2013 ခုနှစ်အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ်
ကဗျာ/စာတမ်းဖတ်ကြားခြင်း ရတနာမာန်အောင်ကျောင်းဝင်းအတွင်း
သုခကုသိုလ်ဖြစ်ဆေးခန်း ပြည်မြို့တွင် 21.9.2013 ရက်နေ့ ၀တ္ထူနဲ့
ပြဇာတ် စာရေးဆရာ သရုပ်ဆောင် ဒါရိုက်တာ(ဓည၀တီ..စိုးပိုင်)၏
ရေးစပ်ရွက်ဆိုခဲ့သောကဗျာ......
ငြိမ်းချမ်းရေး ရေစင်
************
ဒူးပြတ်လို့ခြေကျိုး အဖြစ်ဆိုးတဲ့ ဒို့မြန်မာ
လွတ်လပ်ကာ ပြည်အစ ယမ်းငွေ့ကဖြာ
လမ်းကွေ့က သေနတ်သံကြား ယမ်းငွေ့က
တလူလူ သွေးစက်က မြေခ ကြွေကြပေါ့
ခန္ဓာရယ် သံသရာ ကြမ္မာရိုင်းတယ်
ပွေရတတ်ရင်နာ အကြင်နာကင်းပြီမို့
ကျောခိုင်းကာ သေနတ်ကိုစွဲ ဒေသပြိုင်ပွဲ
ယိုင်လဲလို့ပြို သွေးစွန်းလို့ငို ရုန်းထရန်
အားကမရှိ ဖေးကူသူ ဘယ်မှာရှိမယ်
လှမ်းလားခဲ့ဦး။ ။
ယမ်းငွေ့ဖြာ သွေးညှီနံနဲ့
တောတောင်မှာ မိုးမှောင်ကျပါပေါ့
ရောယောင်ကာ မလွမ်းလိုက်ပါနဲ့
မျက်ရေစတွေဝေ ဒို့သမိုင်းညှိးခဲ့ပြီ
ခေတ်သစ်ကိုချီလို့ စစ်ဝါဒီ ဒို့မလိုလားတယ်
ဆန့်ကျင်ကြဟေ့ စစ်ပွဲကိုရှောင်ရှား
ငြိမ်းချမ်းရေးစကား
ငြိမ်းချမ်းရေးသည်....ပထမ
ငြိမ်းချမ်းရေးသည်....ဒုတိယ
ငြိမ်းချမ်းရေးသည်....တတိယ
အမုန်းမှန်သမျှ စွန့်ပစ်ကြ
သံသယဟူသမျှ စွန့်ပစ်ကြ
ငြိမ်းချမ်းရေးသည် အဓိက.....(ငါလိုယောက်ျားပြဿဒါးမရှိ)...

No comments:
Post a Comment