Tuesday, September 3, 2013

မခိုးဝံပါဘူး


*မခိုးဝံပါဘူး*

လူတစ်ယောက် ကြက်ခိုး ကာ လူပြတ်သော နေရာတွင်အမွေးနုတ်နေသည်။

ထိုစဉ် ဖြတ်လျှောက်လာသော ရဲသားက မြင်သွားသည်။ သူခိုးသည် ကြောက်လန့် ကာ ကြက်ကိုအနား ရှိရေကန်ထဲသို့ လွင့်ပစ်လိုက်သည်။

"ဟေ့ မပြေးနဲ့ မင်းအခုပဲ ကြက်ခိုးတယ်ဆိုတာငါမြင်တယ်"

"ကျနော် ဘယ်တော့မှ သူများပစ္စည်းမခိုးဝံပါဘူးဗျာ"

"ဒါဖြင့် ဒီအမွေး တွေကဘာလုပ်တာလဲ "

"ကြက်မက သူရေချိုးဆင်း တုန်းသူ့ အဝတ်အစားတွေကို ခဏကြည့်ခိုင်းထားတာပါ"

No comments:

Post a Comment