Thursday, August 15, 2013

JICA အဖွဲ့အစည်းမှ Mr.Kotaro Kikuchi သည် မြန်မာနိုင်ငံ မွေးမြူရေး လုပ်ငန်း အဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ မြန်မာ့ မွေးမြူရေး လုပ်ငန်းတွင် ကြုံတွေ့နေရသော အခက် အခဲများနှင့် သိရှိလိုသည့် အချက်များကို တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်


ရန်ကုန်   သြဂုတ်   ၁၄
JICA အဖွဲ့အစည်းမှ  Mr.Kotaro Kikuchi သည် မြန်မာနိုင်ငံ မွေးမြူရေး လုပ်ငန်း အဖွဲ့ချုပ်မှ   တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ မြန်မာ့ မွေးမြူရေး လုပ်ငန်းတွင် ကြုံတွေ့နေရသော အခက် အခဲများနှင့် သိရှိလိုသည့် အချက်များကို တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ကြောင်း သိရသည်။
ထိုသို့တွေ့ဆုံ ဆွေးနွေးခြင်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံ မွေးမြူရေး လုပ်ငန်း အဖွဲ့ချုပ်မှ    တာဝန်ရှိသူ တစ်ဦးက ''မြန်မာနိုင်ငံ၏ ပြောင်းလဲလာသော နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေး အခြေအနေများကြောင့် JICA အဖွဲ့အစည်း အနေနဲ့ မြန်မာနိုင်ငံကို မည်သည့် အကူအညီနဲ့ အထောက်အပံ့များကို ပေးပါက အထိရောက်ဆုံး ဖြစ်မည်ကို NGO အဖွဲ့အစည်းများနဲ့ တွေ့ဆုံခြင်း၊ အချက်အလက် စုဆောင်း ကောက် ယူခြင်းများ ဆောင်ရွ က်ပြီးနောက် တွေ့ရှိချက်များကို ဂျပန်နိုင်ငံ JICA ဌာနချုပ်သို့ ပြန်လည် တင်ပြမယ်လို့ Mr.Kotaro Kikuchi က ပြောပါတယ်'' ဟု ပြော ကြားခဲ့သည်။
ထို့အပြင် အောက်တိုဘာလတွင် JICA ၏ အထောက်အပံ့နှင့် ပတ်သက်သည့် အလုပ်ရုံဆွေး နွေးပွဲကို ပြုလုပ်မည် ဖြစ်ကြောင်း၊ ၄င်းအလုပ်ရုံ ဆွေးနွေးပွဲမှ ရရှိလာမည့် အကြံပြုချက် များသည် JICA ၏ အထောက်အပံ့များ ဆိုင်ရာ ပေါ်လစီ ရေးဆွဲရာတွင် ထည့်သွင်းရမည့် အချက်များ ဖြစ်လာမည်ဟု ပြောကြားခဲ့သည်။
မြန်မာနိုင်ငံသို့ အထောက်အပံ့ပေးမည့် JICA ၏ အထောက်အပံ့ အစီအစဉ်တွင် ဂျပန်နိုင်ငံမှ ဘဏ်အဖွဲ့ အစည်းများက မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးဘဏ်များမှ တစ်ဆင့် မြန်မာ့စိုက်ပျိုး မွေးမြူရေး လုပ်ငန်းများ ကို ချေးငွေများ ထုတ်ပေးသွားမည့် အစီအစဉ်လည်း ပါရှိကြောင်း သိရသည်။

No comments:

Post a Comment