျောင်း ဇရပ်.တို့ရဲ့..
ဒါယကာ ဘုရင်တွေဟာ...ဒီလိုခန်းနားတဲ့ အဆောက်အဦတွေကို..
နောက်လာနောက်သားတွေကိုးကွယ်ဖို့ တည်ဆောက်နိုင်တာ..
ဘုရင်တွေ၊ ပြည်သားတွေ.၊ချမ်းသာကြွယ်ဝ ပြီး.၊
ပြည်သူ့အင်အားတွေ ၊ သဒ္ဓါတရားတွေကြောင့်ပါပဲ....၊
တိုင်းပြည်သာ တိုးတက်ကြွယ်ဝလာရင်..
ကိုယ့်လူမျိုး ဘာသာဟာလဲ..
အသွေးအရောင် ပြောင်လာမှာအမှန်ပါ..၊
အဲဒီအခါကျတော့မှ...
သူများတကာကိုလက်ဖြန့်စရာမလိုတဲ့အတွက်..
ကိုယ့် တိုင်းပြည်မှာလာနေသူတွေကို...မျက်နှာထားတင်းတင်းနဲ့.
ဆက်ဆံလို့ရတယ်..၊ ပညာပါပါနဲ့ နှိပ်ကွပ်လို့ရတယ်..
မကျေနပ်ရင်မနေနဲ့..Get out ပေါ့..၊
နိုင်တကာဖိအားလာရင်လဲ သိပ်ဂရုစိုက်စရာမလိုဘူး..
.ကိုယ့်တိုင်းပြည်က ဒေသတွင်းမှာ focal ဖြစ်နေရင်..
ဘယ်နိုင်ငံက ဘယ်သူတွေဘဲလာလာ

ဘာဖိအားကို တုန်လှုပ်စရာမှမရှိဘူးလေ.
အခုလို....မလေးရှားကိစ္စမျိုးပဲ ဖြစ်လာပါစေ..၊
" ဟေ့ရောင် မလေးရှား..ငါ့ နိုင်ငံသားတွေ.ကိုမဖမ်းနဲ့..
အကုန်ပြန်လွှတ်..တာဝန်ယူတယ်..၊
မင်းတို့ပေးတဲ့ လစာအတိုင်း..ငါ့ဆီမှာလဲ..ပေးလို့ရတယ်.၊
မင်းတို့ပိုက်ဆံကုန်စရာမလိုဘူး..ငါဆီကလေယာဉ်တွေနဲ့
လာခေါ်မယ်...မင်းတို့..ကြပ်ကြပ်သတိထား.."
ဆိုပြီး..အပေါ်စီး နဲ့တောင်..ပြောလိုက်လို့ရသေးတယ်..
ပြီးရင်..သူ့တို့နိုင်ငံကို ပြန်လည်ဒဏ်ခတ်တဲ့အနေနဲ့..
သူတို့နဲ့ ဆက်စပ်တဲ့.လုပ်ငန်းတွေကို ရပ်ဆိုင်းလိုက်..၊
သူတို့ကို တင်ပို့တဲ့ တို့စက်ရုံတွေကထွက်တဲ့..
ထုတ်ကုန်တွေကို ရပ်ဆိုင်းလိုက်..အဲဒီနည်းတွေနဲ့
သူတို့ကို နစ်နာအောင်လုပ်ပစ်လိုက်ရင်...
ဒင်း..တို့ခံနိုင်ရိုးလား...
အခုတော့...အဲဒီလိုမဟုတ်ဘူး....၊
ကိုယ့်နိုင်ငံသားတွေကို ဒီလိုလုပ်တာကို...
လေသံမာမာ ပြောဖို့နေနေသာသာဗျာ...။
မျက်လွှာလေးတောင်...ပင့်မကြည့်ကြဘူး..၊
အစွန်းရောက်မျိုးချစ်တွေလဲ..
အာနေရုံကလွဲပြီး ဘာတတ်နိုင်ပါသလဲ...၊
ဟိုက...သူ့ရဲ့ Rule of law အတိုင်း..
ပညာသား ပါပါနဲ့ လုပ်ပြသွားတယ်..၊
Rule & Regulation တွေအမြဲပြောတဲ့
ဒေါ်စုကိုကျတော့ အစွန်းရောက်များက..
ဝေဘန်ပုတ်ခတ်တယ်..
အခု မလေးကကိစ္စမှာ..မလေးအစိုးရဟာ..
အဲဒီလက်နက်ကို သုံးပြသွားတယ်။..
နောက်ပြီး...တိုင်းပြည်တိုးတက်အောင်..
ဘယ်သူတကယ်လုပ်နိုင်မှာလဲ..
ဘယ်သူ့မှာအရည်အချင်းရှိလဲ..သုံးသပ်ကြရမယ်.၊
ကျုပ်တို့နိုင်ငံသာချမ်းသာရင်..၊
ဒီလိုအချိုးမျိုးကို ..
အခြားနိုင်ငံတွေက..ချိုးနိုင်မှာလား..၊
ဖြေကြလေဗျာ..
ပြီးတော့ ကိုယ့်ဆီကထုတ်ကုန်ကိုရပ်ဖို့နေနေသာသာ..
ကိုယ့်နိုင်ငံက ထုတ်ကုန်က စက်ရုံထုတ်တွေမဟုတ်ဘူး..
ကိုယ့်ဆီက ထွက်သွားတာတွေက..သယံဇာတကလွဲလို့..
မယ်မယ်ရရပြစရာမရှိတာကိုက...ရှက်စရာ..၊
မွဲချင်မွဲပါစေ...လူမျိုးကိုသစ္စာမဖေါက်ချင်ဘူးဆိုတဲ့..
သကောင့်သားများ..အနေနဲ့
မွဲအောင်လုပ်ထားခံရခြင်းဟာလည်း..
လူမျိုးကိုသစ္စာဖေါက်ခြင်းတစ်ခုပဲဆိုတာ..၊
တွေးကြလေဗျာ...၊
အစွန်းရောက်မျိုးချစ်များ..ကို
တစ်ခုမေးပါ့မယ်..
အမျိုးသားရေးအော်ပြီး...အစွန်းရောက်ကြလို့...၊
တိုင်းပြည်မွဲသည်ထက်မွဲလာရင်
စားဝတ်နေရေးကြောင့်...
ကိုယ့်အမျိုးဘာသာကို ဂရုမစိုက်ပဲ..
ငွေရရှိရေးတစ်ခုတည်းကိုပဲကြည့်ပြီး..
လုပ်ချင်တာလုပ်တဲ့သူတွေ..ပိုများမလာဘူးလို့...
အာမခံနိုင်မှာပါလား...၊
သေချာလား...
ဒါလေးကို ဖြေပေးကြစေလိုပါတယ်..၊
မဖြေခင်...ရန်ကုန်က..
နိုင်ငံခြားသားတွေအမြဲ လာပြီး..
ပစ္စည်းအသစ်တွေလာရှာတတ်တဲ့၊
တို့ဆီကလဲ..
အယုတ်အလပ်အမြတ်မရွေး သွားလာနေကြတဲ့
Class မျိုးစုံရှိနေတဲ့...
ကေတီဗီ.၊ စင်တင်နဲ့..ကလပ်တွေ
မာဆပ်တွေကိုပဲ..သွားကြည့်ပေါ့ဗျာ..၊
စကားပုံတစ်ခုပြန်ပြောရရင်..
အူမတောင့်မှ...သီလစောင့် ..မှာလေဗျာ..၊

No comments:
Post a Comment