ပဲခူးတိုင်းဒေသကြီး ကွန်ပြူတာပညာရှင်အသင်းနှင့် ကွန်ပြူတာလုပ်ငန်းရှင်အသင်း (ပြည်ရုံးခွဲ) ၏ ပထမအကြိမ် ဝါဆိုသင်္ကန်း ကပ်လှူပွဲကျင်းပမည်ဖြစ်ကြောင်းသိရှိရပါသည်။ ကွန်ပြူတာအသင်း (ပြည်ရုံးခွဲ)၏ ၁၀.၉.၂၀၁၃ နေ့တွင် ပြုလုပ်ခဲ့သော အစည်းအဝေးဆုံးဖြတ်ချက်အရ ပထမအကြိမ် ဝါဆိုသင်္ကန်း ကပ်လှူပွဲကို ၁၅.၉.၂၀၁၃ ရက် တနင်္ဂနွေနေ့၊ နံနက် ၁၀ နာရီမှ ၁၂ နာရီအထိ ကွန်ပြူတာအသင်း (ပြည်ရုံးခွဲ) တွင်ကျင်းပမည်ဖြစ်ကြောင်း သိရှိရပါသည်။ ယခင်က ကွန်ပြူတာအသင်း (ပြည်ရုံးခွဲ) ကို ပြည်မြို့ လမ်းမတော်ရှိ ရွှေဘုန်းပွင့် စာကြည့်တိုက်နှင့် ပြတိုက်တွင်ဖွင့်လှစ်ခဲ့ပြီး ယခုအခါ ပြည်မြို့၊ ရွှေတစ်ချောင်းလမ်း၊ တိုက်အမှတ် (၁၅၁၄)၊ ၄ လွှာ ( Soft Guide Computer သင်တန်းကျောင်းအနီး၊ Future Life ကွန်ပြူတာသင်တန်းနှင့် စာစီစာရိုက်ဘေး) သို့ ပြောင်းလဲဖွင့်လှစ်ခဲ့ကြောင်း သိရှိရပါသည်။ ထို့အပြင် မြန်မာနိုင်ငံ ကွန်ပြူတာအသင်း၏ စီစဉ်မှုဖြင့် ကွန်ပြူတာအသင်း (ပြည်ရုံးခွဲ) အပါအဝင် တစ်ခြားပြည်နယ်နှင့် တိုင်းဒေသကြီးများမှ ကွန်ပြူတာအသင်းဝင်များသည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ ရက်တို (၅) ရက် သင်တန်းတက်ရောက်ရန်အတွက် ၂၅.၉.၂၀၁၃ နေ့ရက်မှ စတင်ကာ သွားရောက်ကြမည်ဖြစ်ကြောင်း သိရှိရပါသည်။
Pyay City
No comments:
Post a Comment