ပဲခူးမြစ်ရေ မြှင့်တက်ပြီး အနိမ့်ပိုင်းရပ် ကွက်များ ရေ၀င် ယခုရက်ပိုင်း အတွင်း ပဲခူးမြို့နယ်ရှိ အထက်ချောင်းဖျား ကျေးရွာများ ဖြစ်သော တိုက်ကြီး၊ ဇောင်းတူ၊ ထန်းတောကြီး စသော ကျေးရွာများနှင့် ပဲခူးမြို့၌ မိုးများ ဆက်တိုက် ရွာသွန်းမှုကြောင့် ပဲခူးမြစ်ရေ မြှင့်တက်လာပြီး မြစ်ဘေးရှိ အနိမ့်ပိုင်း ရက်ကွက်များ ဖြစ်သော ကျွန်းသာယာ၊ ဇိုင်း/တောင်၊ ဇိုင်း/မြောက်၊ ကလျာဏီ၊ ရွာသစ်၊ မဇင်းရပ်ကွက်များရှိ လူသွားလမ်းပေါ်တွင် (၁.၈.၂၀၁၃)နေ့ နေ့လည်(၁း၃၀)အချိန်မှ စပြီး ရေများဝင် ရောက်ခဲ့ရာ လူသွားလမ်း များ ပေါ်၌ ရေတစ်ပေခန့် ၀င်ရောက်လျှက်ရှိပြီး ကျွန်းသာယာ ရပ်ကွက်ရှိ လူသွားလမ်းပေါ်တွင် ရေတစ်ပေခွဲခန့်ဝင်ရောက်ခဲ့ရာ လှေများ အသုံးပြုပြီး သွားလာ လျှက်ရှိကြောင်း သတင်းရရှိသည်။
ပဲခူးမြို့ အနိမ့်ပိုင်းရပ် ကွက်များ ရေ၀င်၊ လှေများ အသုံးပြုပြီး သွားလာနေ |
No comments:
Post a Comment