Tuesday, September 17, 2013

ပြည်မြို့က န၀င်းရေကြီးလို့ လှေစီးနေရပြီ



ပြည်မြို့က န၀င်းရေကြီးလို့ လှေစီးနေရပြီ
***************************
(17.9.2013).....

ပဲခူးတိုင်းဒေသကြီး(နောက်) ပြည်ခရိုင် ပြည်မြို့ န၀င်းရပ်ကွက်မှာ (၁၄.၉.၂၀၁၃)ရက်နေ့ ညမှာ မြစ်ရေကြီးမှု့ကြောင့် န၀င်းရပ်ကွက်၊ဖိုးခေါင်၊ချောင်းနာတန်း၊ အဆိုပါရပ်ကွက်များသို့ရေများစီးဝင်ခဲ့ပါတယ်။ အဆိုပါမြစ်ရေကြီးမှု့မှာ တစ်ခါတစ်ရံ ဖြစ်တတ်ပါတယ်။
အဆိုပါမြစ်ရေကြီးမှု့ကိစ္စ ကိုပြည်သတင်းသွားရောက် စုံစမ်းပြီးဒေသခံတွေ ရပ်ကျေးအဖွဲ့တွေ ကျန်းမာရေးဌာန အသင်းအဖွဲ့ များကယခုလိုပြည်သတင်းသို့ပြောကြားလာခဲ့ပါတယ်။....

ဖိုးခေါင်ရွာ မှ ကိုမင်းဝေ(လှေလှော်သူ)၏ပြောကြားစကား.............ကျွန်တော်တို့က ကျောင်းသားနဲ့ လာရောက်ကူညီတဲ့သူတွေကို လှေစီးခမယူပါဘူး လှေလှော်ကြသူအားလုံးကိုယ်ပိုင်အသ်စိတ်နဲ့မယူကြတာပါ ကျန်တဲ့သူတွေကိုတော့လှေစီးခယူတယ်
ကျောင်းသားတွေကိုတော့ ပိုပြီးဦးစားပေးပါတယ် လှေစီးခတွေကို (၅၀ မှ ၁၀၀) အထိပဲယူပါတယ် ဆိုင်ကယ်တွေကျတော့လူအပါကို(၃၀၀ မှ ၅၀၀)ယူပါတယ် ဒိထက်တော့ပိုမယူကြပါဘူး ဖိုးခေါင်ရွာမကြီးရော ကွက်သစ်ရောအပါဆိုရင် အိမ်ခြေ (၆၀၀)ကျော်
လောက်တော့ရှိပါတယ် ချောင်းနားတန်းကတော့ (၃၅၀ သို့မဟုတ် ၄၀၀)ခန့်ရှိပါတယ် ဟုဖိုးခေါင်ရွာ မှ ကိုမင်းဝေ(လှေလှော်သူ) မှ ပြည်သတင်းသို့ပြောကြားသွားခဲ့ပါသည်။

ဖိုးခေါင်ကွက်သစ်ရပ်ကွက်နေသူ ပြည်တက္ကသိုလ်(ပထမ..နှစ်)ကျောင်းသာ မောင်မင်းချစ်သူ မှယခုလိုပြောကြား........သွားရေးလာရေးတော့ခက်ခဲနေတယ် ကျွန်တော်တို့ကျောင်းသားတေါကိုတော့လှေစီးခမယူပါဘူးအားလုံးကမေတ္တာနဲ့အချင်းချင်းကူညီကြပါတယ်
အစဉ်တော့ဘယ်ပြေပါ့မလည်း ရေကြီးနေတာလေ ကျွန်တော်တို့ကွက်သစ်ကိုတော့ရေသိပ်မ၀င်သေးပါဘူး လမ်းမပေါ်ကတော့ဖြတ်လို့ရသေးပါတယ်ဟု ဖိုးခေါင်ကွက်သစ်ရပ်ကွက်နေသူ ပြည်တက္ကသိုလ်(ပထမ..နှစ်)ကျောင်းသာ မောင်မင်းချစ်သူ မှ ပြည်သတင်းသို့
ပြောကြားသွားခဲ့ပါသည်။

ဖိုးခေါင်ရွာ မှ ကိုသန်းဝင်း(လှေလှော်သူ)မှယခုလိုပြောကြား....အခုလောလောစယ်တော့ဘယ်ဌာနဆိုင်ရာတွေမှလာရောက်လှုဒါန်းမှု့တွေမရှိသေးပါဘူး လာတော့ကြည့်ကြပါတယ် အခုချိန်ထိတော့မမြင်သေးပါဘူး လှုဒါန်းမှု့တွေကို ကျွန်တော်တို့လှေလှော်ပို့နေတာ
(၂)ရက်ပဲရှိပါသေးတယ်ဟု ဖိုးခေါင်ရွာ မှ ကိုသန်းဝင်း(လှေလှော်သူ)မှ ပြည်သတင်းသို့ပြောကြားသွားသည်။

ဖိုးခေါင်ရွာနေသူ (မိုးမေတ္တာပရဟိတလူငယ်သွေးအလှုရှင်အသင်း)၀င်မှ ကိုကျော်ကျော်မြင့် မှယခုလိုပြောကြား....မနေ့ကစကူကြတာပါ ကိုယ်ပိုင်လှေတွေနဲ့ လူတိုင်းကို အခမဲ့ကူညီနေတာပါ ခရီးသည်ရော ကျောင်းသားပါအအကုန်ကူညီပါတယ် ဖိုးခေါင်ရောချောင်း
နားတန်းပါ (မိုးမေတ္တာပရဟိတလူငယ်သွေးအလှုရှင်အသင်း)၀င်ပေါင်း(၅၀)လောက်ကကူညီနေတာပါ ကူညီရလို့ ပျော်နေပေမဲ့ ဒုက္ခရောက်နေကြတဲ့ ကျွန်တော်တို့ရွာကလူတွေရော ရေကြီးမှု့ခံစားနေရတဲ့သူတွေအတွက်ပါစိတ်မကောင်းဘူး ကျွန်တော့အိမ်တောင်ရေ
ထဲမှာပါတယ် ၀မ်းသာပါတယ်ဗျာ ရေကြီးလို့ဝမ်းသာတာမဟုတ်ပါဘူး ကူညီနေရလို့ပါ ကျောင်းသားလေးတွေ အိမ်ကပိုက်ဆံမပေးလိုက်လို့ လှေစီးခမရှိခဲ့ရင် ကျွန်တော်တို့နဲ့တွေ့သွားတော့ သူအစဉ်ပြေသွားတယ်လေ အဲလိုကူညီရတာလေးတွေကိုဝမ်းသာမိတယ်ဟု
ဖိုးခေါင်ရွာနေသူ (မိုးမေတ္တာပရဟိတလူငယ်သွေးအလှုရှင်အသင်း)၀င်မှ ကိုကျော်ကျော်မြင့် မှ ပြည်သတင်းသို့ပြောကြားသွားသည်။

န၀င်းရပ်ကွက် (ရပ်ကွက်အထောက်အကူပြု)အတွင်းရေးမှုး ဦးစိန်မိုး မှ ယခုလိုပြောကြား....အခုတော့ယာယီကယ်ဆယ်ရေးစခန်း(၂)ခုဖွင့်ထားပါတယ် ၀ါဆိုဘုန်းတော်ကြီးကျောင်းမှာရယ် အောင်ဆန်းပြည်သာယာ ခရမ်းကုန်းကောက်ကွက်ထဲမှာပါ အဲမှာကတော့
ရွက်ဖျင်တဲ(၃)လုံးပါ ၀ါဆိုဘုန်းတော်ကြီးကျောင်းဆရာတော်အကူအညီနဲ့ ၀ါဆိုဘုန်းတော်ကြီးကျောင်းထဲမှာကတော့(၁၈)အိမ်ထောင်စုပါ ကျန်းမာရေးဌာနမှဆရာ/မ များမှလဲအကူအညီပေးပါတယ်၊ရဲ၊မီးသတ်နဲ့ ဌာနဆိုင်ရာတွေအားလုံးနဲ့ ပြည်သူတွေ ၀ိုင်းဝန်းကူညီ
စောင့်ရှောက်နေပါတယ် အခုအချိန်ထိတော့ ဘယ်သူမှ လာရောက်လှုဒါန်းမှုမရှိသေးပါဘူး ရေကြီးတာက (၁၄)ရက်နေ့ညကရေတွေစ၀င်တာပါ (၁၅.၁၆.၁၇)ဒီနေ့ကျမှပိုဆိုးလာတာပါ ဟု န၀င်းရပ်ကွက် (ရပ်ကွက်အထောက်အကူပြု)အတွင်းရေးမှုး ဦးစိန်မိုးဟု
ပြည်သတင်းသို့ပြောကြားသွားခဲ့သည်။

မြို့နယ်ကျန်းမာရေးဌာနမှ ဆရာမတစ်ဦးမှ ယခုလိုပြောကြား.....ပထမရက်တွေကတည်းက လာရောက်ကူညီနေရတာပါ ဆေးဝါးအစုံပါတယ် အိမ်အရောက်လိုက်ကူညီကုသပေးပါတယ် အားလုံးအခမဲ့တွေပါပဲဟု မြို့နယ်ကျန်းမာရေးဌာနမှ ဆရာမတစ်ဦးမှ
ပြည်သတင်းသို့ပြောကြားသွားခဲ့သည်။

န၀င်းတပ်စု(၁၇)ရပ်ကွက်နေသူ ဦးကျော်ဝင်း မှ ယခုလိုပြောကြား........ရပ်ကွက်အုပ်ချုပ်ရေးမှုးတွေရဲ့အကူအညီပေးမှုကြောင့် အခုလိုရွေ့ပြောင်းနိုင်ခဲ့တာပါ ရေကြီးလို့ ကျွန်တော့အိမ်လေးရေထဲမှာပျောက်ကွယ်သွားတယ် မိသားစု(၄)ယောက်ပါ အခုလေးတင်ပြောင်း
လာတာပါ လှုဒါန်းမှု့အကူအညီတော့ခုချိန်ထိမရှိသေးပါဘူး ဒီမှာကတော်သေးတာပေါ့ အိမ်မှာဘယ်လိုမှနေလို့မရတော့လို့ပါ နေနိုင်သလောက်ကို စင့်လေးထိုးပြီးနေခဲ့ကြသေးတယ် လူကြီးတွေကိုကျေးဇူးတင်တယ် သူတို့ကူညီလို့အခုလိုနေခွင့်ရတာပါ မိသားစုဘ၀ကျပ်
တဲနေပါတယ် သက်ဆိုင်ရာကလူကြီးတွေရော အကူအညီပေးချင်ကြတဲ့လူကြီးတွေပါအကူအညီလိုချင်ပါတယ် ကူညီပေးကြပါလို့ ပြောချင်ပါတယ် အလုပ်ကတော့ အိမ်အနားက ၀င်းညီနောင် ကျောက်တိုင်မှာ အလုပ်လုပ်ပါတယ် အခုတော့ဘာမှလုပ်လို့မရတော့ပါဘူးဟု
န၀င်းတပ်စု(၁၇)ရပ်ကွက်နေသူ ဦးကျော်ဝင်း မှပြည်သတင်းသို့ပြောကြားသွားခဲ့သည်။

အဆိုပါသတင်းများရယူပြီး နေ့လည်(၁၂း၀၀)ခန့်အချိန်တွင် မြို့နယ်အုပ်ချုပ်ရေးမှုး စီမံမှု့ဖြင့် န၀င်းရပ်ကွက်ရေ၀င်ရောက်မှုတွေကို ရေစုပ်စက်(၁၂)လုံးဖြင့် န၀င်းစည်ပင်ရေဆိုးထုပ်မှ ရေများပြန်လညထုပ်ပေးခဲ့ပြီ အဆိုပါရေစုပ်စက်များထုပ်ပေးမှုကို မီးသတ်၊စည်ပင်၊
မြို့နယ်အုပ်ချုပ်ရေးမှုးအဖွဲ့၊ရဲ၊ဒေသခံပြည်သူများဝိုင်းဝန်းကူညီနေကြပြီး အဆိုပါရေစုပ်စက်များအသုံးပြုဖို့ကို ဒီဇယ်(၂၀)ဂါလံ၊ဓါတ်ဆီ(၂၅)ဂါလံ များကိုလည်းလှုဒါန်းခဲ့သည့်အလှုရှင်ရှိကြောင်းသိရပါသည်။ ပြည်သတင်း.......

No comments:

Post a Comment