အထက်နိဗ္ဗိန္ဒတောင်တောရကျောင်းတို
နှစ်(၁၀၀)ပြည့် ရာပြည့်ပူဇ်ာပွဲကြီးကို ၁၂၇၅ခုနှစ်မှစတင်ပြီး ပြည်မြို့၌ တေ၀ိဇ္ဇာရဟန္တာ ဟု ကျော်ကြားတော်မူသော အထက်နိဗ္ဗိန္ဒတောင်
တောရဆရာတော်ကြီး ဦးသီရိမာလာသည် ၁၂၇၅ခုမှစတင်၍ အထက်နိဗ္ဗိန္ဒတောင် တောင်တောရ
ကျောင်းတိုက်ကြီးကို တည်ထောင်တော်မူခဲ့ပါသည်။ ယခု ၁၃၇၅ခုနှစ်- (၁၅.၁၂.၂၀၁၃)
တနင်္ဂနွေနေ့တွင် နှစ် (၁၀၀)ပြည့် ရာပြည့်ပွဲတော်ကျင်းပမည် ဖြစ်ပါသည်။
ထိုသို့ကျင်းပရာ၌ ပင့်သံဃာ၊ ရဟန်း၊ သာမဏေ (၁၅၀) ပါးနှင့် သီလရှင် (၁၅၀)ကျော်တို့ကို
ပင့်ဖိတ်ကာဖြင့် ရာပြည့်ပွဲကြီးကို ချိမ့်ချိမ့်သဲသဲ ကျင်းပမည်ဖြစ်ပါ၍ သူတော်စင်အပေါင်းတို့
ကြည်ညို သဒ္ဓါပွားများနိုင်ပါရန် နိုးဆော်အပ်ပါသည်။
၎င်းရာပြည့်ပွဲ ကျင်းပပွဲတွင်ညစဉ် ဓမ္မကထိကဆရာတော်များမှ ဓမ္မဒေသနာများကို (၃)ရက်
တိုင်တိုင် ဟောပြောမည်ဖြစ်ပါသည်။
၎င်း ကျင်းပပွဲတွင် စေတနာရှင်အပေါင်းမှ ပင့်သံဃာတော်များနှင့် သီလရှင်ဆရာလေးများ ပူဇော်
ပွဲတွင် ပါဝင်လှူဒါန်းနိုင်ပါကြောင်းကြေ
အထက်နိဗ္ဗိန္ဒတောင် တောရ ကျောင်းတိုက် 0931745051 သို့ ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း
အသိပေးနှိုးဆော်အပ်ပါသည်။
No comments:
Post a Comment