Saturday, August 24, 2013

မြောက်န၀င်း ဆည်မြောင်းနယ်နမိတ်အတွင်း ကျူးကျော်ဟုဆိုကာဖယ်ရှားခိုင်းခြင်းအားဒေသခံများစိတ်သောကရောက်


မြောက်န၀င်း ဆည်မြောင်းနယ်နမိတ်အတွင်း ကျူးကျော်ဟုဆိုကာဖယ်ရှားခိုင်းခြင်းအားဒေသခံများစိတ်သောကရောက်
**********************************************

         ပြည်မြို့ မှ(၂၆)မိုင်ခန့်အကွာ မြောက်န၀င်းဆည်အနီးရှိ ၀က်ထီးကန်တိုက်နယ်၊လွှစင်ကျေးရွာအုပ်စု၊ဆီဆုံကုန်းကျေးရွာရှိ နေအိမ်နှင့်တဲအဆောက်အအုံ(၈၀)ခန့်အား လမ်းနယ်နမိတ်မြေအတွင်း
ခွင့်ပြုချက်မရှိပဲ ကျူးကျော်ဆောက်လုပ်နေထိုင်ခြင်းအား စာအမှတ်၊၀၀၂/ကျူး/လစ  အရ  သြဂုတ်(၂၉)ရက်နေ့နောက်ဆုံးထား ဖယ်ရှားရှင်းလင်းပေးရမည်ဖြစ်ကြောင်းသိရှိရသည်၊
       "လွန်ခဲ့တဲ့နှစ်ပေါင်း(၃၀)ကျော်ကတည်းက ချိုင့်ခွက်တွေ နှင့် တောရိုင်းတွေကို ပြုပြင်ရှင်းလင်းပြီး နေလာတာ အဲအချိန်တုန်းက တားမြစ်တာမျိုးလုံးဝမရှိခဲ့ဘူး အများပြည်သူသွားရေးလာရေးအတွက်
 အခုလမ်းအနေအထားက လုံလောက်မှု့ရှိပါတယ် အခုလိုသာသာယာယာဖြစ်တော့မှ ဆည်မြောင်းဌာနက ဦးတင်စိုး(ဦးစီးအရာရှိ)က လမ်းဘေးဝဲယာကျုးကျော်ဆိုပြီး ဖယ်ရှားခိုင်းတဲ့စာပို့တယ်ဗျာ ဒီနေအိမ်
တွေကို ရွေ့ပြောင်းဖို့အတွက် မြေနေရာအစားထိုးပေးတာလည်း မရှိသလို နစ်နာကျေးပေးတာမျိုးလည်း ဘာမှမရှိပါဘူး အခုလိုစာနဲ့ အကြိမ်ကြိမ်ကျူးကျော်အိမ်တွေ ဖယ်ရှားရမယ်ဆိုပြီး စာအကြိမ်ကြိမ်ရောက်
လာတော့ ဒေသခံတွေလည်း စိတ်သောကအရမ်းကိုရောက်နေရပါတယ်ဟု" ဒေသခံတစ်ဦးဖြစ်သူ ဦးသီဟ ကပြောခဲ့သည်။
         အသိပေးအကြောင်းကြားစာ လာရောက်ပေးပို့သည့် ကိုခင်မောင်မြင့်ဆိုသူအား အဆိုပါကိစ္စရပ်များနှင့်ပတ်သတ်၍ စုံစမ်းမေးမြန်းရာတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် နှင့် ဆည်မြောင်းဦးစီးဌာန ညွှန်ကြား
ရေးမှုးချူပ် ဦးကျော်မြင့်လှိုင်တို့ကိုယ်တိုင် အထက်ပါ ကိစ္စရပ်အား သိရှိကြောင်းပြောဆိုခဲ့သည်ဟု သိရသည်။
        "ကျွန်တော်တို့က တစ်နေ့လုပ်မှတစ်နေ့စားရတယ်ဆိုတော့ အိမ်တစ်လုံးရွေ့ပြောင်းဖို့အတွက် ငွေကြေးလည်းမတတ်နိုင်ပါဘူး ဒီလမ်းမကြီးကို အရင်ကဌာနဆိုင်ရာတွေမပြင်ပေးလို့ ဒေသခံတွေကပဲ ထိမ်းသိမ်း
ပြုပြင်နေလာခဲ့ကြတာပါ။ ဆည်မြောင်းက လုပ်သင့်လုပ်ထိုက်တဲ့အလုပ်ကိုမလုပ်ပဲနဲ့ ပြည်သူတွေရဲ့ အိုးအိမ်တွေကို ဖျက်လို့ဖျက်စီး လုပ်ချင်တဲ့သဘောမျိုးဖြစ်နေတယ်။လူသားချင်း ငဲ့ညာထောက်ထားသင့်ပါတယ်
ဟု"ကိုဖိုးရသေ့ နှင့် ကိုသံမဏိ တို့ကပြောသည်။
        သစ်တောကြိုးဝိုင်း နှင့် ကာကွယ်တောများတွင် နှစ်ပေါင်းကြာမြင့်စွာနေထိုင်လာကြသည့် ကျေးရွာပေါင်း (၁၃၀၀)ကျော်ကိုပင် သစ်တောမြေအဖြစ်မှ ပယ်ဖျက်ပြီး တရားဝင်အခြေချနေထိုင်ခွင့်ပြုထားခြင်းအား
သမ္မတ ရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းမှ သြဂုတ်လ(၁၇)ရက်နေ့တွင် ပြောကြားထားသည်ကို ဂျာနယ်စာဆောင်များတွင် ဖော်ပြထားသည်ကို ဒေသခံများက ပြောကြားခဲ့သည်။
        "ကျွန်မတို့ ဒီဒေသမှာနေလာတာ အနှစ်(၄၀)ကျော်ရှိနေပြီ အဖေကဆည်မြောင်းဌာန၀န်ထမ်းဟောင်းတစ်ဦးပါ (မ၀တ)ခေတ်တုန်းကလဲ အခုလိုကျုးကျော်ဆိုပြီး ဆည်မြောင်းက အိမ်တွေကိုဖျက်ဖို့လာတယ်
အိမ်တွေကိုမဖျက်ရင် မဖယ်ရင် လူတွေကိုဖမ်းဖို့ကားတွေလည်းပါလာတယ် အဲဒါနဲ့ ကျွန်မအဖေ(ဦးဝမ်းမောင်)က (မ၀တ)ဥက္ကဌ ကို ဒေသခံတွေက မြေရိုင်းတွေကိုပြုပြင်ပြီး တောရိုင်းချုံတောတွေကို ခုတ်ထွင်ရှင်း
လင်းပြီးမှ စနစ်တကျနဲ့နေထိုင်ကြတာပါ ကန့်သတ်နယ်မြေကို ကျူးကျော်နေထိုင် နေကြတာမဟုတ်ပါဘူးလို့ ပြောပြတော့(မ၀တ)ဥက္ကဌ က ဒီလွှစင်အုပ်စု ဆီဆုံကုန်းကြီးရွာကို ချမှတ်ပေးထားခဲ့တာပါ နိုင်ငံတော်က
ချမှတ်ပေးထားတဲ့ ဆင်းရဲသားလူတန်းစား ပပျောက်ရေးအတွက်ဆိုပေမဲ့ ဆည်မြောင်းအရာရှိ ဦးတင်စိုးက ပြည်သူတွေကို အိုးမဲ့အိမ်မဲ့ နဲ့ ဒုက္ခရောက်အောင်လူထုကိုဆူပူအုံကြွမှု့ဖြစ်အောင် လုပ်နေတာလား ဗုဒ္ဓဘာသာ
လူမျိုးချင်း ကိုယ်ချင်းစာစိတ်ရှိသင့်တယ် သူတစ်ဦးထဲကပဲ နှင်ထုတ်နေတာ ဒါနဲ့ဆိုရင်(၃)ကြိမ်ရှိပြီ" ဟု ဒေသခံဖြစ်သူ မဖြူ မှပြောခဲ့သည်။
        သြဂုတ်လ(၂၂)ရက်နေ့တွင် တတိယအကြိမ်ဖြစ် (၂၉.၈.၂၀၁၃) ရက်နေ့နောက်ဆုံးထားဖယ်ရှားပေးရန် အကြောင်းကြားစာထပ်မံပေးပို့ကြောင်း နိုင်ငံတော်အကြီးအကဲများ၏ လမ်းညွှန်ချက်များ နှင့် ညီညွှတ်မှု့
မရှိပါဘဲ အောက်ခြေဌာနဆိုင်ရာ အရာရှိများမှ ယခင်လုပ်ဆောင်ချက် မှုအတိုင်းလုပ်ဆောင်နေခြင်းဖြစ်ကြောင်း ယခုကဲ့သို့ ကျူးကျော်နေအိမ်များဟုဆိုကာ ဖယ်ရှားစေခိုင်းခြင်းအား နိုင်ငံတော် သမ္မတကြီးထံ လိပ်မူဤ
အသနားခံစာ ပေးပို့ထားကြောင်း ဒေသခံရွာသားများ၏ ပြောကြားချက်အရသိရသည်။
                                        ပြည်သတင်း.....

No comments:

Post a Comment