Monday, August 19, 2013

အပူပိုင်းမုန်တိုင်းTrami သည် သြဂုတ် ၂၁ရက်တွင် တိုင်ဖုန်း မုန်တိုင်းအဖြစ်သို့ ရောက်ရှိ


ဝါရှင်တန် သြဂုတ် ၁၈
အပူပိုင်းမုန်တိုင်းTrami သည် သြဂုတ် ၂၁ရက်တွင် တိုင်ဖုန်း မုန်တိုင်းအဖြစ်သို့ ရောက်ရှိကာ ဂရင်းနစ် စံတော်ချိန် ၁၂ နာရီတွင် ထိုင်ဝမ် နိုင်ငံသို့ ဝင်ရောက်မည် ဖြစ်ကြောင်း အမေရိကန် လေတပ်နှင့် ရေတပ် ပူးပေါင်း မုန်တိုင်း သတိပေး ဌာနက ခန့်မှန်းထားသည်။ အဆိုပါမုန်တိုင်းသည်
ကုန်းတွင်းပိုင်းသို့ ဝင်ရောက်စဉ် လေတိုက်နှုန်းမှာ တစ်နာရီလျှင် ၁၂ဝ ကီလိုမီတာ (၇၄မိုင်) အထိ ရောက်ရှိနိုင်ကြောင်း သိရသည်။ ထို့နောက် ၎င်းမုန်တိုင်းသည် သြဂုတ် ၂၂ ရက် ဂရင်းနစ်စံ တော်ချိန် ၆ နာရီ အချိန်တွင် တရုတ်နိုင်ငံ အတွင်းသို့ ဝင်ရောက် တိုက်ခတ်နိုင်ကြောင်း အဆိုပါ မုန်တိုင်းကြိုတင် သတိပေး ဌာနက ထုတ်ပြန်ကြေညာ ထားသည်။ အဆိုပါ မုန်တိုင်းသည် တရုတ်နိုင်ငံ ကုန်းတွင်းပိုင်းသို့ ဝင်ရောက်စဉ် လေတိုက် နှုန်းမှာ တစ်နာရီလျှင် ၁ဝ၁ ကီလိုမီတာ (၆၃ မိုင်)အထိ ရောက်ရှိနိုင်ကြောင်း သိရသည်။ တရုတ်နိုင်ငံ အတွင်း သို့ မုန်တိုင်း ဝင်ရောက် တိုက်ခတ်မှုမှာ ယခုအပူပိုင်း မုန်တိုင်း Trami အပါအဝင် (၁၂)ကြိမ်မြောက် ရှိမည် ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment